အရည်အသွေးမှန်ပြီး ပစ္စည်းကောင်းတွေသာ ဖန်တီးပေးတဲ့ Agrosolar

30/07/2024 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

(ကြော်ငြာဆောင်းပါး)

အရည်အသွေးမှန်ပြီး ပစ္စည်းကောင်းတွေသာ ဖန်တီးပေးတဲ့ Agrosolar နဲ့ မိတ်ဆက်ပေးပါရစေ..။

ကမ္ဘာကြီးပူနွေးလာမှု ဆိုသည်မှာ ကမ္ဘာ့မြေမျက်နှာပြင်နှင့်လေထုအတွင်းတွင် အပူချိန်တဖြည်းဖြည်း မြင့်တက်လာခြင်းကြောင့် ကမ္ဘာကြီးတစ်ခုလုံးအပူချိန်မြင့်တက်လာခြင်းကို ဆိုလိုပါသည်။ နေမှဖြာထွက်သော ရောင်ခြည်များသည် ကမ္ဘာမြေမျက်နှာပြင် ပေါ်သို့ကျရောက်ပြီးသည့်အခါ အချို့ကိုကမ္ဘာမြေပြင်က စုပ်ယူထားပြီး အချို့သည်အပူလှိုင်း  သို့မဟုတ် အနီအောက်ရောင်ခြည်အဖြစ် ပြောင်းလဲသွားပါသည်။ ယင်းအပူလှိုင်းများကိုလေထုအတွင်းရှိကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်း၊ နိုက်ထရပ်အောက်ဆိုဒ်စသည့် ဓာတ်ငွေ့များက စုပ်ယူထားခြင်းဖြင့်လူ၊ တိရစ္ဆာန်နှင့် သစ်ပင် တို့ရှင်သန်နေထိုင်နိုင်ရန် သင့်တင့်မျှတသော အပူဓာတ်ကိုရရှိစေပါသည်။ အဆိုပါဓာတ်ငွေ့များသည် ကမ္ဘာကြီးကိုပူနွေးစေပြီး မှန်လုံအိမ်ကဲ့သို့ စွမ်းဆောင်ပေးနိုင်သဖြင့် မှန်လုံအိမ်ဓာတ်ငွေ့များဟု တင်စားထားကြပါသည်။

ယခုအခါ စက်ရုံအလုပ်ရုံများ၊ လောင်စာဆီသုံးစက်များ တိုးပွားလာခြင်းကြောင့် ကျောက်မီးသွေး၊ ဓာတ်ဆီ၊ ဒီဇယ်၊ သဘာဝဓာတ်ငွေ့စသည့်ရုပ်ကြွင်းလောင်စာများသုံးစွဲမှု တစ်နှစ်ထက်တစ်နှစ် တိုးတက်များပြားလာခဲ့ရာမှ လေထုအတွင်း CO2 အပါအဝင် မှန်လုံအိမ်ဓာတ်ငွေ့များ အဆမတန်များပြားလာခဲ့ပြီ ဖြစ်ပါသည်။

Solar မှ တစ်ဆင့် နေရောင်ခြည်တွေကို အသုံးပြုပြီး လျှပ်စစ်စွမ်းအင်ထုတ်လုပ်ပေးသည့်စနစ်အား ယခုကာလတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

လောင်စာဆီအသုံးပြုရန် မလိုအပ်တော့တဲ့အတွက်ကြောင့်မို့ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလည်း လျှော့ချနိုင်တာပေါ့နော်။

Agrosolar မှာဆိုရင် အပေါ်ဆွဲရေတင်စက်နဲ့ ရေမြုပ်ပန့် ဆိုပြီး အမျိုးအစား ၂ မျိုးရှိပါတယ်။

အပေါ်ဆွဲရေတင်စက်ဟာဆိုရင် ပေ ၂၆ ပေ ထိ အသုံးပြုနိုင်ပြီး ရေမြုပ်ပန့်ကတော့ ပေ ၃၀၀ ထိတောင် အသုံးပြုနိုင်ပါတယ်နော်။

အာမခံသက်တမ်းအနေနဲ့ Pump နဲ့ Controller က ၂နှစ်ရှိပြီး Solar ကတော့ 10 နှစ် အာမခံ ပေးထားပါတယ်နော်။

အပေါ်ဆွဲရေတင်စက်ဟာ မြင်းကောင်အား 1.5hp-3hp ထိရှိပြီး ရေထွက်လက်မ 2 လက်မ မှ 4 လက်မ အထိ ရှိပါတယ် ။စျေးနှုန်းကလဲ ရေတွင်းအမျိုးအစားပေါ်မူတည်ပြီး 2870000မှ 5150000ထိ ရှိပါတယ်။

ရေမြုပ်ပန့်အနေနဲ့ဆိုရင်တော့  မြင်းကောင်အား 0.7 hp -3hp ထိ ရှိပြီး ရေထွက်လက်မ 1.5 လက်မ မှ 3 လက်မအထိ ရှိပါတယ်။စျေးနှုန်းအနေနဲ့လဲ ရေတွင်းအမျိုးအစားပေါ်မူတည်ပြီး  1950000မှ 6250000 ထိ ရှိပါတယ်နော်။

ဆိုတော့ တောင်သူဦးကြီးတို့ရဲ့ စိုက်ခင်းတွေမှာ သီးနှံပင်တွေ ရေလိုအပ်ချိန်တိုင်း ကုန်ကျစရိတ် သက်သာစွာဖြင့် ရေပေးသွင်းနိုင်မဲ့ ပစ္စည်းကောင်း ရှာဖွေနေတယ်ဆိုရင်တော့.. Agrosolar ကို သတိရလိုက်ပါနော်...

ဝန်ဆောင်မှု အကောင်းဆုံးတွေနဲ့ အာမခံသက်တမ်းတွေ ရှိနေတာကြောင့်မို့ Agrosolar ကို ယုံကြည်စိတ်ချစွာ လက်တွဲဖို့ ဖိတ်ခေါ်ပါတယ်။

ဆိုလာရေပန့်များကို ဝယ်ယူချင်တယ်ဆိုလျှင်ဖြင့် ၀၉၇၅၅၇၀၅၅၆၇၊၀၉၄၄၂၆၂၇၈၅၁သို့ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင့်...

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်