Nyane Chan Aung စိုက်ပျိုးရေးပညာရှင် · အောင်လံ 233 1 ဖြေဆို 0 မေးမြန်း လွန်ခဲ့သော ၅ နှစ် က ယူရီးယား အလုံးကြီးမှာ အရွယ်အစားအားဖြင့် ၁လုံးလျှင် ၁.၈ဂရမ် နှင့် ၂.၇ ဂရမ် ဆိုပြီး ၂မျိုးရှိပါတယ်ခင်ဗျ။ လူကြီးမင်းအသုံးပြူလိုသော ပြောင်းတွင် သုံးမည် ဆိုပါက ၂.၇ ဂရမ် အလုံးကြီးဆိုဒ်ကို ပြောင်းပင် ၁လ သားတွင် ပင်ခြေနှင့် ၆ လက်မ အကွာ မြေကြီးအတွင်းသို့ ၄ လက်မအနက်ခန့်ရောက်အောင် ထည့်ပေးရပါမယ် ခင်ဗျာ။ ၁ပင်လျှင် ယူရီးယား အလုံးကြီး ၂.၇ ဂရမ် ၁လုံးနှုန်း ထည့်ပေးဖို့လိုအပ်ပါတယ် ခင်ဗျာ။ ယူရီးယား အလုံးကြီး မှာယူလိုပါက ဦးဉာဏ်ဝင်းဖြိုး ကန်ကြီးထောင့် ဖုန်း 09422489172 နဲ့ ဦးသန်းဦး ကျိုက်ပိ ဖုန်း 09794906257 ထံမှာ မှာယူနိုင်ပါတယ် ခင်ဗျာ။ Crd; ကိုမျိုးမင်းကျော် (BAg-2007) ယူရီးယားကို အလုံးကြီး လုပ်ပြီး စပါးခင်းမှာ မြှုပ်တာက ယူရီးယားအကုန်သက်သာပြီး အကျိုးရှိစေတယ်လို့ ဆိုပါတယ်၊ ပြောင်းခင်းမှာကော မြှုပ်လို့ရလား၊ ဘယ်လိုမြှုပ်ရသလဲနဲ့ အလုံးကြီးရအောင် ဘယ်လိုလုပ်ရသလဲ သို့မဟုတ် အလုံးကြီးလုပ်တဲ့ စက်ဘယ်မှာဝယ်ရသလဲဆိုတာ သိချင်ပါတယ်ခင်ဗျာ။ ယူရီးယားအလုံးကြီး ပြောင်းမြေသြဇာကျွေးခြင်း