အစိမ်းရောင်လမ်း
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?

ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?

Htunn Winn Kyaw
Htunn Winn Kyaw 22/08/2026
00:00
00:00

ရေကြီးရေမြုပ်ဒဏ်ခံကြရတဲ့ ဒေသတွေမှာ ရေကြီးနစ်မြုပ်မှုအပြီးမှာ ဘာတွေကို လုပ်ကြမလဲ​ ဘာတွေကို လုပ်ဖို့ လိုအပ်မလဲဆိုတာကို တင်ဆက်ပေးထားပါတယ်။

ပထမဆုံးလိုအပ်ချက်ကတော့ မြေဆီလွှာကို ပြန်လည်ပြုပြင်ဖို့ဖြစ်ပါတယ်။

မြေဆွေးတွေ ပြန်လည်ထည့်ပေးဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ ရေတိုက်စားမှု့ကြောင့် မြေဆီလွှာအပေါ်ပိုင်းက ကောင်းမွန်တဲ့ မြေသားတွေတိုက်စားခံသွားရတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်မို့ မစိုက်ခင်မှာ မြေဆီလွှာကို မြေဆွေးတို့ နွားချေးတို့ လိုမျိုး သဘာဝမြေသြဇာတွေကို ပြန်လည် ထည့်သွင်းပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ ရေတွေ အစိုဓာတ် ကျန်ရှိမှု များနိုင်တာကြောင့်မို့လို့ ဘောင်ဖော်စိုက်ပျိုးတာက အကောင်းဆုံးဖြစ်ပါတယ်။

မြေချဉ်ငံကိန်းကိုလည်း ပြန်လည် တိုင်းတာရပါမယ်။

ရေဝပ်သွားတဲ့ မြေတွေဟာဆိုရင် အချဉ်ပေါက်သွားတတ်တာကြောင့်မို့ မြေချဉ်ငံကိန်းကိုလည်း ပြန်လည် စစ်ဆေးသင့်ပါတယ်။ လိုအပ်ရင် ထုံးထည့်တာမျိုးကို သက်ဆိုင်ရာ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး ပြုလုပ်ရမှာဖြစ်ပါတယ်။

သင့်တော်တဲ့ စိုက်ပျိုးသီးနှံတွေကို ရွေးချယ််ပြီးတော့ အချိန်မှီလေး စိုက်ပျိုးဖို့ လိုအပ်ပါတယ်။

ကာလတိုတဲ့ သီးနှံတွေကို မိမိတို့ ရာသီဥတုနဲ့ကိုက်ညီမှုရှိ မရှိိ ဆိုတာနဲ့ တိုင်းတာဆုံးဖြတ်ပြီး ပဲတီစိမ်းလို မတ်ပဲလို သီးနှံတွေကို မြေအစိုဓာတ်နဲ့ ချိန်ပြီး စိုက်ပျိုးလို့ရနိုင်ပါတယ်။

ဘယ်လို သီးနှံတွေကို စိုက်ပျိုးကြမလဲဆိုရင်

ရက်တိုတိုနဲ့ ငွေရလွယ်မဲ့ သီးနှံတွေ

သက်တမ်းအားဖြင့် ရက် (၃၀) ကနေ (၄၅) ရက်အတွင်းမှာ ခူးပြီးတော့ ရောင်းလို့ရမဲ့ သီးနှံတွေဖြစ်တဲ့

  • ကန်စွန်း - ရေကြိုက်ပြီးတော့ အလွယ်တကူစိုက်ပျိုးအောင်မြင်နိုင်ပြီး စားသုံးမှုများတဲ့ သီးနှံဖြစ်ပါတယ်။

  • ချဉ်ပေါင် - ဂရုစိုက်စရာအရမ်းမလိုပဲ မြန်မြန်ဆန်ဆန်ကြီးထွားနိုင်ပါတယ်။

  • ဟင်းနုနယ်၊ ကင်ပွန်းချဉ် - မြေအစိုဓာတ်ရှိရင် စိုက်လို့ရပြီးတော့ အထွက်လည်းကောင်းတဲ့ ရက်တိုသီးနှံဖြစ်ပါတယ်

  • မုန်ညှင်းအုပ်စု - (စိမ်း/ဖြူ) - တစ်လကျော်နဲ့ ဝင်ငွေ မြန်မြန်ပေါ်နိုင်တဲ့ သီးနှံအမျိုးအစားပါ

သက်တမ်း (၆၀) ကနေ (၉၀) လောက်ထိ အချိန်ရခဲ့မယ်ဆိုရင်တော့

ပဲတီစိမ်း မတ်ပဲ တို့ကို စိုက်ပျိုးနိုင်သလို ပြောင်းချို ကိုလည်း စိုက်ပျိုးနိုင်ပါတယ်။

အစိုဓာတ်တအားများရင်လည်း အပင်တွေမှာ မှိုရောဂါ ကျတတ်တဲ့အတွက်ကြောင့်မို့လို့ မှိုသတ်ဆေးလူးနယ်ထားတဲ့ မျိုးစေ့ မဟုတ်ရင် မျိုးစေ့ကို မှိုသတ်ဆေးလူးနယ်ပြီးတော့မှ စိုက်ပျိုးရင် အကောင်းဆုံးဖြစ်ပါတယ်။

ရေတွေကျသွားရင် တောင်သူဦးကြီးတို့ မိသားစုမှာလည်း အာဟာရဓာတ်တွေ မြန်မြန်ပြည့်ဝပြီးးတော့ ကျန်းမာသန်စွန်းနေဖို့ လိုပါတယ်။ 

photo crd from Myanmar Now

Photo crd #Myanmar Now

ဒါကြောင့်မို့ စားသုံဲးသင့်တဲ့ အသီးအနှံတွေကိုလည်း ကိုယ်တိုင် စိုက်ပျိုး စားသုံးနိုင်ဖို့အတွက် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျ။

အသားဓာတ်အတွက်

အသားဓာတ်ကို အသားကပဲရတာမဟုတ်ပါဘူး။

မိသားစု ချက်ပြုတ်စားသောက်လို့ရတဲ့ ပဲမျိုးစုံကနေ အသားဓာတ်ကို ရနိုင်ပါတယ်။ ပဲတီစိမ်းနဲ့ ပဲလွန်းတို့လိုမျိုးဆိုရင်တော့ သက်တမ်းလည်းတိုသလို ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အသားဓာတ် (ပရိုတင်း) ကို အပြည့်အဝ ပေးနိုင်ပါတယ်

သံဓာတ်၊ ဗီတာမင် အေ၊ ဗီတာမင် စီ တို့ ကြွယ်ဝတဲ့ အသီးအနှံတွေ

ဟင်းနုနယ်၊ ကန်စွန်းရွက်၊ ဒန့်သလွန် ရွက်တွေမှာ အများကြီးပါဝင်ပါတယ်။ သွေးအားကောင်းစေတယ်။ ဖျားနာမှုတွေကို ကာကွယ်ပေးတယ်။ သွေးအားနည်းတာ ကိုယ်ခံအားကျတာတွေအတွက် အကောင်းဆုံးပါ။

ထပ်ပြီးတော့ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်မဲ့ သီးနှံတွေ အနေနဲ့

ချင်း၊ ကြက်သွန်၊ သံပုရာ၊ ငရုတ် တို့ကို စိုက်ပျိုး စားသုံးပေးနိုင်ပါတယ်၊ သဘာဝရဲ့ ဓာတ်တိုးဆန့်ကျင့် ပစ္စည်းတွေပါဝင်ပြီးတော့ ကိုယ်ခံစွမ်းအားကို တိုးတက်ကောင်းမွန်စေပါတယ်။

ခွန်အားတိုးဖို့ဆိုရင် ဖရုံပင်နဲ့ ပြောင်းဖူးကိုစိုက်ပျိုးစားသုံးပါ။

ဖရုံညွှန့်နဲ့ ဖရုံသီးတွေမှာ ဗီတာမင် အေ ကြွယ်ဝပြီးတော့ အမြင်အာရုံအတွက်ရော အရေပြားအတွက်ပါ ကောင်းမွန်စေပါတယ်။ ပြောင်းဖူးက ကာဗွန်ဟိုက်ဒရိတ် အများကြီးပါလို့ လှုပ်ရှားသွားလာနိုင်ဖို့အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ပေးနိုင်ပါတယ်။

အစာလည်းဆေး ဆေးလည်းအစာဖြစ်ပြီး ကျန်းမာကြွယ်ဝကြပါစေ၊ အမြန်ဆုံးပြန်လည်ထူထောင်နိုင်ကြပါစေ။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

မတ်ပဲဈေးအခြေနေလေးသုံသပ်ပေးကြပါအုန်း ဆက်တက်နိုင်လား ကျသွားနိုင်လားဆိုတာကို

Thaw Zin Oo • ဖြေကြားချက် 1 ခု

သဘ်ောပင် ရေနာသွားရင် ဘာလုပ်သင့်လည်း ခင်ဗျ အရွက်လေးတွေ နည်းနည်းဝါ သွားတယ် ခင်ဗျ

ကျော်ရဲအောင် • ဖြေကြားချက် 2 ခု

မြနှင်းပုလဲမျိုးအကြောင်းလေးသိချင်လို့ပါ သိတဲ့သူများပြောပေးကြပါ

Ma Tin Nilar Htun • ဖြေကြားချက် 1 ခု

ဓာတ်ပုံထဲမှာပါတဲ့ ပဲပုပ်မျိုးက မိုးတွင်းမှာစိုက်ရင် သီးတောင့်သီးတဲ့ အချိန်အထိကို အပင်ကြီးထွားမှုက ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက်ကြီးထွားနေတာကို ရပ်တန့်ချင်တာပါ။ ဖြစ်နိုင်လျှင် ကိုးကားချက်ကို download ဆွဲလို့ရအောင် pdf file or word file ပေးရင်ပိုကောင်းပါမယ်။ ကောင်းသောနေ့ဖြစ်ပါစေ။

ye min oo • ဖြေကြားချက် 1 ခု

ဆဲလ်ကွက်လိုက် အကြောတွေ နီနေတာ ဘာ ဖြစ်တာလဲ အရွက်နုရော အကြမ်းရော မှာ ဖြစ်တယ်

U Than Tun Aung • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....