အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Mg Zaw Myo

Mg Zaw Myo

တောင်သူ · သာယာဝတီ

1,468
လွန်ခဲ့သော ၁၀ လ က

ထိုးပီးသားထယ်က မနက်ဘူးဗျ ထယ်ပြန်ထားတာပါ အဲ့လိုဆိုရင်ရော ကားကြီးနဲ့ဖုံးဖို့အဆက်ပြေလားဗျ

မဂ်လာပါ တောင်သူဦးကြီးနှင့်ဆရာကြီးတို့ရေ မေးခွန်းလေးမေးချင်လို့ပါ စာရှည်သွားရင်ကြိုတောင်းပန်ပါတယ် ထယ်ထိုးပီးသားလယ်ကို ပဲကြီးပီးမှ ကားကြီးနဲ့အပေါ်ကဒလက်ရိုက်ချင်တာ အဆင်ပြေနိုင်လောက်လားဗျ ဒယ်ထိုးပီးသား ပဲ ကြဲရိုက်ချရင်ဒယ်ရေးနစ်သွားပီး ပဲအပေါက်အမှာဆိုးတယ် လက်ကီးဓားကြမ်းနဲ့အရင်စိတ် အဲ့ပေါ်ပဲကဲ ပီးမှကားကြီးဒလက်အပေါ်ကဖုံးရင်ရော စိတ်ရှည်စွာနဲ့ဖြေပေးကျပါသောဆရာကြီးတို့အားကျေးဇူးတင်ပါတယ်

ပဲတီစိမ်းစိုက်ပျိုးနည်း
လွန်ခဲ့သော ၁၀ လ က

ကျေးဇူးပါဗျ

ဆရာကြီးတို့ခဗျာ 7-11-2025 မြန်မာလိုတန်ဆောင်မုန်းလပြည့်ကျော် ၃ရက်ရောက်နေပီဗျာ မိုးကမကုန်သေးဘူး မြေတေလဲမခြောက်ရေတေလဲမထွက် ဖစ်နေတယ် ပဲစိုက်ဖို့ကဘယ်ချိန်ဘယ်လထိ စိုက်ပျိုးနိုင်လဲဗျ ပဲတိီစိမ်း မတ်ပဲ ဘယ်ပဲကခုရာသီနဲ့ပိုအဆင်ပြေနိုင်လဲဖြေပေးပါအုံးဗျ

မတ်ပဲစိုက်ပျိုးနည်း
လွန်ခဲ့သော ၁ နှစ် က

နောက်ဆုံးထပ်ပတ်ချင်တာဗျ

ဆရာကြီးတို့ရေ ကျတော့် ဗီယက်နမ်စပါးမျိုး အသက် ၄၈သား ဖစ်နေပါပီ မြေသြဇာ ကျွေးချင်လိူ့ပါ ၁၅း၇း၈နဲ့၃၃း၁၂S ရောပီးကျွေးချင်တယ် ဘယ်နှစ်ရက်သားမှာ ကျွေးရမလဲဖြေပေးပါအုံးဗျ

စပါးမြေသြဇာကျွေးနည်း
လွန်ခဲ့သော ၁ နှစ် က

ဟုတ်ကဲ့ ကျေးဇူးပါ

ဆရာတို့ရေ ပုံပါဆေးက ဆစ်ပိုးနိုင်လောက်လားဖြေပေးပါအုံး အီပိုပီလီ အတွက်ပါ အီပိုပီလီနဲ့ရော့ကက် တွဲဖျန်းလိူ့ရလား နှစ်မျိုးလုံးဖြေပေးပါနော်

စပါးဆစ်ပိုး
လွန်ခဲ့သော ၁ နှစ် က

ေကျးဇူးပါဖြေပေးလို့

မိုးစပါးအတွက် မြေဆီကျွေးချင်လို့ပါ မြေဆီစျေးတေကလဲကြီးတော့ လျော့သုံးချင်တယ်ဗျာ တစ်ဧကကိုဘယ်နှစ်ပြည်နှုန်း ကျွေးရမလဲဗျ ဖြေပေးပါအုံးဗျာ ပီးတော့လဲ ယူရီးယား ၄၆%မရဘူးဗျ N 33. S12တေပဲရတယ် အဲ့မြေဆီတေရောကောင်းလားဗျ ဖြေပေးခဲ့ပါအုံးနော် မေးခွန်းရှည်သွားရင်တောင်းပန်ပါတယ်ဗျ

စပါး မြေသြဇာနှုန်းထားများ
လွန်ခဲ့သော ၁ နှစ် က

ဆရာရေ glyphosateကစပါးတေမထိဘူးလားဗျ

မေးခွန်းတေကိုဖြေဆိုနေတဲ့ဆရာအပေါင်းတို့ရေ မဂ်လာပါဗျာ ကျတော်စပါးခင်းတေက မြက်သီးတေက ဘာဆေးဖျန်းဖျန်းမသေဘူးဖစ်နေတယ် နည်းလမ်းကောင်းလေးညွှန်ပေးပါအုံး မြက်သီးမျိုးစိပ်တေကွဲပြားနေတာလဲတွေ့ရပါတယ်

စပါးပင်နှင့်ပေါင်းမြက်
လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးပါ ဆရာ

ဆရာတို့ရေ ဖြုတ်တော့မကျပါဘူး ပိုးသတ်ဆေး မှိုဆေးဝင်ဖျန်းဖို့ လေကြောင်းခွဲချင်လို့အဆင်ပြေမလားဗျ လေကြောင်းခွဲရင် ကောင်းကျိုးဆိုးကျိုးလေးပြောပြပါ ကျေးဇူးပါ

စပါးခင်း လေဝင်လေထွက်ကောင်းအောင်လုပ်ဆောင်ခြင်း
လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးပါ အမြစ်ဆင်းကောင်းတာနဲ့ အပင်ပွားအောင် ဘယ်ချိန် လုပ်သင့်လဲ ဆရာပြောပြပါအုံး ကျတော်ကခုနွေမှလယ်စလုပ်မှာမို့လို့ပါ

နွေစပါးစိုက်မှာမို့ ပုံပါဆေးက အပင်ပွား အမြစ်ပွားရန် သုံးလို့ရလားဗျ ဘယ်ချိန်တေမှာသုံးသင့်လဲဖြေပေးကျပါအုံး ဆရာကြီးတို့ရေ

စိုက်ပျိုးဗဟုသုတ
လွန်ခဲ့သော ၂ နှစ် က

ဆရာရေ ဆရာပြောတဲ့ဂျစ်ဆန်နဲ့ပိုတက်ချ် မသုံးဖူးဘူးဗျ ပုံလေးရိုက်ပို့ပါလားဗျာ

ဆရာကြီးများတို့ရေ ကျတော်စပါးခင်းလေးကြည့်ပီး ဘာဖစ်တယ် ဘာဆေးဖျန်းသင့်လဲညွှန်ကျပါအုံးဗျာ ရွက်ဖျားလေးတေကခြောက်ပီး ပေါင်းကြီးအမြန်ဖျန်းထားသလိုပဲဗျာ ၁၃ရက်သားပါ ဖြေပေးကျပါအုံးဗျာ

စပါးပင်နှင့် ကျောက်မှုန့်မြေသြဇာ
လွန်ခဲ့သော ၂ နှစ် က

မှိုကပ်နေတာဖစ်မယ်😁

ဆရာရေ ကောင်မလေး ရနိုင်မဲ့နည်းလမ်းပေးပါ👏

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။