လာမည့် ၃ ရက်အတွင်း မိုးများနိုင်၊ မိုးနည်းနိုင်သည့်ဒေသများ
မုတ်သုံလေအားအလွန်ကောင်းနေမှုနဲ့အတူ လာမယ့် ၃ ရက်အတွင်း တစ်နိုင်ငံလုံးနီးပါးမှာ မိုးရွာ သွန်းမှုတွေ၊ မိုးများမှုတွေ ဆက်ရှိနိုင်ကာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်မှာတော့ မိုး အလွန်များ နိုင်တယ်လို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကိုကိုးကားပြီး မိုးလေဝသ ခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။
ဒီလို မိုးတွေများနေတာဟာ ဘာကြောင့်လဲ၊ ဒီနေ့ ဇွန် ၂၃ ရက် မွန်းလွဲ ၃ နာရီကနေ ဇွန် ၂၅ ရက် မွန်းလွဲ ၃ နာရီထိ ဘယ်ဒေသတွေမိုးများနိုင်လဲ၊ ဘယ်ဒေသတွေ မိုးနည်းနိုင်လဲ ဆိုတာတွေကို ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။
မိုးတွေများနေတာ ဘယ်လို အကြောင်းတွေကြောင့်လဲ?

“ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် ကိုးလ်ကတ္တားရဲ့တောင်ဘက်မှာ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်နေတယ်။ ၂၇၊ ၂၈ လောက်ထိ အဲ့ဒီလိုပဲ ကုန်းတစ်ပိုင်း၊ ရေတစ်ပိုင်းနဲ့ရွေ့နေမှာ။ ပြီးမှ အိန္ဒိယကုန်းတွင်းကို ကုန်းတွင်းမုန်တိုင်းအဖြစ်ဝင်သွားမယ်လို့ တွေ့ ထားတယ်။ သူ့ရဲ့အရှိန်ကြောင့် အခု မုတ်သုံလေတအားအားကောင်းလာပြီး မိုးတွေများလာတာပေါ့။ အထိဆုံးကတော့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်လုံးပဲ။ အဲ့ဒီအားကောင်းတဲ့မုတ်သုံလေက အလယ် ပိုင်းဒေသတွေနဲ့ ဟိုး ကချင်ပြည်နယ်အထက်ပိုင်းထိ ရောက်တယ်။ အမြင့်ပေ ၅၀၀၀ လောက်မှာ တစ်နာရီ မိုင် ၃၀ လောက်နဲ့တိုက်ပြီးတော့ ဘင်္ဂလားပင်လယ်အော်တစ်ခုလုံးမှာဖြစ်တဲ့မိုးတိမ်တွေကို ဆွဲသွင်းနေတဲ့အခြေအနေဖြစ်နေတာ။ အဲ့ဒီအရှိန်က ၂၈ ရက်နေ့လောက်ထိ ရှိနေနိုင်တယ်”
မိုးအများဆုံးဖြစ်နိုင်တဲ့ဒေသများ
ရခိုင်ကမ်းရိုးတန်းတစ်လျှောက် - မိုးရေချိန်စုစုပေါင်း ၆.၇ လက်မအထိ ရွာနိုင်
“ အများဆုံးဖြစ်မှာက ရခိုင်ပဲ။ ၃ ရက်အတွင်းမှာ ရခိုင်ကမ်းရိုးတန်းက စစ်တွေဝန်းကျင်ပေါ့။ ပြောမယ်ဆိုရင် ရခိုင်ကမ်းရိုးတန်းက မြို့တွေတစ်လျှောက်လုံးပါတယ်။ ဂွကနေစပြီးတော့ ဟိုး ဘင်္ဂလားဒေ့ရှ်နယ်စပ်ထိ။ အကုန်မိုးကောင်းမယ်။ ချင်းပြည်နယ်တောင်ပိုင်းလေးတောင် ကွက်ကွက်ကလေးပါတယ်။ စမီးတို့၊ ပလက်ဝဒေသလေးတွေ ”
ဒုတိယမိုးအများဆုံးဖြစ်နိုင်သည့်ဒေသများ
ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ဒေသအချို့။
“ ဘယ်လောက်များနိုင်လဲဆိုရင် ဗန်းမော်နဲ့လိုင်ဇာပတ်ဝန်းကျင်ဆို ၃ ရက်အတွင်း ၆ လက်မကျော်ထိ မိုးများနိုင်တယ်။ ရှမ်းပြည်နယ်အနေနဲ့ပြောမယ်ဆိုရင် လားရှိုးနဲ့ကွတ်ခိုင်ကြားထဲမှာ ၅ လက်မလောက်ထိများနိုင်တယ်။ မိုင်းတုံဘက်မှာ ၄ လက်မလောက်ဖြစ်မယ်။ ပြီးတော့မှ အောက်ဘက်ကိုဆင်းလာရင် မိုင်းရှူး၊ နမ့်စမ်၊ ကျိုင်းတုံပတ်ဝန်းကျင်တွေမှာက ၃ လက်မခွဲလောက်ထိ များနိုင်တယ်။ တာချီလိတ်ဘက် ရှမ်းပြည်နယ်အရှေ့ပိုင်းမှာတော့ အရမ်းမများဘူး။ ၂ လက်မ အများဆုံးပဲ”
“ ပဲခူးဆိုရင် ညောင်လေးပင်၊ တောင်ငူနဲ့ နေပြည်တော်နဲ့ထိစပ်တဲ့နေရာတွေအထိက ၃ လက်မခွဲကနေ ၄ လက်မလောက်သွားမှာ။ ၃ ရက်အတွင်းမှာ”
“ ရန်ကုန်တိုင်းမှာဆိုရင်တော့ ၂ လက်မခွဲကနေ ၃ လက်မ လောက်ထိ ရှိနိုင်တယ်။ ပဲခူးထက်စာရင်တော့ နည်းတယ်။ ဧရာဝတီတိုင်းဆိုရင် ကမ်းရိုးတန်းနဲ့ကပ်တဲ့ ဖျာပုံ၊ ဘိုကလေး နေရာတွေလောက်ပဲ ၁ လက်မကျော် ၂ လက်မကြားလောက် မိုးနည်းနိုင်တယ်။ ကျန်တဲ့နေရာတွေ မှာတော့ ၂ လက်မအထက် တွေချည်းမိုးများနိုင်တယ်”
“ မွန်၊ ကရင်၊ တနင်္သာရီဘက်ဆိုရင် အများဆုံး ၃ လက်မခွဲပဲ။ မော်လမြိုင်၊ ဘားအံ၊ ကော့ကရိတ်ဘက် ပေါ့။ နောက်ပြီးတော့ ရေး၊ လမိုင်းအထိ။ ထားဝယ်ကနေစပြီးတော့တော့ မိုးနည်းသွားမယ်။ ကော့သောင်ဘက်မှာဆို ၁ လက်မလောက်တောင် မရွာတော့ဘူး”
မိုးနည်းနိုင်သည့်ဒေသများ
“ အနည်းဆုံးကတော့ မကွေးနဲ့ ကယားပြည်နယ် လွိုင်ကော်ပတ်ဝန်းကျင်မှာပဲ။ ဒါတောင် နည်းနည်း ပါးပါးတော့ရွာမှာ။ မိုးလုံးဝတိတ်နေမှာမျိုးတော့မဟုတ်ဘူး”
Photos Crd_ U Win Naing, မိုး/ဇလ
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
KyawNaing
လွန်ခဲ့သော ၃ နှစ် က္24/6/2023.ညနေက မိုး ရွာ သွား ပါ တယ် ။
Min Min
လွန်ခဲ့သော ၃ နှစ် ကစစ်ကိုင်းတိုင်းအောက်ပိုင်းရော မိုးရွာနိင်လားဗျ
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026