ဆိတ်ငယ်ကလေးများတွင် အဖြစ်များသော ပါးသက်နာရောဂါကို ကာကွယ်ကုသနည်း

17/10/2022 17:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ဆိတ်ငယ်ကလေးများတွင်အဖြစ်များသော ရောဂါတစ်ခု ဖြစ်သော ပါးသက်နာ(Contagious Ecthyma)ရောဂါမှာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည်။ အစပိုင်းတွင် ဆိတ်ငယ်၏ နှုတ်ခမ်း၊ နှာခေါင်းတို့တွင် အရည်ကြည်ဖုများ စတင်ဖြစ်ပေါ်လာပြီး အရည်ကြည်ဖုပေါက်သွားကာ အနာအဖြစ် တွေ့ရတတ်ပါသည်။ ဤရောဂါပိုးသည် ဆိတ်ငယ်၏ ကိုယ်ခံအားစနစ်ကို ကောင်းစွာလှုံ့ဆော်နိုင်ပါသည်။

ရောဂါဖြစ်စေသည့် အကြောင်းအရင်းများမှာ-

  • ခံနိုင်ရည်အလွန်ရှိပြီး ခြံတွင်ကာလကြာရှည်စွာနေနိုင်သော ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပွားရပါသည်။
  • ရောဂါ ၁ ကြိမ်ဖြစ်ပွားပြီးပါက ဗိုင်းရပ်စ်ပိုးသည် ခြံတွင်အမြဲတမ်း ရှိနေမည် ဖြစ်ပါသည်။

ရောဂါလက္ခဏာများမှာ-

  • ဆိတ်ငယ်ကလေးများ၏ ပါးစပ်တွင် အနာဖြစ်နေခြင်းကို တွေ့ရပါမည်။
  • ခွာနာလျှာနာရောဂါနှင့် မှားနိုင်သော်လည်း ပါးသက်နာမှာ ဆိတ်ငယ်လေးများ(အထူးသဖြင့် နို့စို့အရွယ်ဆိတ်ငယ်ကလေးများ)တွင်သာ တွေ့ရတတ်ပြီး ပါးစပ်တွင်သာ ဒဏ်ရာအများဆုံး တွေ့ရပါသည်။
  • ခွာတွင် ဒဏ်ရာများကို တွေ့ရလေ့ မရှိပါ။ 

ရောဂါကူးစက်ပုံမှာ-

  • ဗိုင်းရပ်စ်ပိုးများကို ဆိတ်ငယ်ကလေးများက စားမိရာမှ စတင်ကူးစက်ပြီး ပါးစပ်တွင်ပြည်ဖုများ စတင်ဖြစ်ပေါ် လာစေပါသည်။
  • ပြည်ဖုများသည် ပေါက်သွားပြီး အနာဖေးအဖြစ် (၁-၂) ပတ်ခန့် ကျန်ရှိနေနိုင်ပါသည်။
  • အနာဖေးဖတ်များ မြေကြီးပေါ်သို့ ကျသွားသည့်အခါ ဗိုင်းရပ်စ်များပါသွားပြီး ၎င်းတို့သည် မြေကြီးပေါ်တွင် နှစ်ပေါက်အောင် ရှင်သန်နေနိုင်ကြပါသည်။
  • ဆိတ်ငယ်ကလေးက နို့စို့သည့်အခါ ဆိတ်မကြီး၏ နို့တိုင်သို့ ရောဂါကူးသွားပြီး အနာဖြစ်ပေါ်လာစေတတ်ပါသည်။

အသေကောင်အား ခွဲစိတ်တွေ့ရှိမှုမှာ-

  • ဤရောဂါကြောင့် ဆိတ်ငယ်များ သေဆုံးမှုမှာ အလွန်ရှားပါသည်။ သို့ရာတွင် ဒဏ်ရာကြောင့် နာကျင်ပြီး အစာမစားနိုင်၊ နို့မစို့နိုင်ဘဲ အာဟာရပြတ်ကာ သေဆုံးနိုင်ပါသည်။ 

ရောဂါအားစစ်ဆေးခြင်း

  • ရောဂါလက္ခဏာများကို ကြည့်ရှုခြင်းဖြင့် သိရှိနိုင်ပါသည်။

ကာကွယ်ခြင်း

  • ပါးသက်နာရောဂါကို ကာကွယ်ရန်အတွက် ပိုးရှင်ကာကွယ်ဆေးရှိပြီး ပေါင်နှင့်လက်ပြင်အတွင်းပိုင်းတွင် ဒဏ်ရာအသေးစားပြုလုပ်၍ ကာကွယ်ဆေးကို လိမ်းပေးရပါသည်။

ကုသခြင်း

  • အနာများအား ဘက်တီးရီးယားပိုးများ ဝင်ရောက်လာပါက ပဋိဇီဝလိမ်းဆေးများဖြင့် ကုသနိုင်ပါသည်။ 
  • ရောဂါဖြစ်နေချိန်အတွင် ဆိတ်ကလေးများ ပုံမှန်နို့စို့နိုင်ရန် စီမံပေးရမည်ဖြစ်ပြီး တခါတရံ ဆိတ်မကြီး၏ နို့အုံတွင် အနာများဖြစ်ပေါ်နေပါက ပုလင်းဖြင့်တိုက်ရပါမည်။
  • တခါတရံတွင် Contagious ecthyma သည် လူသို့ကူးစက်တတ်ပြီး အထူးသဖြင့် လက်ချောင်းများတွင် နာကျင်သော အနာများဖြစ်ပေါ်စေနိုင်ပါသည်။
  • ၎င်းအနာများသည် (၁-၄)ပတ်အတွင်း ကျက်သွားမည် ဖြစ်ပါသည်။
  • ထိုသို့ လူကိုကူးစက်ခြင်း မရှိစေရန် ရောဂါဖြစ်နေသော ဆိတ်မကြီးနှင့် ဆိတ်ကလေးများကို ကိုင်တွယ်ပါက ရာဘာ လက်အိတ်စွတ်၍ ကိုင်တွယ်သင့်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်