တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
Meteoblue (ICON Model) ၏ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီ ထုတ်ပြန်သော နေ့စဉ်မိုးရေချိန်ပြမြေပုံများ၊ အိန္ဒိယမိုးလေဝသဌာန (IMD) ၏ 16SEP Tropical Weather Outlook၊ ထိုင်းမိုးလေဝသဌာန မြေပြင်မိုးလေဝသမြေပုံ နှင့် ဂြိုဟ်တုပုံရိပ် (Update) များအရ စက်တင်ဘာလ ၁၆ ရက်မှ ၂၂ ရက်နေ့အထိ (၇ ရက်အတွင်း) မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မိုးရေချိန်ရရှိနိုင်မည့် အခြေအနေနှင့် မိုးလေဝသအခြေအနေခန့်မှန်းချက်ဖြစ်သည်။
၁။ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် နေ့စဉ်နှင့် ၇ ရက် စုစုပေါင်း ခန့်မှန်းမိုးရေချိန်ဇယား (mm)
(၇ ရက် စုစုပေါင်း ခန့်မှန်းမိုးရေချိန် အများဆုံး ရရှိနိုင်သည့်ဒေသမှ အနည်းဆုံး ဒေသအလိုက် High to Low Sorted ပြုလုပ်ထားပါသည်)

၂။ ဘင်္ဂလားပင်လယ်အော်၊ တောင်တရုတ်ပင်လယ် မုန်တိုင်းစနစ်များနှင့် မုတ်သုံလေ ဆုတ်ခွာမှု အခြေအနေ Analysis
ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်းသစ် ဖြစ်ပေါ်နိုင်ခြေ (IMD Outlook Update)
IMD ၏ 16SEP ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံ မြောက်ပိုင်းပေါ်ရှိ လေပွေလှိုင်းသည် စက်တင်ဘာ ၁၈ ရက် ညနေပိုင်းတွင် ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းသို့ ရောက်ရှိလာမည် ဖြစ်ပါသည်။
အဆိုပါ လေပွေလှိုင်း၏ အရှိန်ကြောင့် စက်တင်ဘာ ၁၉ ရက် ညနေပိုင်းတွင် ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းသစ်တစ်ခု စတင် ဖြစ်ပေါ်လာမည် ဖြစ်ပြီး၊ ထိုမှတစ်ဆင့် ပိုမို အားကောင်းလာကာ အိန္ဒိယနိုင်ငံ (South Odisha - North Andhra Pradesh) ကမ်းရိုးတန်းသို့ (အနောက်-အနောက်မြောက်ဘက်သို့) ဦးတည် ရွေ့လျားမည် ဖြစ်ပါသည်။
အနောက်တောင်မုတ်သုံလေအား အနည်း/အများနှင့် နေ့စဉ် မိုးအခြေအနေ
စက်တင်ဘာ ၁၆ - ၁၈ ရက် (မိုး ခေတ္တ အရှိန်လျော့မည့် ကာလ) မုတ်သုံလေမှာ အလယ်အလတ်အဆင့်သာ တည်ရှိပြီး မိုးရွာသွန်းမှု လျော့နည်းနေပါမည်။
စက်တင်ဘာ ၁၉ - ၂၁ ရက် (မိုးအား သိသိသာသာ ပြန်လည် မြင့်တက်လာမည့် ကာလ) ကပ္ပလီပင်လယ်ပြင်၌ ဖြစ်ပေါ်လာမည့် လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် အနောက်တောင်မုတ်သုံလေ ပြန်လည်အားကောင်းလာမည် ဖြစ်ရာ တနင်္သာရီ၊ မွန်၊ ကရင်၊ ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့တွင် မိုးအလွန်ကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
အနောက်တောင်မုတ်သုံလေ ဆုတ်ခွာမည့်အခြေအနေ ခန့်မှန်းချက်
ထိုင်းမိုးလေဝသ မြေပြင်မြေပုံ (Weather Chart) အရ တရုတ်နိုင်ငံမှ လေဖိအားမြင့်စနစ် (High Pressure System: H 1018-1022 hPa) သည် တရုတ်နိုင်ငံတောင်ပိုင်းနှင့် လာအို မြောက်ပိုင်းတို့တွင် ဆက်လက် သက်ရောက်နေဆဲ ဖြစ်ပါသည်။
စက်တင်ဘာ ၁၉ ရက်နေ့တွင် ကပ္ပလီပင်လယ်ပြင်၌ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာမည် ဖြစ်သောကြောင့် မုတ်သုံလေ ဆုတ်ခွာမှု ဖြစ်စဉ်ကို ခေတ္တ တားဆီးထားမည် ဖြစ်ပြီး မုတ်သုံလေ မြန်မာနိုင်ငံ မြောက်ပိုင်းမှ စတင်ဆုတ်ခွာခြင်းသည် စက်တင်ဘာလ တတိယပတ် အကုန် (စက်တင်ဘာ ၂၁-၂၄ ရက်) နောက်ပိုင်းသို့ ရွှေ့ဆိုင်းသွားဖွယ် ရှိပါသည်။
၃။ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် မြစ်ရေဆန်းစစ်ချက်
ဧရာဝတီတိုင်း (ငဝန်မြစ်တာကျိုးပေါက်မှု ဒေသများ - လေးမျက်နှာ၊ ငသိုင်းချောင်း၊ ကျုံပျော်၊ ရေကြည်)
စက်တင်ဘာ ၁၉ ရက်မှစ၍ ကပ္ပလီပင်လယ်ပြင် လေဖိအားနည်းရပ်ဝန်းကြောင့် မိုးရေချိန် 15mm မှ 40mm (၀.၆ လက်မ မှ ၁.၆ လက်မ)ခန့် ပြန်လည်မြင့်တက် ရွာသွန်းနိုင်ပါသည်။
အထူးသုံးသပ်ချက် - ငဝန်မြစ်တာကျိုးပေါက်မှုကြောင့် ရေကြီးရေလွှမ်းမိုးထားသည့် လေးမျက်နှာ၊ ငသိုင်းချောင်း၊ ကျုံပျော်နှင့် ရေကြည်မြို့နယ်များတွင် စက်တင်ဘာ ၁၉-၂၁ ရက် မိုးပြန်ကြီးမည့် အရှိန်ကြောင့် မြစ်ရေကျဆင်းမှု ပိုမို နှောင့်နှေးကြန့်ကြာမည် ဖြစ်ရာ ရေလွှမ်းမိုးမှု အခြေအနေမှာ လာမည့် ၇ ရက်အတွင်း ဆက်လက် တည်ရှိနေဦးမည် ဖြစ်ပါသည်။
တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် - စက်တင်ဘာ ၁၉ မှ ၂၁ ရက်အတွင်း မုတ်သုံလေ ပြင်းထန်စွာ ပြန်လည်အားကောင်းလာမည် ဖြစ်သောကြောင့် နေရာကွက်ကျား မိုးကြီးသည့်အခြေအနေပြန်လည် ဖြစ်ပေါ်နိုင်ပါသည်။ တောင်ခြေ လျှိုမြောင်များအတွင်း ရုတ်တရက် တောင်ကျရေကျဆင်းခြင်း/လျှံခြင်းနှင့် တောင်ကုန်း/တောင်စောင်း မြေပြိုခြင်းတို့ကို အထူးသတိပြုရန် လိုအပ်ပါသည်။
ပဲခူးတိုင်း (တောင်ပိုင်း/အရှေ့ပိုင်း) နှင့် ရန်ကုန်တိုင်း - စက်တင်ဘာ ၁၉-၂၁ ရက်များတွင် လေဖိအားနည်းရပ်ဝန်း တိမ်တိုက်များကြောင့် မိုးအရှိန် ပြန်လည်မြင့်တက်လာမည် ဖြစ်၍ မြို့ပြ ရေဝပ်မှုနှင့် မြေနိမ့်ပိုင်း စိုက်ပျိုးမြေများ ရေလွှမ်းမိုးနိုင်ခြေကို ကြိုတင် ပြင်ဆင်ထားရန် လိုအပ်ပါသည်။
မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။
ဆက်စပ်ဆောင်းပါးများ
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
ဆက်စပ်မေးခွန်းများ
ဘာရောဂါကြတာလဲဗျ ဓာတ်မြေတောင်းတာလား ရောဂါကြတာလားသိရင်ပြောပြကြပါအုံးဗျ
naymyoaung • ဖြေကြားချက် 1 ခု
စပါးတစ်ပင်လုံးခြောက်ပြီးအောက်ကိုပျော့ပီးကျသွားပါတယ်အဲဒါရောဂါလားပိုးလားသိချင်ပါတယ်တစ်ခင်းလုံးအရွက်တွေခြောက်ကုန်တာပါ
Ko Myo Ko • ဖြေကြားချက် 1 ခု
စပါးရွက်ဖျားတွေခြောက်လာတာ အကွက်လိုက်သေကုန်တာကို ဘယ်လို ကာကွယ်ကုသလို့ရမလည်းခင်ဗျာ
kyaw swar lay • ဖြေကြားချက် 1 ခု
ဆရာခင်ဗျ အီမာမက်တင် ဘက်ဇိုရိတ် ၁၀% လန်ဒါဆိုဒ်ဟေသရင် ၁၅% အဲ့ AI နှစ်မျိုးအပြင် အခြား AI နဲ့ ဆေးအမည်လေးပြောပေးပါအူး ခရမ်းခေါင်းသီးလုံးဖောက်ပိုးနိုင်ချင်လို့ပါဆရာ အခု AI နှစ်မျိုးက ဆေးဖျန်းတာ ၃ ကြိမ်ရှိနေပီမို့ပါဆရာ
U Yan • ဖြေကြားချက် 5 ခု
ဆရာကြီးဗျာကျွန်တော်ကပိုတက်ကျွေးထားတာပါ စပါးဖုံးချိန်မှာ သူများတွေကပုလဲကျွေးတယ်အခင်းချင်ရှင်ကြည်ုရာမှာ ကျွန်တော့အခင်းက စပါးနှံအထွက်နောက်ကျသလိုခံစားရတယ် ဒါဟာပုံမှန်ဖြစ်နေကျလာသိချင်လိုပါ သူများထက်2ရက်စောပါတယ်ဆင်းသုခစပါးအချင်းချင်းပါ
KO Thiha lin • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
More from ဦးဝင်းနိုင်
အားလုံး
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
မွန်နှင့် ကရင်ပြည်နယ်တို့တွင် မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းနိုင်
02/09/2026