Thet Htar Zin
တောင်သူ · ဂွ
အပင်ရဲ့ အာဟာရလိုအပ်ချက်ပေါ်မူတည်ပြီး မြေဩဇာကျွေးပေးသင့်ပါတယ် မြေသြဇာနှုန်းထား ကြက်သွန် စိုက်ပျိုးသော မြေအခြေအနေပေါ် မူတည်၍ မြေသြဇာ အသုံးပြုမှု ကွာခြားသည်။ သဲမြေတွင် နွားချေး ပိုသုံးရမည်။ ယေဘူယျအားဖြင့် တစ်ဧက အတွက် လိုအပ်သော မြေသြဇာမှာ-- ယူရီးယား - ၂အိတ် တီစူပါ - ၂အိတ် ပိုတက်ရှ် - ၁အိတ် ယူရီးယား ဓာတ်မြေသြဇာက ပျိုးပင်များ ပြောင်းစိုက်ချိန်တွင် တစ်ဝက် ထည့်သွင်းပြီး ကျန်တစ်ဝက်ကို စိုက်ပြီး တစ်လကြာတွင် ထည့်ပေးရမည်။ အသေးစိတ်ကို ဖော်ပြပါစာတန်းကိုနှိပ်ပြီး လေ့လာကြည့်ပါ ကြက်သွန်နီ စိုက်ပျိုးနည်း /////ကြက်သွန်နီတွင် လိုအပ်သော အာဟာရဓာတ်များ
ကြက်သွန်မှာသြဇာသုံးစွဲရင်ဘယ်လိုအမျိုးမည်နဲ့ဘယ်သြဇာတွေကသင့်တော်လဲဗျ
ကြက်မောက်သီး စိုက်ပျိုးနည်း စာတန်းကို နှိပ်ပြီး လေ့လာနိုင်ပါတယ်
စိုက်ပျိုးနည်း
ပဲယင်းစိုက်ပျိုးနည်း စာတန်းလေးကိုနှိပ်ပြီး လေ့လာကြည့်ပါ
ဧရာဝတီတိုင်းလေးမျက်နှာမြို့နယ်တွင်စိုက်ပျိုးရန်စိုက်ပျိုးနည်းတင်ပေးပါ။
လှေးနဲ့ ယင်ဖြူအတွက် အဝါရောင်စေးကပ်ထောင်ချောက် ကို အသုံးပြုပြီးကာကွယ်နိုင်ပါတယ် စေးကပ်ထောင်ချောက်များအား အကျိုးရှိရှိအသုံးပြုခြင်း အပြည့်အစုံကို စာတန်းလေးကိုနှိပ်ပြီးလေ့လာကြည့်နိုင်ပါတယ်
လှေနဲ့ယဥ်ဖြူအတွက်ဘာဆေးသုံရမလဲ
သစ်ခွများကို ပွင့်စေခြင်း (၁) သစ်ခွများကို ပွင့်စေခြင်း (၂) သစ်ခွများကို ပွင့်စေခြင်း (၃) စာတန်းလေးတွေကို နှိပ်ပြီး လေ့လာကြည့်ပါ ရှင်
ပန်ဖွင့်အောင်ဘယ်လိုလုပ်ရလဲ့
ဟုတ်ကဲ့ ၊ အရွက်ခြောက်နေတာတဲ့ဟာလေးတွေကို ဓါတ်ပုံရိုတ်ပြပါ့လား
ပန်းမပွင့်လို့ပါ အရွက်အဖျားလေးခြောက်ပြီးအရွက်တွေကြွေလို့ပါ အခြားအလှစိုက်အပင်တွေလည်းအဲလိုဖြစ်နေလို့ပါ
"ခရမ်းချဉ်သီး ကို ကြာကြာအထားခံ အောင် ဒီလိုလုပ်ပါ" ခရမ်းချဉ်စိုက်တောင်သူများ အများဆုံးတွေ့ကြရတာက အသီးပေါ်ချိန် အခြားမြိုများက အသီးတွေ ဝင်လာလို့ ဈေးအဆမတန်ထိုးကျခြင်းပါ။အဲဒီအချိန်မှာ စိတ်ပျက်ပြီး အလကားပေးပစ်ရတာတို့၊ ကျွဲနွားဝက်တွေ ကျွေးပစ်ရတာမျိုး ကြုံဖူးကြမှာပါ။ နောက်တစ်လ နှစ်လကြာလို့ ဈေးပြန်တက်တဲ့အ ခါ ရောင်းစရာ အသီးက မရှိဖြစ်တတ်ကြ ပါတယ်။ ခရမ်းချဉ်သီးက အသီးပျော့အမျိုးအစားနဲ့ ရေပါဝင်မှု များတာကြောင့် ကြာကြာထားရင် အလေးချိန်၊ အရောင်နဲ့အသီးအရည်အသွေး ကျတတ်ပါတယ်။ ခရမ်းချဉ်သီး သိုလှောင်နည်းအမျိုးမျိုး ခရမ်းချဉ်သီးကို အချို့က အခိုင်လိုက်ဝါးတန်းမှာချည်ထားကြပါတယ်။ အချို့က သဲခင်းပြီးဖြန့်ကြပါတယ်။ အချို့တိုင်းပြည်များမှာတော့ အအေးခန်းထဲမှာ အပူချိန်၂၀ စင်တီဂရိတ် လောက် ပေးပြီး သိုလှောင်ကြပါတယ်။ အထက်ပါနည်းတွေထက် ကောင်းတဲ့နည်း ကိုပြောပြပါမယ်။ လိုအပ်တဲ့ပစ္စည်းက မီးဖိုက ပြာပါ။ သစ်ရွက်၊အမှိုက်၊ကောက်ရိုး၊သစ်သား၊ အုတ်ဖုတ်တဲ့နေရာကပြာ အားလုံးရပါတယ်။ စပါးခွံပြာက အမှုန့်မဟုတ်ရင် လေဝင်လေထွက်ကောင်းလွန့်လို့ သိပ်အဆင်မပြေပါ။ဘာလို့လဲဆိုတော့ ခရမ်းချဉ်သီးက လေထဲကအောက်စီဂျင်ရလေ မြန်မြန်မှည့်လေ၊ကြာကြာအထားမခံလေ ဖြစ်တတ်ပါတယ်။ အသီးမှည့်ချိန်မှာ ပုလဲများများ ကျွေးရင် ကြာကြာအထားမခံပါဘူး။ပိုတက်၊ကယ်လစီယမ်၊ဘိုရွန် စတဲ့မြေသြဇာတွေ ကျွေးပေးရပါတယ်။ ကြာရှည် သိုလှောင်မယ့်အခင်းကို မခူးခင်တစ်ပတ်လောက် ရေဖြတ်ထားပါ။ သိုလှောင်မယ့်အသီးကို ဝင်းရောင်လာတဲ့အချိန်မှာ ခူးပါ။ အမှည့်လွန်အသီးမဖြစ်ဖို့လိုပါတယ်။ အနာအဆာတွေ ၊ပိုးပေါက်တွေ၊ ပျော့အိနေတဲ့အသီးတွေရွေးဖယ်ပါ။ အညှာတွေ ခြွေပစ်ပါ။ သေတ္တာသို့မဟုတ် တောင်းထဲကို သတင်းစာစက္ကူ ခင်းပါ။ဘေးနံရံတွေကိုလည်း ကာထားပါ။ အမှိုက်သရိုက်တွေခဲလုံးတွေ မပါအောင်ဇကာချထားတဲ့ ပြာကို လက်နှစ်လုံးလောက် အထူခင်းပါ။ ခရမ်းချဉ်သီးကို အညှာဘက်ကို အောက်ဘက်ထားပြီး စီပါ။အသီးချင်း နည်းနည်းခွာထားတာပိုကောင်းပါတယ်။ စီပြီးရင ်ျပာလက္နွစ္လုံး အထူရေအာင္ဖုံးပါ။ ခရမ်းချဉ်သီး တစ်ထပ် ပြာတစ်ထပ်စီသွားပါ။ နောက်ဆုံးအထပ်မှာ ပြာနဲ့အုပ်ပါ။စက္ကူနဲ့ထပ်အုပ်ပေးရပါမယ်။ပြီးရင်အပေါ်က သေတ္တာအဖုံးရိုက်ပြီး အေးမြခြောက်သွေ့တဲ့ အရိပ်အောက်မှာ ထားလိုက်ပါ။ အနည်းဆုံးသုံးလကနေ ခြောက်လအထိ အထားခံတယ်လို့ဆိုပါတယ်။ ***(အချို့မျိုးတွေမှာ အသီးထဲတင် အစေ့ကအညှောင့်ပေါက် တာတော့ရှိပါမယ်) ဒီနည်းလေးဟာ ငှက်ပျောပင်အောက်ကပြာတွေထဲမှာ ရောက်နေတဲ့ ခရမ်းချဉ်သီးတွေ ကြာကြာအထားခံတာကို အမှတ်မထက်တွေ့ရှိခဲ့တဲ့ တောင်သူတစ်ယောက်ရဲ့အတွေ့အကြုံကနေ ပညာရှင်တွေ သုတေသနပြု လုပ်ပြီး ပြန့်ပွားလာတဲ့နည်းလေးဖြစ်ပါတယ်။ အောက်မှာလင့် ပေးထားပါတယ်။ ကဲ😃 ဈေးတက်တဲ့အချိန်မှာ ရောင်းချင်ရင် ဒီလိုလေး လုပ်လိုက်ရုံပါ။ စိုက်ပျိုးရေးကို စိတ်အေးချမ်းသာစွာ လုပ်နိုင်ကြပါစေ။ Ref: http://wire.farmradio.fm/.../burundi-farmer-finds-new... Know More,Grow More Aung KO Latt@စိုက်ပျိုးရေးကမ္ဘာ
ခရမ်းချဉ်သီး ကြာကြာ အထာားခံအောင် ဘယ်လိုထားရမလဲ ဆရာသို့ခင်ဗျာ ကျေးဇူးပြု၍ဖြေပေးေဧခြင်ပါတယ်
ဒီလ မစိုက်ပါနဲ့ဦး ။ ပဲတီစိမ်း စိုက်ပျိုးခြင်း စာတန်းလေးကို နှိပ်ပြီး အသေးစိတ် လေ့လာနိုင်ပါတယ်နော်
ပဲတီစိမ်းကိုယခုလစိုက်လိုရလား
မစိုက်မီ (၂)ပတ် ပျိုးထောင်ခြင်း အပေါက်(၆၀)ပါသော ပျိုးဗန်းကိုအသုံးပြုပါ။ ပျိုးမြေအဖြစ် ရိုးရိုးမြေ၊ နွားချေးအဆွေးနှင့် ဖွဲပြာတို့ကို ဆတူရောစပ်ပြီး အသုံးပြုနိုင်ပါသည်။ ပျိုးပေါက်(ခွက်)တွင် တစ်စေ့စိုက်ပါ။ အပင်အမြှင့်(၄)လက်မ (သို့) အရွက် ၄-၅ရွက် ရှိလျှင် ရွှေ့ပြောင်းစိုက်နိုင်သည်။ အစိုဓါတ်ရှိသော မြေသည် ပြုပြင်ရလွယ်သည်။ နံနက်ပိုင်းအပင်များကို ရေလောင်းပါ။
ပျိုးထောင်ပုံအဆင့်ဆင့်
ဘာပိုးကျတာပါလဲ
ပိုးက်