မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးတွင် ထုတ်လုပ်မှု၊ အာဟာရဖြည့်ဆည်းခြင်းနှင့် စျေးကွက်တိုးတက်လာစေရန် ကူညီမှု စီမံကိန်း

15/11/2018 10:30 AM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

 မြန်မာနိုင်ငံရှိ ကလေးသူငယ်သုံးပုံတစ်ပုံသည် ရေရှည်အာဟာရချို့တဲ့ (ပုညှက်)ပြီး ကလေး ၃၂ % မှာလည်း ရှိသင့်သော ကိုယ်အလေးချိန်အောက်တွင် အတော်အတန် လျော့နည်းလျက်ရှိပါသည်။ ပျမ်းမျှ အိမ်ထောင်စု အသုံးစရိတ်၏ ၆၈ % မှာ အစားအစာအတွက် ကုန်ကျလျက်ရှိသည်။ ငါးသည် ကိုယ်ခန္ဓာသန်မာကြီးထွားရန်နှင့် အမြင်အာရုံဖွံ့ဖြိုးစေရန် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်ကြွယ်ဝသည့် ပရိုတင်း အသားဓာတ်အရင်းအမြစ် တစ်ခုဖြစ်ပါသည်။ မြန်မာတွင် ပရိုတင်း၏ ၇၀ % ကို ငါးမှ ဖြည့်ဆည်းပေးသည်။ အထူးသဖြင့် ငါးငယ်များမှာ ဦးခေါင်းမှ အစအရိုးပါမကျန် တစ်ကောင်လုံး စားနိုင်ပြီး အဏုအာဟာရများဖြစ်သော ကယ်(လ်)စီယမ်၊ ဗီတာမင်အေ၊ သံဓာတ်၊ ဇင့်နှင့် ဗီတာမင်ဘီ ၁၂ စသည်များ ပါဝင်လျက်ရှိပါသည်။ အများအားဖြင့် သဘာဝရေပြင်မှ ဖမ်းယူသော ငါးများကို စားသုံးလျက်ရှိခြင်းများကြောင့် ရေချို၊ ကုန်းတွင်းနှင့် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းများမှ ငါးဖမ်းယူရရှိမှုမှာလည်း ယခုအခါ ကျဆင်းနေသည်။ ဤအခြေအနေတွင် မွေးမြူရေးငါးများမှာလည်း နေရာဒေသအကန့်အသတ်ဖြင့်သာ မွေးမြူထုတ်လုပ်နိုင်သဖြင့် ဆင်းရဲ နွမ်းပါးသော မိသားစုများ ဝယ်စားနိုင်ရန် စျေးကြီးလျက်ရှိပါသည်။

INLAND MYSAP စီမံကိန်းကို ၂၀၂၀ ပြည့်နှစ်ထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်ပိုင်တစ်နိုင်ရေချိုငါးမွေးမြူရေး ရေရှည်ဆောင်ရွက်ခြင်းဖြင့် ဆင်းရဲနွမ်းပါးသော မိသားစုများ အာဟာရ ပြည့်ဝသော ငါးရိက္ခာရရှိရန် မွေးမြူထုတ်လုပ်ခြင်း သာမက ဝင်ငွေလည်း ရရှိနိုင်မည်ဖြစ်ပါသည်။ ဤ စီမံကိန်းဖြင့် ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ငါးရှားပါးမြို့နယ်များတွင် ကူညီဆောင်ရွက်သွားမည်။ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင်လည်း တိုးချဲ့လျက် ရှိသည်။ INLAND MYSAP စီမံကိန်းသည် မြန်မာရေသတ္တဝါမွေးမြူရေး ကဏ္ဍရေရှည်ဖွံ့ဖြိုးရေး အစီအစဉ် (MYSPA) မှ စီမံကိန်းတစ်ခုဖြစ်ပြီး ဉရောပသမဂ္ဂ(EU)နှင့် ဂျာမနီစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးကော်ပိုရေးရှင်း ဝန်ကြီးဌာန (BMZ) တို့က ရန်ပုံငွေပံ့ပိုးပေးထားသည်။ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ခြင်းကို WorldFish မှ တာဝန်ယူပြီး ဆောင်ရွက်လျက်ရှိပါသည်။ WorldFish သည် နိုင်ငံတကာ စိုက်ပျိုးရေးသုတေသန ပညာရှင်များအဖွဲ့ (CGIAR) မှ ငါးနှင့် စိုက်ပျိုးရေးကဏ္ဍတွင် "ငါး" သုတေသနလုပ်ငန်းများကို အဓိက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

စီမံကိန်းတွင် (.၅ ဧက)သို့မဟုတ် (၂၀၂၃) စတုရန်းမီတာ ဧရိယာရှိပြီး နှစ်စဉ် ()လ ကျော် ရေရှိပြီး ငါးမွေးနိုင်သော ကန်များကို တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးအသေးစားကန်များဟု သတ်မှတ်ပါသည်။ INLAND MYSAP စီမံကိန်းသည် စပါးနှင့်ငါး ပူးတွဲစိုက်ပျိုးမွေးမြူရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျေးရွာပိုင်ငါးကန်အရွယ်အစားအမျိုးမျိုးတွင်လည်း ငါးမွေးမြူနိုင်ရန် ကူညီသွားမည်ဖြစ်သည်။

INLAND MYSAP စီမံကိန်းဆောင်ရွက်သောနေရာများရှိ မိသားစုများအနေဖြင့် ငါးနှင့် ဟင်းသီးဟင်းရွက် စားသုံးသော အကြိမ်အရေအတွက်များလာခြင်း၊ စားသုံးသော ပမာဏများပြားလာခြင်း၊ အရည်အသွေးကောင်းမွန်သည်များကို စားသုံးခြင်းစသည်များ တိုးတက်ဖြစ်ပေါ်လာစေရန် ဖော်ဆောင်သွားမည်။ ဤသို့အားဖြင့် အစားအစာအမျိုးမျိုးကို စားသုံးလာပြီး အာဟာရပိုမိုရရှိလာပါမည်။ အထူးသဖြင့် အရွယ်ရောက်သော အမျိုးသမီးများနှင့် ကလေးငယ်များ ဖွံ့ဖြိုးရေးအတွက် အလွန်အရေးကြီးသော သန္ဓေသားဖြစ်တည်ချိန်မှစ၍ မွေးဖွားပြီး () နှစ်သားအထိ ရှေးဦးရက် (၁၀၀၀) အတွင်း ကလေးသူငယ်များအတွက် အာဟာရ ပိုမိုရရှိစေမည်ဖြစ်သည်။

စီမံကိန်းအနေဖြင့် တစ်ပိုင်တစ်နိုင် ရေရှည်တည်မြဲသော ရေသတ္တဝါမွေးမြူရေး အသေးစားလုပ်ငန်းများနှင့် စားသုံးသူများ အာဟာရပိုမိုရရှိစေရန် ဆောင်ရွက်ခြင်းတွင် အိမ်ထောင်စု ၁၅၀၀ ကို တိုက်ရိုက်အကျိုးခံစားမှု ရရှိစေရန်နှင့် အခြားအိမ်ထောင်စု ၁၅၀၀ ကို သွယ်ဝိုက်အကျိုးခံစားနိုင်ရန် ရည်မှန်းချက် ထားရှိပါသည်။

INLAND MYSAP စီမံကိန်းကို ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါ နေရာများသည် မြန်မာနိုင်ငံ၏ မြေပြင် ၄၁ % ကို လွှမ်းခြုံထားပြီး နိုင်ငံလူဦးရေ စုစုပေါင်း၏ ၃၃.% နေထိုင်လျက်ရှိသည်။ စီမံကိန်းများဖြစ်သော တစ်ပိုင်တစ်နိုင်ငါးမွေးမြူရေး အသေးစားလုပ်ငန်းများ ဖြစ်ပေါ်လာစေရန်နှင့် စားသုံးသူများ အာဟာရပိုမိုရရှိစေရန် ဆောင်ရွက်ခြင်းကို အောက်ဖော်ပြပါ () မြို့နယ်တွင် အကောင်အထည်ဖော်သွားမည် ဖြစ်ပါသည်။

() ကလေး၊ စစ်ကိုင်းတိုင်းဒေသကြီး

() ရွှေဘို၊ စစ်ကိုင်းတိုင်းဒေသကြီး

() ကျိုင်းတုံ၊ ရှမ်းပြည်နယ်

() ပင်လောင်း၊ ရှမ်းပြည်နယ်

() အမရပူရ၊ မန္တလေးတိုင်းဒေသကြီး

INLAND MYSAP သည် ရေရှည်တည်မြဲရန် ဆောင်ရွက်ရမည့် နိုင်ငံတကာဖွံ့ဖြိုးရေး ရည်မှန်းချက်များ (Sustainable Development Goals – SDGs) မှ

ရည်မှန်းချက် () ဆင်းရဲနွမ်းပါးမှု ပပျောက်စေရန်

ရည်မှန်းချက် () ငတ်မွတ်ဆာလောင်သူများ လုံးဝမရှိစေရန်များကို ဦးတည်ဆောင်ရွက်သွားမည်။

မြန်မာနိုင်င်၌ အောက်ပါ ငါးလုပ်ငန်းဖွံ့ဖြိုးရေး မှန်းချက်များကို သက္ကရာဇ် ၂၀၂၂ တွင်ဖော်ဆောင်ပြီး ဖြစ်လာစေရန်။

ငါးမွေးသူ အိမ်ထောင်စု ၄၅၀,၀၀၀ သည် အရည်အသွေးမြင့် ငါးသားပေါက်နှင့် အစာထုတ်လုပ်နိုင်ခြင်း၊ ငါးရောဂါများကို ထိန်းသိမ်းကာကွယ်နိုင်ခြင်း၊ အကောင်းဆုံးနည်းလမ်းကျင့်စဉ်များဖြင့် ရေသတ္တဝါမွေးမြူရေး ဆောင်ရွက်လာခြင်း။

အမျိုးသမီးဦးရေ ထက်ဝက်ပါဝင်မည့် လူဦးရေ ၁၂၀,၀၀၀ သည် အစားအစာတွင် မရှိမဖြစ် လိုအပ်သော အဏုအာဟာရများ သံဓာတ်၊ ဇင့်၊ အိုင်အိုဒင်း၊ ဗီတာမင်အေ၊ ဖောလစ်အက်စစ်နှင့် ဗီတာမင်ဘီ ၁၂ စသည်များ ချို့တဲ့ခြင်းမှ ပပျောက်စေခြင်း။

အရွယ်ရောက် အမျိုးသမီး ၃၅၀,၀၀၀ သည် အာဟာရပြည့်ဝသော အစားအစာအုပ်စုများ အလုံအလောက်စားသုံးလာခြင်း။

အမျိုးသမီးဦးရေ အနည်းဆုံးထက်ဝက်ပါဝင်မည့် လူဦးရေ ၄၀၀,၀၀၀ သည် ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ရေထွက်ကုန် ပစ္စည်းများတန်ဖိုးမြင့် ထုတ်လုပ်ရောင်းဝယ်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းမှုများ ပိုမိုတိုးတက်လာပြီး ဆင်းရဲခြင်းမှ လွတ်မြောက်စေခြင်း။

INLAND MYSAP စီမံကိန်းသည် ဆင်းရဲနွမ်းပါးမှု ပပျောက်စေရန်၊ တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးအသေးစား လုပ်ငန်းများ ဖြစ်ပေါ်လာစေရန်၊ ဘက်စုံစိုက်ပျိုးမွေးမြူရေး(စပါး-ငါး) စနစ်များ ဖြစ်ထွန်းလာစေရန်စသော လုပ်ငန်းအစီအစဉ်များကို တိုးတက်ကောင်းမွန်စွာ ဆောင်ရွက်လျက်ရှိသည်။ ဤတွင် ငါးပိုမိုရရှိစေခြင်း၊ ကျား-မ တန်းတူ အခွင့်အလမ်း ပိုမိုဖော်ဆောင်နိုင်ခြင်းအားဖြင့် ဝင်ငွေနှင့် အာဟာရဖြည့်ဆည်းမှုကို တိုးတက်လာနိုင်စေရန်စသော ရည်မှန်းချက်များ ထားရှိသည်။ စီမံကိန်းလုပ်ငန်းများ စတင်ရန်လိုအပ်သော အခြေခံအချက်အလက်များကို မဲခေါင်အီကော်နော်မစ်အဖွဲ့က ကွင်းဆင်းစစ်တမ်းကောက်ပြီးဖြစ်သည်။ ဆက်လက်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို အာရုံဦး ဘရက်-မြန်မာနှင့် မာတီဆာ အင်တာနေရှင်နယ်အဖွဲ့အစည်းတို့က ငါးရှားပါးသော မြို့နယ် () မြို့နယ်တွင် စတင်ဆောင်ရွက်လျက်ရှိသည်။

မိုက်ကယ် အေကက်(စ်)တာ

ဒါရိုက်တာ

ဝေဖစ်(စ်) - မြန်မာ

မိတ်ဖက်များ

- ဉရောပသမဂ္ဂ (EU) သည် ဂျာမနီစီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးကော်ပိုရေးရှင်းဝန်ကြီးဌာန (BMZ) နှင့် ပူးပေါင်း၍ မြန်မာရေသတ္တဝါမွေးမြူရေးကဏ္ဍရေရှည်ဖွံ့ဖြိုးရေးစီမံကိန်းအစီအစဉ် ( Myanmar Sustainable Aquaculture Program- MYSAP) ကို ရန်ပုံငွေ ပံ့ပိုးသည်။ ဂျာမနီနိုင်ငံ (Deutsche Gesellschaft fur Internationale Zusammemarbeit – GIZ) က လုပ်ငန်းများကို တာဝန်ယူ အကောင်အထည်ဖော်သည်။

- INLAND MYSAP ကိုလည်း MYSAP အစီအစဉ်၏ ရည်မှန်းချက်ကို သီးခြား အကောင်အထည်ဖော်နိုင်ရန် ဉရောပ သမဂ္ဂ (EU) နှင့် (BMZ)က ရန်ပုံငွေပံ့ပိုးသည်။

- လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ ငါးလုပ်ငန်းဦးစီးဌာနသည် စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော်မည့် မိတ်ဖက်ဌာန ဖြစ်သည်။

- ကွင်းဆင်းဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သင်တန်းပို့ချခြင်း ပြုလုပ်ရန် အာရုံဦး၊ ဘရက်-မြန်မာနှင့် မာတီဆာ အင်တာနေရှင်နယ် တို့ကို ထပ်ဆင့်တာဝန်ပေးထားသည်။ ကလေးတွင် အိမ်ခြေ ၁၅၀၊ ရွှေဘိုတွင် အိမ်ခြေ ၂၅၆၊ ကျိုင်းတုံတွင် အိမ်ခြေ ၂၅၀ အတွက် ဆောင်ရွက်သွားမည်ဖြစ်သည်။

Source –INLAND MYSAP

 

 

 

 

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်