ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
ငြင်းပယ်ခံရသည့် အကြောင်းရင်း
ကွင်းစလန်း (Queensland) ပြည်နယ်မှ တင်ပို့သော ပဲတီစိမ်းများတွင် Glyphosate (ပေါင်းသတ်ဆေး) ဓာတ်ကြွင်းပါဝင်မှုသည် ခွင့်ပြုထားသည့် ပမာဏထက် ၅ ဆခန့် ပိုမိုများပြားနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် တရုတ်နိုင်ငံက ကွန်တိန်နာ (၁၀) လုံးကို လက်ခံရန် ငြင်းပယ်လိုက်သည်။ ဩစတြေးလျရှိ ပဲတီစိမ်းစိုက်ခင်းများ၏ ၉၅ ရာခိုင်နှုန်းခန့်ကို ရိတ်သိမ်းချိန်မတိုင်မီ အခြောက်မြန်စေရန်အတွက် အဆိုပါ Glyphosate ပေါင်းသတ်ဆေးကို အသုံးပြုလေ့ရှိကြသည်။
စိုက်ပျိုးရေးပညာရှင် Paul McIntosh ၏ အဆိုအရ စိုက်ခင်းတစ်ခုလုံး၏ ၉၀ ရာခိုင်နှုန်းကို ဆေးညွှန်းအတိုင်း မှန်ကန်စွာ ဖျန်းသော်လည်း၊ ကျန် ၁၀ ရာခိုင်နှုန်းမှာ စိမ်းနေသေးသည့် အပင်များက ဆေးကို ပိုမိုစုပ်ယူမိတတ်သဖြင့် ရည်ရွယ်ချက်မရှိဘဲ ဓာတ်ကြွင်းကန့်သတ်ချက် (MRL) ကျော်လွန်သွားနိုင်သည့် အန္တရာယ်ရှိကြောင်း သိရသည်။
တရုတ်ဈေးကွက်၏ တင်းကျပ်လာမှု
ယခုနှစ် (၂၀၂၆) တွင် ဩစတြေးလျ ပဲတီစိမ်း တန်ချိန် ၁ သိန်း မှ ၁.၂ သိန်းအထိ အထွက်တိုးရန်ရှိပြီး အများစုကို တရုတ်နိုင်ငံသို့ တင်ပို့ရသည်။ တရုတ်အာဏာပိုင်များသည် ဓာတ်ကြွင်းကန့်သတ်ချက် (MRL) များကို ယခင်ကတည်းက ပြဋ္ဌာန်းထားသော်လည်း ယခုအခါ ပိုမိုတင်းကျပ်စွာ စစ်ဆေးအရေးယူလာခြင်း ဖြစ်သည်။
ပေါင်းသတ်ဆေး အစားထိုး "Swathing" နည်းလမ်းသစ် (ရိတ်သိမ်းပြီး စိုက်ခင်းထဲ အတန်းလိုက် နေလှမ်းအခြောက်ခံသောနည်းစနစ်)
တရုတ်၏ တင်းကျပ်မှုများကြောင့် စိုက်ပျိုးသူများနှင့် ပို့ကုန်လုပ်ငန်းရှင်များသည် ဓာတုဆေးသုံးမည့်အစား "Swathing" ဟုခေါ်သော စက်ဖြင့်ရိတ်သိမ်းပြီး အတန်းလိုက်ချကာ သဘာဝအတိုင်း အခြောက်ခံသည့် နည်းလမ်းကို ပြောင်းလဲအသုံးပြုရန် စမ်းသပ်လာကြသည်။ ဤနည်းလမ်းသည် ၃ ရက်မှ ၅ ရက်အတွင်း အခြောက်ခံနိုင်ပြီး ခြွေလှေ့ရန် အသင့်ဖြစ်စေသည်။

ကြုံတွေ့ရသည့် အခက်အခဲများ
ဓာတုဆေးလွတ် (Glyphosate-free) ပဲတီစိမ်းများက ဈေးပိုရသော်လည်း Swathing နည်းလမ်းသည် တောင်သူတိုင်းအတွက် အဆင်မပြေနိုင်ပါ။
ဤနည်းလမ်းကို အသုံးပြုရန်အတွက် မြေပြင်ညီညာပြီး မာကျောရန် လိုအပ်ပါသည်။
မြေပျော့များ၊ ကျောက်ဆောင်များ နှင့် ကုန်းစောင်းများရှိသည့် အချို့သော စိုက်ခင်းများတွင် စက်ယန္တရားများ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။
ထို့ပြင် အဆိုပါ အထူးပြုစက်ယန္တရားများအတွက် ကုန်ကျစရိတ်မှာလည်း ကြီးမားလှပါသည်။
ရှေ့အနာဂတ် အလားအလာ
အခက်အခဲအချို့ ရှိသော်လည်း ကမ္ဘာတစ်ဝန်းတွင် ဓာတုဆေးကြွင်းဆိုင်ရာ ကန့်သတ်ချက်များ ပိုမိုတင်းကျပ်လာနေသဖြင့် Swathing နည်းလမ်းသည် အနာဂတ်အတွက် မဖြစ်မနေ ရွေးချယ်ရမည့် လမ်းကြောင်းဖြစ်လာနိုင်ကြောင်း တောင်သူအချို့က သုံးသပ်ကြသည်။ ဆေးကြွင်းများပြားမှုကြောင့် ပို့ကုန်များ ငြင်းပယ်ခံရပါက ဖြစ်ပေါ်လာမည့် ဆုံးရှုံးမှုသည် စက်ပစ္စည်း ဝယ်ယူရသည့် ကုန်ကျစရိတ်ထက် များစွာပိုမိုကြီးမားပြီး၊ လယ်သမားများသာ တိုက်ရိုက်နစ်နာမည်ဖြစ်ကြောင်း သတင်းဆောင်းပါးတွင် ဖော်ပြထားပါသည်။
ABC သတင်းကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
နိုင်ငံတကာသီးနှံဈေးကွက်
ဆက်စပ်ဆောင်းပါးများ
ရေငတ်သီးနှံ မရှိစေရ - ၁၆ နှစ်အရွယ် တောင်အာဖရိက ကျောင်းသူလေးရဲ့တီထွင်မှု
ဂျပန်နိုင်ငံ၏ တန်ဖိုးအကြီးဆုံး သီးနှံမျိုးများ ခိုးယူစိုက်ပျိုးခံနေရ
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
ဆက်စပ်မေးခွန်းများ
မတ်ပဲပန်းစပြတဲ့အချိန်မှာ ယူရီးယား+လက်ချား+စုတ်စားပိုးဆေး(သို့)ပွင့်ထွေးဆေး (သို့)မှိုဆေး တမျိုးမျိူး ရောစပ်သုံးလို ရမရ သိချင်လို့ပါဆရာ
zayyy zayya • ဖြေကြားချက် 0 ခု
ချမ်းမြေ့အေးကဘယ်နလသားစပါးလဲဗျ့စပါးအကြောင်းကောင်းသိချင်လို့ပါအာ့စပါးခုမှစလုပ်မလို့ပါ
မောင်ခိုင်လင်းထွန်း • ဖြေကြားချက် 3 ခု
ကြည့်ပေးပါဘာဆေးဖြန်းသင့်လဲး
ဝင်းဇော် • ဖြေကြားချက် 1 ခု
ပေါ်ဆန်ဘေးကြား ဖြုတ်ကျနေလို့ dinotefuran 20% +pymetrozine 50 ပါတဲ့ဆေးအမျိုးအစားဖြန်းမလို့ပါ စပါးပင်က အနှံထွက်ပြီးအပွင့်တဲ့အချိန်မှာဖြစ်နေလို့ ဖြန်းလို့ရမလားခင်ဗျ
MYO ZAW HTET • ဖြေကြားချက် 1 ခု
ဧရာပဒေသာဒီနေ့မှ၁၂၀ရက်သားပြည့်တာပါဂုတ်တွေကနို့ရည်မခဲသေးပါဘူးမနေ့ကမိုးနဲ့အပင်လဲနေလို့ရေဖြတ်သင့်လားခဗျာဒါမှမဟုတ်မိုးပွင့်ရင်ရေဆက်သွင်းသင့်လားခဗျာ
kyaw zin • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
More from Green Way
အားလုံး
ဗီဒီယို
GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
06/11/2026
ဗီဒီယို
ပေါင်းစပ်လယ်ယာစနစ်: လယ်ယာလုပ်ငန်းများ ပေါင်းစပ်ခြင်းမှ ရေရှည်တည်တံ့သော အကျိုးကျေးဇူးများဆီသို့
03/11/2026
အဘိဓမ္မာအခါတော်နေ့ဆုတောင်း (မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်)
26/10/2026
အစိမ်းရောင်လမ်းကို ကူညီပံ့ပိုးနေသော ဆရာ၊ ဆရာမများသို့
26/10/2026
iPhone သုံးတဲ့ မိတ်ဆွေများအတွက် သတင်းကောင်း
23/10/2026