အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဘိုင်အိုချာလား.. ပြာလား..

ဘိုင်အိုချာလား.. ပြာလား..

Htunn Winn Kyaw
Htunn Winn Kyaw 15/09/2026
00:00
00:00

ဝါဝါမြင်တိုင်း ရွှေမထင်နဲ့ဆိုသလိုမျိုး စပါးခွံဖွဲပြာမြင်တိုင်း ဘိုင်အိုချာမဟုတ်ပါဘူး။

ဘာလို့လဲဆိုတော့ ထုတ်လုပ်ပုံ နည်းစနစ်မတူတာကြောင့်ပါ။ စပါးခွံဖွဲပြာဟာ မီးလောင်ပြီးတော့ ထွက်လာတဲ့ ပြာပါ။
အဲ့ဒီမှာ အောက်စီဂျင်ပါပါပြီးတော့ လောင်တာက ရိုးရိုးစပါးခွံဖွဲပြာ ဖြစ်ပြီးတော့ အောက်စီဂျင် မပါအောင်/ နည်းအောင် လုပ်ပြီးတော့ မီးရှို့ထားတဲ့ ပြာကျတော့ ဘိုင်အိုချာ ဖြစ်လာပါလေရော။

ဆိုတော့ အလွယ်မှတ်ရင်တော့ အောက်စီဂျင်ပါပြီးတော့ ရိုးရိုးမီးရှို့ပြီး ရလာတဲ့ ပြာက - ရိုးရိုးပြာ။


အောက်စီဂျင်မပါအောင် ဒါမှမဟုတ် မီးလောင်ရုံလောက် အောက်စီဂျင်လေး နည်းနည်းနဲ့ ပြာချထားတဲ့ဟာက ဘိုင်အိုချာ….

သူတို့ (၂) ခု အကျိုးကျေးဇူး ဘာကွာလဲဆိုတာကိုပြောပြမယ်။


စပါးခွံ ဘိုင်အိုချာမှာက ၄၀-၅၀ ရာခိုင်နှုန်းလောက်က ကာဘွန်ပါပြီးတော့ အော်ဂဲနစ်ပါဝင်မှုက တည်ငြိမ်တယ်။
လေဝင်ပေါက်တွေများပြီးတော့ မြေကြီးထဲ အစိုဓာတ်ထိန်းပေးနိုင်သလို လေဝင်လေထွက်ကိုလည်း ထိန်းညှိပေးနိုင်တယ်။ ရေထိန်းစွမ်းအားကောင်းတယ်။ ဓာတ်ဖိုဖလှယ်စွမ်းအား ကောင်းမွန်တာကြောင့်မို့လို့ အာဟာဓာတ်တွေကို ဖလှယ်ထုတ်ပေးနိုင်တယ်။ အာဟာရဓာတ်တွေကို ထိန်းထားပေးနိုင်တယ်။ မြေချဉ်ငံကိန်းဆိုရင်လည်း သူက တည်ငြိမ်အောင် အချိန်ကြာကြာထိန်းထားပေးနိုင်တယ်။

ဒါဆိုရင်ပြာက မကောင်းဘူးလား

မဟုတ်ပါဘူး ကောင်းပါတယ်။ မထည့်တာထက်စာရင် ထည့်လို့ရပါတယ်။
သူ့မှာက ၈၉ - ၉၅ ရာနှုန်းက စီလီကာ ဖြစ်သွားတယ်။ အနည်းလို အာဟာရဓာတ်တွေပါတယ်။ သူလည်း မြေသားကို မွစေတာပဲ။ လေဝင်လေထွက်ကောင်းစေတယ်ပေါ့။ ဒါပေမဲ့ ဘိုင်အိုချာလောက်တော့ မကောင်းဘူး။ နောက်ထပ်မကောင်းတာက ရေထိန်းအားလည်း ဘိုင်အိုချာနဲ့ ယှဉ်ရင် နည်းတယ်။ မြေသြဇာကိုထိန်းထားနိုင်စွမ်းမရှိဘူး။ ကာဘွန်က တစ်ခါတည်း မီးနဲ့ လိုက်လောင်သွားတော့ မြေကြီးထဲကို ကာဘွန်မဖြည့်ပေးနိုင်တော့ဘူး။ ထည့်ထာများရင် မြေချဉ်လာတတ်တယ်။ ပြီးတော့ သူ့ကို ခရုတို့ ပက်ကျိတို့လိုမျိုး ခန္ဓာကိုယ်ပျော့ပြောင်းတဲ့ ကောင်တွေက ကြိုက်ကြတော့ အပင်တွေနားကို အဲ့လိုကောင်လေးတွေ ရောက်လာနိုင်တယ်။

 
အိမ်မှာရော ဘိုင်အိုချာကို ကိုယ်တိုင်လုပ်လို့ရလား

ရတာပေါ့…..

ဘာတွေနဲ့လုပ်လို့ရလဲ

  • သစ်သား

  • လွှစာမှုန့်

  • ဝါး

  • စပျစ်ကိုင်း၊ ပန််းသီးကိုင်း တွေလိုမျိုး

  • အုန်းခွံ၊ စပါးခွံ၊ ကောက်ရိုး၊ ကြံကြိတ်ဖတ်တွေ

  • ပင်စည်ခြောက်တွေ - ခရမ်းချဉ်၊ နေကြာပင်လိုမျိုး

  • ကြက်ချေး၊ နွားချေး၊ ဝက်ချေး

သစ်သားတွေက ဆေးသုတ်ထားတာမျိုးဆို မရပါဘူး။ ပလပ်စတစ်ပစ္စည်းတွေ ကြိုးတွေ ဘာတွေ ထည့်လို့မရပါဘူး။ ကတ်ထူစက္ကူနဲ့ အရောင်ပါတဲ့ တောက်တောက်ပပ စက္ကူတွေလည်း ပါလို့ မရသလို စိုစွတ်တဲ့ အစိမ်းအတိုင်းရှိနေတဲ့ သစ်ရွက်သစ်ကိုင်းတွေ မရပါဘူး။

အိမ်မှာလုပ်တဲ့နည်းက မြေကျင်းတူးပြီး မီးရှို့ရတာပါ။ အဝအကျယ် (၃) ပေနဲ့ ကတော့လိုမျိုး အောက်ကို ကျဉ်းသွားတဲ့ပုံစံ ကျင်းတူးပြီးတော့ မီးရှို့ရင် အောက်စီဂျင်ကို ဖြတ်လိုက်တဲ့ အကျိုး အာနိသင်ရတာမို့လို့ အဲ့လို မီးရှို့လိုရပါတယ်။
မီးပုံဖိုပြီး ပြာကျလာရင် နောက်တစ်လွှာထပ်ထည့်။ ပြီး နောက်တစ်လွှာထပ်ထည့်နဲ့ အဆင့်လိုက်လုပ်သွားပြီးတော့ အကုန်မဲသွားပြီဆိုရင် ရေဖျန်းလိုက်ရမှာပါ။ မဖျန်းပဲ ဆက်ထားတယ်ဆိုရင် ပြာဖြစ်သွားမှာဆိုတော့ ပြာဖြစ်တဲ့အထိ စောင့်လို့မရလို့ ရေဖျန်းလိုက်ရမှာပါ။
အဲကနေ ဘိုင်အိုချာကို ထုတ်ယူလို့ရပါပြီ။

တွင်းမတူးချင်ဘူးဆိုရင် မီးရှို့ထားထားတဲ့ သံပုံးကို အောက်ခြေနား အုတ်ခဲ ခုပြီး တိုင်ကီ ဝိုင်းနဲ့ အုပ်ထားလို့ရပါတယ်။ သံတိုင်ကီက (၂)ဖက်လုံး အပေါက်ဖြစ်နေရမှာပေါ့။
သံဇလုံထဲ ခုဏကလို မီးမွှေးပြီး ဘေးမှာ တိုင်ကီအုပ်ချလ်ိုက်၊ အောက်ခြေနား လေနည်းနည်းဝင်အောင် အုတ်ခဲလေးခံပြီး တိုင်ကီတင်ထားရင် လည်း အောက်စီဂျင်နည်းနည်းနဲ့ ဘိုင်အိုချာ ထုတ်လို့ရပါတယ်။

ကွာခြားချက်လည်းသိသွားပြီ။ ကိုယ်တိုင်လည်း ထုတ်နည်းသိသွားပြီဆိုတော့ အချိန်လေးများလည်းရတယ်။ ဝါသနာလည်း ပါတယ်ဆိုရင် လိုက်လုပ်ကြည့်လို့ရပါတယ်။

ကိုးကားလင့်ခ်

https://www.researchgate.net/publication/41940835_Rice_Husk_Biochar_for_Rice_Based_Cropping_System_in_Acid_Soil_1_The_Characteristics_of_Rice_Husk_Biochar_and_Its_Influence_on_the_Properties_of_Acid_Sulfate_Soils_and_Rice_Growth_in_West_Kalimantan_In#:~:text=Rice%20husk%20biochar%20had%20a%20CEC%20of,from%20Chromolaena%20is%20about%20the%20same%20as.

https://www.mdpi.com/2223-7747/12/7/1524

https://www.scribd.com/document/840755387/Kon-Tiki-Essential-manual-V7#:~:text=The%20Kon%2DTiki%20deep%2Dcone%20flame%2Dcurtain%20process%20was%20developed,the%20pacific.%20Why%20the%20Kon%2DTiki%20biochar%20kiln%3F

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

စပါးမျိုးကဗျော့ထွန်းဖုံးနေပါပြီ အရွက်မှာအစင်းတွေ့နေလို့ ပီပိုလန်နဲ့ပိုးသတ်ဆေးဖျန်းချင်လို့ရမလားခင်ဗျဖြေပေးပါ

သက်ခိုင်လွင် • ဖြေကြားချက် 1 ခု

အပင်အားဆေးနဲ့ပိုးသက်ဆေးရောဖျန်းလို့ရလာဗျ

naymyoaung • ဖြေကြားချက် 1 ခု

ဆရာတို့ခင်ဗျာ အောက်ကပုံက အရင်နေ့ကမှိုကျလို့မေးထားတဲ့ပုံပါခင်ဗျာ ဆရာတို့ပြောသလို မှိုဆေး‌သုံးထားပြီးပါပြီ မြေဩဇာအနေနဲ့ ပိုတက်သုံးရမလား ဘာမြေဩဇာသုံးရပါမလဲခင်ဗျာ ဘယ်နှစ်ရက်လောက်ကြာရင်သုံးရမလဲနဲ့ တစ်ဧကကိုဘယ်လောက်နှုန်းနဲ့ သုံးရပါမလဲ ဖြေပေးပါအုံးခင်ဗျာ

U San • ဖြေကြားချက် 3 ခု

ဧရာပဒေသာ၆၃ရက်သားအပေါ်အရွက်၃ရွက်အောက်ကအရွက်ရင့်တွေပုံပါအတိုင်းဖြစ်နေလို့ရောဂါလားအဟာရတောင်းတာလားခဗျပိုးတော့ရှင်းပါတယ်ခဗျာ

kyaw zin • ဖြေကြားချက် 4 ခု

အပင်ကြ‌ီးထွားမူကောင်းအောင်ဘာဆေးတြွေဖန်းရမလဲဘာ‌ေြမဆီတွေကျွေးရမလဲဗျ

,ရဲ‌ေကျာ် • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။