Aung Co Oo မွေးမြူရေးသမား · အင်းစိန် 116 1 ဖြေဆို 0 မေးမြန်း လွန်ခဲ့သော ၃ နှစ် က သံဇကာကွက် ပိုက်လုပ်ပါ။ အခင်းက လေးထောင့် စပ်စပ်ဆို ပိုကောင်းပါလိမ့်မည်။ ဘောင်/ကံသင်း တလျောက် ၁၀' - ၁၅' ခြား မြေပေါ် ၂' ခန့် ရအောင် ငုတ် လိုက်စိုက်ပါ။ ငုတ်တိုင် ထိပ်ဖျားမှ မျက်နှာချင်းဆိုင် ဘောင်၏ ငုတ်ထိပ်ဖျားအထိ ကြိုးတန်းပါ။ ကြိုးသည် ငါးမျှားကြိုးအကြည် တမျှင်တည်းကြိုးဖြစ်ရမည်။ ပေ ၂၀၀ ပတ်လည် အခင်းဆိုပါစို့။ အရှေ့ဘောင်မှ အနောက်ဘောင်သို့ ကြိုးတန်း ၂၀၊ တောင်ဘက်ကဘာင်မှ မြောက်ဘက်ဘောင်သို့ ကြိုးတန်း ၂၀ တန်းပါ။ လေတိုက်လျှင် အသံမြည်ပါလိမ့်မည်။ ထိုအသံကိုငှက်ကြောက်ပါသည်။ ဖရဲသီးကို ခွေး၊ကြက်၊ငှက် မဖောက်အောင် ဘယ်လိုကာကွယ်ရမလဲဗျ