ဦးအောင်မျိုးလွင်
တောင်သူ · ကံမ
ကျေးဇူးတင်ပါတယ်ခင်မျာ
မင်္ဂလာပါ ဆရာ@ဒို့ဦးလေး ခင်မျာ။ သိချင်တာလေးကို မေးခွင့်ပြုပါခင်မျ။ ကျွန်တော်က ငါးအမိုင်နိုအက်စစ် နဲ့ စပါးခွံပေါင်းခံရည် ကိုကိုယ်တိုင်လုပ်ပါတယ်။ဂျပန်OEM နဲ့ ထရိုင်ကိုဒါးမား ကိုတော့ဝယ်သုံးပါတယ်။အဲတော့ကိုယ်သုံးဖို့အပြင် ပိုနေတာတွေရှိပါတယ်။ အဲပစ္စည်းတွေကိုတခြားသူတွေကိုရောင်းလို့ရပါသလား။ဥပဒေနဲ့ငြိစွန်းတာတွေရှိနိုင်ပါသလားဆရာ။ သူများကိုလည်းသုံးစေချင်သလို ငွေပိုလေးလည်းပြန်ရအောင်လို့ပါဆရာ။ ကျေးဇူးတင်ပါတယ်။
ကျေးဇူးတက်ပါတယ်ဗျ
Potassium Nitrate ယမ်းစိမ်းကိုစိုက်ပျိုးသီးနှံတွေအတွက်သုံးရင် အစေ့အဆံကောင်းမွန်မှု၊ အာဟာရကောင်းစွာရရှိမှုအတွက် အထောက်အကူပြုတယ်လို့ကြားသိရပါတယ်ဗျ။ သုံးလည်းသုံးဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာ ယမ်းစိမ်းကဝယ်မရတော့ တခြားဘာနဲ့အစားထိုးအသုံးပြုရင် potassium ဓာတ်ရနိုင်မလဲခင်မျာ။ ဆရာဒို့ဦးလေး ဖြေပေးပါဦးခင်မျ။
မိုးလည်းကျနေပြီဆိုတော့ အဆင်ပြေမယ့်သဘောမှာ ရှိတယ်လို့မှတ်ယူပြီး ဆားရည်စိမ်ပါတော့မယ်။ မေးခွန်းတိုင်းကိုဖြေကြားပေးလို့လည်း ဒို့ဦးလေးကို ကျေးဇူးတင်ပါတယ်ခင်မျာ🙏🙏🙏။
စပါးအခြောက်ခင်းအတွက် ဆားရည်စိမ်ပြီးမျိုးသန့်ဖို့ဆိုတာ အဆင်ပြေနိုင်လားဗျ။ ပုံမှန်ဆိုရင် ဆန်စေ့ကျိုးတတ်တော့ စပါးအခြောက်ခင်းမှာ အဆင်မပြေမှာကိုစိုးမိတာပါ။ ဆားရည်စိမ်ပြီးမျိုးသန့်တာကိုတကယ်ကြိုက်ပါတယ်။
အခုတော့ရသွားပါပြီဗျ တကုတကဖုန်းဆက်ပြီးလမ်းညွှန်ပေးတဲ့ Admin Team က အစ်ကိုကိုလည်း ကျေးဇူးတင်ပါတယ်ဗျ။
O EM ဝယ်ချင်လို့ပါဗျ။ မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ်ကပါခင်မျာ။ အနီးစပ်ဆုံးဘယ်မှာဝယ်လို့ရတယ်ဆိုတာနဲ့ အရေအတွက်နဲ့စျေးနှုန်းကိုပါ ဖြေပေးစေချင်ပါတယ်ဗျ။
ပြန်လည်ဖြေကြားပေးကြတဲ့ ဦးကြီးများနှင့် ပညာရှင်များကို ကျေးဇူးတင်ပါတယ်ခင်မျာ နည်းနည်းလောက်စမ်းကြည့်ပါဦးမယ်
ဘာပဲစိုက်စ်ုက် နေကြာထည့်စိုက်လို့ပြောတာကိုကြားဖူးပါတယ် ဘယ်လိုကောင်းကျိုးတွေရရှိနိုင်မှလဲခင်မျာ ပြီးတော့ ရရှိလာတဲ့နေကြာတွေကိုရော ဆီအဆင့်ရောက်အောင် ဘယ်လိုလုပ်ဆောင်ရသေးလဲခင်မျ မြေပဲလိုမျိုး ကြိတ်ခွဲဖို့လိုသေးလား စသည့်ဖြင့်သိပါရစေခင်မျာ