ဉာဏ်မျိုးဇော်
စိုက်ပျိုးရေးပညာရှင် · ကလော
မာလာမြိုင်မှာရှိတယ် ရောစရာမလို ပိုးအတွက် တိုက်ဂါး ရောဂါက ပိရမစ် လုပ်ကြည့်ပါ အဆင်ပြေစေရမယ်ဗျ
မင်္ဂလာပါ ပဲတီစိမ်းမှာ သံချေး၊ ရွက်ပြောက်ရောဂါ အနည်းငယ် နှင့် ပွင့်ထွေးရှိနေပါတယ်။ ရောဂါအတွက် Difenoconazole 15%+Propiconazole 15% EC မှိုဆေးဖျန်းပါတယ်၊ ၅ရက်လောက်ခြားပြီး Acephate 75% + သီးပွင့်အားဆေးဖျန်းထားပါတယ်။ မေးချင်တာက ရောဂါထပ်မဖြစ်အောင်(အရွက်သစ်မှာ အနည်းငယ်ပြန်တွေ့) နှင့် ပွင့်ထွေးနိုင်ချင်လို့ hexaconazole+Lambda Cyhalothrin 5%+Fipronil 5% တွဲဖျန်းလို့ရလားသိချင်လို့ပါ ။ တခြားသင့်တော်တာရှိရင်လဲအကြံပြုစေချင်ပါတယ်ခင်ဗျ။ ကျေးဇူးပါ
အပွင့်အညှာနှင့် ရိုးတန်ကြားခြောက်သည့် အပင်တွေကို ခုတ်ပါဗျ
နေကြာအပွင့်မဆုံသေးဘူး အပွင့်ဆုံရင် ရက်ဘယ်လောက်ကြာမှ ခုတ်ရမလဲ(ရိတ်ရ၊ခူးရမလဲ)ဗျ။
မာလာမြိုင် အမ်ဒိုမေး ဆိုပြီးဝယ်ဖျန်းထားလိုက်
ဆောင်းမြေပဲ စိုက်တော့ ရေသွင်းလို့မရဘူး စပါးသိမ်းပီး အဲ့မာမြေကိုညက်အောင်ထွန် နေလှန်းစိုက်ကြတာ မြေစိုရင် အပင်တွေအောက်အလက်အရွက်တွေဝါပြီး အရွက်ကြွေကုန်တယ်ပြောကြတယ် မြေအစို စံတစ်ခုရှိသင့်လား ဘယ်လောက်အစိုရှိသင့်ပါလဲဆရာ
ပဲဆိုတော့ မာလာမြိုင် ပိရမစ်ကို 20cc/4gl ကိုဖျန်းပါဗျ
သံချေး။ ရွက်ပြောက် ဖာဥမှိုကျနေလို အကောင်းဆုံးAiအတွဲကို ပညာရှင်များညွန်ပြ ပေးပါအုံးခင် ဗျား
Mမက်တင်+Mမီဒါ70wp ဆို ရနေပါပြီ ပင်လုံးပြန့်တွေပါ
ပွင့်ထွေးပိုးကို ဘာAiတေနဲတွဲးဖျန်းရမလဲဗျ ပွင့်ထွေးမကျခင် ဘလိုဆေးမျိုးတေသုံးသင့်လဲဆိုတာ မျှဝေပေးပါအုံးဆရာသမားများ
အမ်ကာဘို+တိုက်ဂါး မာလာမြိုင်ကပါ ဖျန်းကြည့်ပါ ဆေးဖျန်းပုံး ပါဝင်ဂါလံကိုကြည့်ပြီး နှုန်းပြောင်းလွဲ ထည့်သုံးပေးပါခင်ဗျ
ငမြောင်တောင်ကျနေတာ ညဘက်ပတ်မလို့ အကောင်ကတော့ ကြီးနေပြီ လမ်ဘဒါဆိုင်ဟေလိုသရင်း+အီမာမက်တင် ပေါင်းထားတဲ့ဆေး ပတ်သင့်လား အီမာမက်တင်တစ်မျိူးဘဲပတ်ရမလား အရင်တစ်ခါခေါက်ကအီမာမက်တင်ပတ်ထားပါတယ် ပြီးတော ့ အရင်က အီမာ+လမ်ပဒါအပင်ငယ်စဥ် တစ်ခါသုံးဖူးပါ တယ် လမ်ပဒါပယတဲ့ဟာပတ်ရင်အပွင့်ကြွေနိုင်လား ဗျ
ရေငတ်နေတာပါ
ငရုတ်ပင်ပုံထဲကလို ညှိုးပြီးသေတာကို Chlorothalonil(ကလိုရိုသာလိုနေးလ်၊Metalaxyl(မီတာလဇီး) ဖျန်းလို့ရလားခင်ဗျာ
ဆိုက်ပါမီသရင်အုပ်စုတွေ မဖျန်းပါနှင့်ဗျ
ခရမ်းချဥ်ပင်လေးက အပွင့်ပွင့်ပြီး အသီးမတင်ဖြစ်နေပါတယ်ဗျာ ဆရာတို့နည်းလမ်းလေးပေးကြပါဗျာ။ ဘယ်လိုလုပ်ရပါမလဲ?
ဘိုကာရှီ၊ သဘာဝမြေဩဇာ ကျွေးပေးပါ မာလာမြိုင်ဟိုက်ပါဂရိုးဖျန်းပေးပါ
ကွမ်းပင် တစ်ချို့အပင်လေးတွေ အပင်မထဘူး ဖြစ်နေတယ် ဘာကြောင့်လဲဆရာတို့
မာလာမြိုင် ပိရမစ် သုံးကြည့်ပါ ဗျ
ပဲတီစိမ်း ရက် ၄၀ အရွယ် အပင်တွေရဲ့ အောက်ဘက် အရွက်တွေမှာ အခုလို ရောဂါကျနေလို့ပါ။ သံချေးမှိုရောဂါလား၊ ဆာကိုစပိုရာရောဂါလား၊ ဘတ်တီးရီးယားရောဂါလား မခွဲတတ်လို့ ဘာဆေးဖြန်းရမလဲ မသိဖြစ်နေပါတယ် ဆရာတို့ ဆရာမတို့။ ရောဂါမကျသေးတဲ့ လယ်ကွက်တွေကို ကာကွယ်ဆေးနဲ့ ရောဂါကျနေတဲ့ လယ်ကွက်တွေကို ကုသဆေးလေး ကျေးဇူးပြုပြီး ညွှန်ကြားပေးပါအုံး ခင်ဗျာ။