Ko Myo Myat Aung
တောင်သူ · ချမ်းမြသာစည်
အပင်အောက်ခြေမှာ အစိုဓာတ် ရှိနေရုံမျှသာ မနက်တစ်ကြိမ် ညနေတစ်ကြိမ် လောင်းပေးသင့်ပါတယ်ခင်ဗျာ အစိုဓာတ်ထိန်းသိမ်းခြင်းအနေနဲ့ အပင်ခြေတွင် ကောက်ရိုးများဖြင့်လဲ ဖုံးအုပ်ပေးထားနိုင်ပါသည်
အခုလိုနွေရာသီမှာ နံနံပင်တွေ့ ရေများများလောင်းရင်ကောင်းလာ၊နည်းနည်းလောင်းရင်ကောင်လား၊ဘယ်အချိန်းလောင်းသင့်လဲ
မင်္ဂလာပါ ကိုထွန်းလင်းရေ ဒီနည်းလမ်းလးေတွ အကြံပြုေပးချင်ပါတယ်ဗျ ၁။ နွေရာသီမှာ မြေကြီးခြောက်သွေ့သွားရင် အပင်က မျိုးပွားဖို့အတွက် ပန်းပွင့်ဖို့ အလျင်စလို ကြိုးစားတတ်ပါတယ်။ ဒါကြောင့် မြေအောက်ခြေအထိ အစိုဓာတ်ရှိနေအောင် မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ရေလောင်းပေးပါဗျ ၂။ အပင်ခြေနားမှာ ကောက်ရိုး သို့မဟုတ် မြက်ခြောက်လေးတွေ အုပ်ပေးထားခြင်းဖြင့် မြေကြီးအပူချိန်ကို လျှော့ချနိုင်ပြီး အစိုဓာတ်ကို ကြာရှည်ထိန်းထားနိုင်ပါတယ်။ ၃။ ထိန်းသိမ်းစောင့်ရှောက်နည်း အပင်ခပ်စိပ်စိပ်စိုက်ပါ: အပင်လေးတွေ တစ်ပင်နဲ့တစ်ပင် နီးကပ်စွာရှိနေရင် သူတို့ရဲ့ အရွက်တွေက မြေကြီးကို အရိပ်ရစေလို့ မြေအပူချိန် လျော့နည်းစေပါတယ်။ ၄။ အရွက်ထွက်ကောင်းအောင် နိုက်ထရိုဂျင် (Nitrogen) ပါဝင်မှုများတဲ့ သဘာဝမြေသြဇာ သို့မဟုတ် ကွန်ပေါင်းမြေသြဇာ အနည်းငယ်ကို ၂ ပတ်တစ်ကြိမ် ကျွေးနိုင်ပါတယ်။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိပါသည်စိုက်ပျိုးရေး တောင်သူလယ်သမားများအား လေးစားလျှက်ပါ
ခုလိုပူတဲ့ရာသီမှာနံနံကိုဘယ်လိုစိုက်ပျိုးလို့ရပါသလဲ? စိုက်ပျိုးမူ့ကရောဖြစ့ထွန်းနိုင်ပမလား? အကြောင်းရာလေးပြောပြပေးစေချင်ပါတယ်ဗျ။