အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မင်းသူသူကို

မင်းသူသူကို

တောင်သူ · ကျောက်ဆည်

27,452
လွန်ခဲ့သော ၈ နှစ် က

ကြက်ဟင်းခါးစိုက်ပျိုးနည်းကိုအောက်ပါလင့်မှာလေ့လာပေးပါ https://greenwaymyanmar.com/posts/cultivation-of-bitter-grourd ကန်စွန်းရွက်စိုက်ပျိုးနည်းကိုဆောင်းပါးတစ်ပုဒ်အနေဖြင့်တင်ပေးသွားပါ့မယ်ခင်ဗျာ

ကန်စွန်းရွက် စိုက်ပျိုးနည်းနဲကြက်ဟင်းခါးပင်ဘယ်လိုစိုက်ကလည်အလင်ပြပေပါ

လွန်ခဲ့သော ၈ နှစ် က

ကြက်ဟင်းခါးစိုက်ပျိုးနည်းကိုအောက်ပါလင့်မှာလေ့လာပေးပါ https://greenwaymyanmar.com/posts/cultivation-of-bitter-grourd ကန်စွန်းရွက်စိုက်ပျိုးနည်းကိုဆောင်းပါးတစ်ပုဒ်အနေဖြင့်တင်ပေးသွားပါ့မယ်ခင်ဗျာ

ကန်စွန်းရွက် နှင်ကြက်ဟင်စိုက်ပျိုနည်လေသိချင်ပါတယ်

လွန်ခဲ့သော ၈ နှစ် က

ယူရီးယားအဖြစ် မြေပုံတစ်ပုံတွင် မြေဆွေး ၃ပိဿာ၊ ယူရီးယား ၃ကျပ်သား၊ တီစူပါ ၂ကျပ်သား၊ ပိုတက်ရှ် ၁ကျပ်သား ထည့်သွင်းစိုက်ပျိုးပြီး ကိုင်းစဖြာထွက်လာသော် မြေဆွေး ၃ပိဿာ၊ နိုက်ထရီဂျင် ၁၅ကျပ်သား၊ ပိုတက်စီယမ် ၁၀ သား ထပ်မံ ကျွေးရပါမည်။ ကိုးကား-လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

လိုအပ်တဲ့အာဟာရဘယ်လိုပါလဲ

လွန်ခဲ့သော ၈ နှစ် က

ပျိုးသက် ၈-၁၂ တွင် ကောက်စိုက်ရမည်။ အရွက် ၂-၃ ရွက်သားအချိန်ဖြစ်သည်။ ဤအချိန်စိုက်လျှင် အမြစ်ထွက် အားနှင့် အပင်ထွက်အား ကောင်းစွာရရှိမည်။ ကောက်ချက် တစ်နေရာလျှင် တစ်ပင်သာ စိုက်ရမည်။ ပင်ကြားတန်းကြား ၁၀ လက်မစီခွာပြီး စတုရန်းပုံ စိုက်ရမည်။ တမန်းနှိုးပေါင်းထိုးကိရိယာဖြင့် ပေါင်းနှိမ်နင်းရမည်။ ပေါင်းကိုသတ်သလို မြေဆွတမန်နှိုးကိစ္စလည်း ပြီးစီးသွား မည်။ စပါးခင်းကို ရေအမြဲထည့်မသွင်းထားရ။ စိုတလှည့်၊ ခြောက်တလှည့် ရေအသွင်းအထုတ် ပြုလုပ်ပေးရမည်။ မြေသြဇာအဖြစ် သစ်ဆွေး၊ တိရစ္ဆာန်ချေး၊ တီမြေဆွေး စသည်များကို လုံလောက်အောင်ထည့်ပေးရမည်။ အသေးစိတ်လုပ်ကိုင်ဆောင်ရွက်ပုံ စပါး အစွမ်းရှိစိုက်ပျိုးနည်းစနစ်သည် အသစ်အဆန်းနည်းစနစ်တစ်ခု မဟုတ်ပါ။ စီမံဆောင်ရွက်လုပ်ကိုင်ပုံကို ပြောင်းလဲလိုက်ခြင်းသာ ဖြစ်သည်။ စပါးအပင်၏ ဗီဇအစွမ်းရှိသလောက် အပြည့်အဝထွက်ပေါ်လာအောင် မြေနှင့် ရေ ပတ်ဝန်းကျင်အခြေအနေကို ဖန်တီးပေးလိုက်ခြင်းသာဖြစ်သည်။ အောက်ပါအတိုင်း လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် စပါးပင်၏ ဗီဇအစွမ်းရှိသည်လောက် အထွက်ကို ရရှိလာမည် ဖြစ်သည်။ ဆောင်းပါးအပြည့်အစုံကိုအော့က်ပါလင့်ခ်မှာလေ့လာပေးပါခင်ဗျ https://greenwaymyanmar.com/posts/SRI-growing-practices

SRI စပါးစိုက်ပျိုးနည်း

စပါးစိုက်ပျိုးနည်း
လွန်ခဲ့သော ၈ နှစ် က

ပျိုးသက် ၈-၁၂ တွင် ကောက်စိုက်ရမည်။ အရွက် ၂-၃ ရွက်သားအချိန်ဖြစ်သည်။ ဤအချိန်စိုက်လျှင် အမြစ်ထွက် အားနှင့် အပင်ထွက်အား ကောင်းစွာရရှိမည်။ ကောက်ချက် တစ်နေရာလျှင် တစ်ပင်သာ စိုက်ရမည်။ ပင်ကြားတန်းကြား ၁၀ လက်မစီခွာပြီး စတုရန်းပုံ စိုက်ရမည်။ တမန်းနှိုးပေါင်းထိုးကိရိယာဖြင့် ပေါင်းနှိမ်နင်းရမည်။ ပေါင်းကိုသတ်သလို မြေဆွတမန်နှိုးကိစ္စလည်း ပြီးစီးသွား မည်။ စပါးခင်းကို ရေအမြဲထည့်မသွင်းထားရ။ စိုတလှည့်၊ ခြောက်တလှည့် ရေအသွင်းအထုတ် ပြုလုပ်ပေးရမည်။ မြေသြဇာအဖြစ် သစ်ဆွေး၊ တိရစ္ဆာန်ချေး၊ တီမြေဆွေး စသည်များကို လုံလောက်အောင်ထည့်ပေးရမည်။ အသေးစိတ်လုပ်ကိုင်ဆောင်ရွက်ပုံ စပါး အစွမ်းရှိစိုက်ပျိုးနည်းစနစ်သည် အသစ်အဆန်းနည်းစနစ်တစ်ခု မဟုတ်ပါ။ စီမံဆောင်ရွက်လုပ်ကိုင်ပုံကို ပြောင်းလဲလိုက်ခြင်းသာ ဖြစ်သည်။ စပါးအပင်၏ ဗီဇအစွမ်းရှိသလောက် အပြည့်အဝထွက်ပေါ်လာအောင် မြေနှင့် ရေ ပတ်ဝန်းကျင်အခြေအနေကို ဖန်တီးပေးလိုက်ခြင်းသာဖြစ်သည်။ အောက်ပါအတိုင်း လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် စပါးပင်၏ ဗီဇအစွမ်းရှိသည်လောက် အထွက်ကို ရရှိလာမည် ဖြစ်သည်။ ဆောင်းပါးအပြည့်အစုံကိုအော့က်ပါလင့်ခ်မှာလေ့လာပေးပါခင်ဗျ https://greenwaymyanmar.com/posts/SRI-growing-practices

SRI စိုက်နည်း

စပါးစိုက်ပျိုးနည်း
လွန်ခဲ့သော ၈ နှစ် က

ဝဥစိုက်ပျိုးနည်းကိုအောက်ပါလင့်ခ်မှာလေ့လာပေးပါခင်ဗျာ https://greenwaymyanmar.com/posts/cultivation-of-white-yam

ဝဥမျိုးစေ့(သို့မဟုတ်)အပင်ကို ဘယ်မှာဝယ်လို့ရနိုင်လည်း မန်းတလေး/ကျောက်ဆည် မှာယ်လို့ရပါသလားခမျာ အပင်စိုက်ချိန်နဲ့ရိတ်သိမ်းချိန်က ဘယ်လောက်ကြာနိုင်သလည်းခမျ မသိလို့သေချာရှင်းပြပါဦးခမျာ

လွန်ခဲ့သော ၈ နှစ် က

၁။ ပိုးမွှား ရောဂါဒဏ်ခံနိုင်သော ဈေးကွက်ဝင် အထွက်ကောင်းမျိုးကို ရွေးချယ်ပါ။ (ဉပမာ-ရေဆင်း-၉၊ ရေဆင်း -၁၁၊ ရေဆင်း-၁၄)၂။ အပင်ပေါက်ရာခိုင်နှုန်း (၇၅-၈၅) ရှိသည့် မျိုးကို စိုက်ပျိုးပါ။ ၃။ မြေချဉ်ငံဓာတ် (၅.၅-၆.၅) ရှိပြီး ရေမဝပ်သည့် စနယ်မြေစေး၊ နှံးသမမြေများတွင် စိုက်ပျိုးပါ။ ၄။ မိုးကြို၊ မိုးနှောင်းရာသီတွင် အပင်ဉီးရေ (၁၃၀၀၀၀) ရရှိရန် တန်းကြားပင်ကြား (၁၂ လက်မ x ၄ လက်မ) ခြား၍ မျိုးစေ့နှုန်း (၆-၈) ပြည် သုံးစွဲပါ။ ၅။ မိုးရာသီတွင် အပင်ဉီးရေ (၈၇၀၀၀) ရရှိရန် တန်းကြား ပင်ကြား (၁၈ လက်မ x ၄ လက်မ) ခြား၍ မျိုးစေ့နှုန်း (၄-၆) ပြည် သုံးစွဲပါ။ ၆။ မြန်မာပြည်အထက်ပိုင်းတွင် မိုးကြိုရာသီတွင် ဖေဖော်ဝါရီလလယ်မှ မတ်လလယ်၊ မိုးရာသီ၌ မေလလယ်မှ သြဂုတ်လလယ်များတွင် စိုက်ပျိုးပါ။ ၇။ မြန်မာပြည်အောက်ပိုင်းတွင် မိုးနှောင်းသီးထပ်အဖြစ် စိုက်ပျိုးပါက အစိုဓာတ်မီစေရန် နိုဝင်ဘာလတွင်းအပြီး စိုက်ပျိုးပါ။ ၈။ မြေပြင်ချိန်တွင် တစ်ဧက နွားချေး (၁၀၀-၁၅၀) တင်း၊ ပုလဲ (၈) ပြည်၊ တီစူပါ (၂၄) ပြည်၊ ပိုတက်ရှ် (၁၂) ပြည်နှုန်း ထည့်ပေးပါ။ ၉။ ဂျစ်ပဆန်မြေသြဇာကို စိုက်ချိန်တွင် တစ်ဧက ပြည် (၂၀) နှုန်း ထည့်ပေးပါ။ ၁၀။ မြေအောင်းပိုးကာကွယ်ရန် တစ်ဧက လျှင် ဖျူရာဒါန် (၅-၆) ထုပ်ကို စိုက်ကြောင်းတွင် ထည့်ပါ။ ဆောင်းပါးအပြည့်အစုံကိုအောက်ပါလင့်ခ်မှာ လေ့လာပေးပါခင်ဗျ https://greenwaymyanmar.com/posts/cultivation%20of%20green%20gram

ပဲတီစိမ်းစိုက်ချင်လို့ပါ မြေက စပါးတောင်သိပ်မကောင်းဘူးဖြစ်နေတယ် မလုပ်ဖြစ်တာတော့ 3နှစ်လောက်တော့ရှိပြီ ပဲပြန်လုပ်ကြည့်မလို့ အကိုတို့ရေ အကြံလေးပေးပါအုန်းနော် မြေကမြေစေးပါ

ပဲတီစိမ်းခင်းမြေပြုပြင်ခြင်း
လွန်ခဲ့သော ၈ နှစ် က

သူတို့ဟာ အဓိကအားဖြင့် အပင်ငယ် နှင့် အညောင့်ထွက်စာပြုနေတော့ စပါးပင်လေးများကို စားသုံးပါတယ်။ အပင်အောက်ခြေ ကို ကိုက်ဖြတ်ပြီး အပင် တစ်ခုလုံးကိုဖျက်ဆီးပါတယ်။ ဘယ်လိုပြန်နှံသလဲ၊ ဘယ်မှာတွေနိုင်မှာလဲ ခရုများက ဆည်ရေသွင်းမြောင်းမှ တဆင့်သော် လည်းကောင်း၊ သဘာဝ ရေသွင်းမြောင်းမှ သော်လည်းကောင်း၊ ရေလျှံရေမြုပ်ခြင်းမှ သော်လည်းကောင်း ပြန့်နှံနိုင်ပါတယ်။ လယ်ကွင်းထဲရေ မရှိတော့ရင် သူတို့ဟာ ရွံ့နွံများဖြင့် ဖုံးလွမ်းပြီး ၆ လအထိ မြေကြီးထဲတွင်ခိုအောင်းနိုင်ပါတယ်။ ရေပြန်ရလာရင်တော့ သူတို့ဟာ မြေကြီးထဲက ပြန်လည်ထွက်ပေါ်လာမှာဖြစ်ပါတယ်။ သူတို့ဟာ တိုက်ရိုက်ချ စိုက်တော့ စပါးစေ့များ နှင့် ပျိုးစိုက်သော အပင်များ(၁လသားအရွက်) ထိ တိုက်ရိုက် ဖျက်ဆီးနိုင်ပါတယ်။ အပင်အသက် တစ်လကျော်သွား လျှင်တော့ အပင်ဟာ ခရုဒဏ်ကိုခံနိုင်သွားပါပြီ။ ကိုယ်လယ်ထဲရောက်နေပြီဆိုတာဘယ်လိုသိရှိနိုင်မှာလဲ Golden apple snail လား ဒေသခရုလား အဓိကတော့ အရောင်၊ အရွယ်အစား ဖြင့် ခွဲခြားနိုင်ပါတယ်။ Golden apple snail အခွံအရောင်ကတော့ ရွှံအရောင်ရှိပါတယ်။ ဥအရောင်ကတော့ အပန်းရောင်ပါ။ သူတို့ဟာ ဒေသခရုများထက် ဘာလို့ Golden apple ခရုများဟာအရေးကြီးပါသလဲ Golden apple snail များဟာ စပါးပင်ရဲ့အဓိက ဖျက်ပိုးလို့ ဆုံးဖြတ်နိုင်ပါတယ်။ ထိရောက်စွာ မနိုမ်နှင်းရင် တစ်ညလျှင် ၁ မီတာပတ်လည်အထိဖျက်ဆီးနိုင်ပါတယ်။ ထွက်နှုံး ၅၀ရာခိုင်နှုန်း အထိ ဖျက်ဆီးနိုင်ပါတယ်။ ဆောင်းပါးအပြည်အစုံကို အောက်ပါလင့်ခ်မှာလေ့လာပေးပါခင်ဗျာ https://greenwaymyanmar.com/posts/how-to-protect-snail

စပါးကိုခရုကိုက်တာဘယ်လိုလုပ်ရမလဲ

ရွှေခရု
လွန်ခဲ့သော ၈ နှစ် က

အလွယ်တကူစိုက်ပျိုးဖြစ်ထွန်းသော်လည်း ပန်းပွင့်များပွင့်ရန် အေး၍ခြောက်သွေ့သော ရာသီဥတု လိုအပ်ပါသည်။ သမပိုင်းနှင့် အနည်းငယ်ပူသော ဒေသများတွင် ကျယ်ပြန့်စွာ စိုက်ပျိုးကြသည်။ နေရောင် အပြည့်အဝရရှိမှုကို ကြိုက်နှစ်သက်သည်။ မြေကြီးအစိုဓါတ်ရှိလျှင် တနှစ်ပတ်လုံး မည်သည့် အချိန်တွင်မဆို စိုက်ပျိုးနိုင်သည်။ မျိုးကွဲများ မျိုးကွဲပေါင်း ၁၀၀ကျော်ရှိသည်။ လီလီပန်းများသည် အလွယ်တကူ ဖြစ်ထွန်းလွယ်သည်။ အရောင်အားဖြင့် အဖြူ၊ အဝါ၊ ပန်းရောင်၊ အနီရောင်၊ ခရမ်းရောင်များရှိသည်။ ပန်းပွင့်များပေါ်တွင် အစက်များ(သို့) အစင်းကြောင်းများ ပါရှိသည်။ အသီးမှာ အခန်းသုံးခန်းပါသည်။ အသီးအတွင်းရှိမျိုးစေ့များသည် နွေအခါတွင်ရင့်မှည့်ပြီး အစေ့မှ အပင်ပေါက်ချိန် မတူကြပါ။ မျိုးရွေးချယ်ခြင်း မြန်မာနိုင်ငံတွင် အများဆုံး စိုက်ပျိုးကြသောမျိုးမှာ အဖြူရောင်လီလီပန်း ဖြစ်ပြီး မျိုးဥဈေးသက်သာသည်။ တစ်ခိုင်ပါ ပန်းအပွင့် များသည်။ အပင်ခြေတွင် အဖူးအသေးလေးများ ရှိသည်။ အချို့ မျိုးများတွင် အဖူးများကို မြေမျက်နှာပြင်အပေါ်နားတွင် တွေ့ရပြီး အချို့ မြေကြီးအတွင်းတွင်သာ တွေ့ရသည်။ ပုံမှန်အားဖြင့် အပင်ခြေရှိအမြစ် များမှ ထူးခြားသောအမြစ် များက အဖူးများအဖြစ် ပြောင်းလဲကာ အပင်အသစ်အဖြစ် ထိုးထွက်လာသည်။ မြေအမျိုးအစား ရေစီးဆင်းမှုကောင်းမွန်သော pH ၅ - ၅.၆ အောက် ရှိသည့်မြေတွင် ကောင်းစွာဖြစ်ထွန်းသည်။ စိုစွတ်မှု ရှိရန် လိုအပ် သော်လည်း ရေဝပ်လို့မရပါ။ အရိပ်အနည်းငယ်လိုအပ်သည်။ ဆောင်းပါးအပြည့်အစုံကို အောက်ပါလင့်ခ်မှာ လေ့လာပေးပါခင်ဗျ https://greenwaymyanmar.com/posts/lily-flower-cultivation

စိုက်ပျိုးချင်လို့ပါ လီလီပန်းက ဘယ်လိုစိုက်ပျိုးရလဲ မစိုက်ပျိုးမှီ မြေကို ဘယ်လိုပြုပြင်ရလဲ ဘယ်လိုမြေအမျိုးအစားမှာ စိုက်ပျိုးလို့ရလဲ ဧရာဝတီတိုင်လို ဒေသမျိုးမှာစိုက်ပျိုးလို့ရလား

လွန်ခဲ့သော ၈ နှစ် က

နှမ်းစိုက်ပျိုးနည်းကို အောက်ပါလင့်ခ်မှာ လေ့လာပေးပါခင်ဗျာ https://greenwaymyanmar.com/posts/sesame

နှမ်းစိုက်ပျိုးနည်းသိချင်လို့ပါ

နှမ်းစိုက်ပျိုးနည်း

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။