လမ်းလျှောက်ပါက လည်နေပြီး မကြာမီသေဆုံးသွားစေနိုင်သည့် သန်လည်ရောဂါ

09/08/2022 18:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

သန်လည်ရောဂါ (circling disease) ဟာ သိုး၊ ဆိတ်များတွင် အဖြစ်များပြီး သန်ပြားကောင်တစ်မျိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ ရောဂါဖြစ်သည့်တိရစ္ဆာန်မှာ လမ်းလျှောက်ပါက လည်နေတတ်ပြီး ဦးနှောက်ထိခိုက်သေဆုံးစေနိုင်၍ သတိပြုသင့် သည့် ရောဂါတစ်မျိုးဖြစ်ပါသည်။

ရောဂါဖြစ်ပွားစေသည့်အကြောင်းအရင်းမှာ 

- သန်ပြားကောင်တစ်မျိုးဖြစ်သော Taenia multiceps ၏ သားလောင်းအဆင့်ကြောင့် ဦးနှောက်တွင် အရည်အိတ်ဖြစ်ပေါ်ရာမှ ဦးနှောက်ပျက်စီးပြီး အာရုံကြောလက္ခဏာများ ပေါ်ပေါက်ရခြင်းဖြစ်ပါသည်။

ရောဂါကူးစက်ပုံမှာ

- သက်ကြီးသန်ပြားကောင်သည် ခွေး၏အူထဲတွင်နေပြီး ဥများပါသော ခန္ဓာကိုယ်အဆစ်ပိုင်းများကို ခွေး၏မစင်ထဲတွင် စွန့်ချပါသည်။

ထိုအဆစ်ပိုင်းများသည် သိုး၊ဆိတ်များ၏ စားကျက်ပေါ်သို့ ရောက်ရှိသွားပါက ဥများထွက်လာပါသည်။

ထိုဥများကို သိုး၊ ဆိတ်များက စားမိသောအခါ ခန္ဓာကိုယ်အနှံ့ အပြားသို့ သားလောင်းအဖြစ်ရောက်ရှိသွားပြီး အရည်ကြည်အိတ်များ ဖြစ်ပေါ်စေပါသည်။

အကယ်၍ အရည်ကြည်အိတ်သည် ဦးနှောက်သို့ရောက်ရှိသွားပြီး တဖြည်းဖြည်းကြီးလာသည့်အခါ ဦးနှောက်ကို ထိခိုက်စေပြီး အာရုံကြောလုပ်ငန်းများကို ပျက်စီးစေပါသည်။

ဦးနှောက်၏ ညာဘက်တွင် အရည်ကြည်အိတ်ဖြစ်ပါက တိရစ္ဆာန်လမ်းလျှောက်သည့်အခါ ရှေ့မရောက်ဘဲ ဘယ်ဖက်သို့လည်နေပြီး ဦးနှောက်ဘယ်ဖက်တွင် ဖြစ်ပါက ညာဖက်သို့ လည်နေမည်ဖြစ်ပါသည်။

အရည်ကြည်အိတ်များကို အရေပြားအောက်တွင်လည်း တွေ့ရလေ့ရှိပြီး ထိုအရည်ကြည်အိတ်များကတော့ ပြဿနာတစ်စုံတစ်ရာ ပေးလေ့မရှိပါ။

သို့သော် အဆိုပါအရည်အိတ်များကို ခွေးကပြန်စားမိသောအခါတွင်မူ သားလောင်းသည် ခွေးထံသို့ ရောက်ရှိသွားပြီး သက်ကြီးကောင်အဆင့်သို့  ပြန်လည်ဖွံ့ဖြိုးလာနိုင်ပါသည်။

ရောဂါလက္ခဏာအနေဖြင့်

တိရစ္ဆာန်လမ်းလျှောက်သည့်အခါ ရှေ့မရောက်ဘဲ တစ်ဖက်ဖက်သို့ လည်နေပြီး ရက်အနည်းငယ်ကြာသည့်အခါ သေဆုံးသွားနိုင်ပါသည်။

အသေကောင်အား ခွဲစိတ်စစ်ဆေးမှု

သန်လည်ရောဂါဖြင့်သေဆုံးသော တိရစ္ဆာန်အား ဦးခေါင်းခွံ ကို ခွာကြည့်ပါက ဦးနှောက်တွင် အရည်အိတ်ဖြစ်ပေါ်နေသည်ကို တွေ့ရပါမည်။

ရောဂါစစ်ဆေးမှု

သန်လည်လက္ခဏာနှင့် ဦးနှောက်အရည်ကြည်အိတ်ကို ကြည့်ရှုခြင်းဖြင့် ရောဂါအမည်ဖော်ထုတ်နိုင်ပါသည်။

ကာကွယ်ခြင်းနှင့်ကုသခြင်း

သားသတ်ရုံမှ သိုး၊ ဆိတ်အပိုင်းအစများအား ခွေးများမစားနိုင်အောင် စနစ်တကျစွန့်ပစ်ရပါမည်။ 

ခွေးများရှိပါက Praziquantel ဆေးဖြင့် သန်ချပေးရပါမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်