ကြက်၊ ဘဲဝမ်းကျရောဂါကို ရိုးရာကုထုံးဖြင့် ကာကွယ်ကုသနည်း

25/10/2022 18:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

 

ကျေးလက်ဒေသတွင် ကြက်၊ ဘဲမွေးမြူသူများအနေဖြင့် ကြက်၊ ဘဲဝမ်းကျရောဂါအကြောင်းကို သိရှိထားရန်လိုသဖြင့် ရောဂါလက္ခဏာများ၊ ရောဂါမဖြစ်ရအောင် ကာကွယ်နည်းများနှင့် ရောဂါဖြစ်ပွား ပါကကုသနိုင်ရန်အတွက် တိုင်းရင်းဆေးနည်းများကိုပါ ဖော်ပြပေးလိုက်ပါသည်။

ဝမ်းကျရောဂါသည် မတူကွဲပြားသော အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါသည်။

ဝမ်းကျရောဂါတွင် သွေးနှင့် ရေပါသော ဝမ်းကျရောဂါ၊ ဘက်တီးရီးယားကြောင့်ဖြစ်သော ဝမ်းကျရောဂါ ဟူ၍ ရှိပါသည်။

  • ဝမ်းသွားသောအခါ ကပ်ပါးပိုးများပါလာခြင်း၊ ရေပါလာခြင်းတို့မှာ ကပ်ပါးပိုးကြောင့် ဖြစ်ပါသည် ။
  • ဝမ်းတွင် အစိမ်းရောင်(သို့မဟုတ်) အဖြူရောင်များပါလာခြင်းမှာ ဘက်တီးရီးယားကြောင့် ဖြစ်ပါသည်။

ရောဂါလက္ခဏာများမှာ

- ဝမ်းမကြာခဏ ကျဆင်းခြင်း၊

- ဝမ်းတွင် ရေပါလာခြင်း၊

- ဝမ်းတွင် အစိမ်းရောင်(သို့မဟုတ်) အဖြူရောင်များ ပါလာခြင်း၊

- ဝမ်းအရည်ဖြစ်ပြီး မီးခိုးရောင်များဖြစ်နေခြင်း (အစာရုတ်တရက် ပြောင်းလိုက်ခြင်း၊ အစာများ လွန်းခြင်း၊ ဆားများခြင်းတို့ကြောင့် ဖြစ်နိုင်ခြင်း)

- ဝမ်းမှာ အရည်ဖြစ်ပြီး အစိမ်းရောင်ဖြစ်နေခြင်း၊ ဝမ်းအနံ့ဆိုးခြင်းတို့ဖြစ်ပေါ်သည်။

ကြက်၊ ဘဲဝမ်းကျနာဖြစ်လျှင် တစ်ရွာလုံးရှိ ကြက်၊ ဘဲများ ရွာလုံးကျွတ်သေနိုင်သဖြင့် ကြောက်မက် ဖွယ် ကူးစက်ရောဂါ တစ်မျိုးဖြစ်ပါသည်။ 

ကာကွယ်နည်း

- မွေးမြူထားသော ကြက်၊ ဘဲများကို သန့်ရှင်းလတ်ဆတ်သော ရေကိုသာတိုက်ပါ။

- သန့်ရှင်းလတ်ဆတ်သော အစာကိုသာကျွေးပါ။

- အိမ်နှင့် အနီးဝန်းကျင်ကို သန့်ရှင်းအောင် ရှင်းလင်းပေးပါ။

- အမှိုက်သရိုက်နှင့် ကြက်၊ ဘဲချေးများကို စနစ်တကျ စွန့်ပစ်ပါ။

- ကြက်သွန်ဖြူ ၁၀ မွှာ၊ ထိုကြက်သွန်ဖြူ ၁၀ မွှာ အလေးချိန်နှင့် တူသော ပဲနံ့သာ၊ နနွင်းတက်ကို ရောထောင်းပြီး ၁ ရက်စာ ကြက်၊ ဘဲအစာနှင့် ရောပြီး ၁၀ ကောင်ကို ကျွေးပါ။ 

- သကြား ၁၅ ကျပ်သား၊ နနွင်းမှုန့် ၁၅ ကျပ်သားကို ရေ ၁ လီတာတွင် ရေတစ်ဝက်ခမ်းသည်အထိ ကျိုပါ။ ကျိုထားသော အရည်ကို အအေးခံပြီး ပုလင်းထဲသိမ်းထားပါ။ ထိုအရည် စားပွဲတင်ဇွန်း ၃ ဇွန်းကို ကြက်၊ ဘဲ ၁၀ ကောင်စာသောက်ရေနှင့် ရေဖျော်ပြီး နေ့စဥ်တိုက်ပါ။

ကုသနည်း

 အောက်ဖော်ပြပါ ဆေးအညွှန်းမှာ ကြက်၊ ဘဲ ၁၀ ကောင်စာအတွက် ဖြစ်ပါသည်။

၁။ ကြက်သွန်ဖြူ ၁၀ မွှာကိုထောင်းပြီး အစာနှင့်ရောကျွေးပါ။ ဝမ်းကျရောဂါပျောက်ကင်းသည်အထိ ဆက်ကျွေးပါ။

၂။ ကြက်သွန်ဖြူ ၁၀ မွှာ ၊ ကြက်သွန်နီဥ လက်တစ်လုံး၊ စမုံစပါး ၅ မူးသား၊ ပဲနံ့သာ ၅ မူးသား၊ နနွင်းတက် လက်မအရွယ် ၁ တက်ရှာပါ။ ထိုပစ္စည်းများကို ရောထောင်းပြီး အစာနှင့်ရောကျွေးပါ။ အနည်းဆုံး ၂ ရက်၊ ၃ ရက် ဆက်ကျွေးပါ။ 

၃။ သောက်ရေအဖြစ် ထမင်းရည်ကိုသာ တိုက်ပါ။ ထမင်းရည်သည် ကြက်၊ ဘဲ၏ ခန္ဓာကိုယ်အတွင်းမှ ဝမ်းကျခြင်းကြောင့် ကုန်ခမ်းသွားသောရေကို အစားထိုးရာတွင် ထိရောက်မှု ရှိပါသည်။

၄။ ဂျုံမှုန့်ဖြူကိုသာ အစာအဖြစ်ကျွေးပါ။

၅။ ညံစေ့ (သို့မဟုတ်)ညံပင်အခေါက် ၅ ပဲသားကို ထောင်းပြီး အစာနှင့်ရောကျွေးပါ။

၆။ ဇာတိပ္ဖိုလ်သီး ၁ စိတ်(လေးပုံတစ်ပုံ)ကိုထောင်းပြီး အစာနှင့်ရောကျွေးပါ။

၇။ ဆားမီးဖုတ် ၅ မူးသားနှင့် ဇာတိပ္ဖိုလ်သီး ၁ စိတ်(လေးပုံတစ်ပုံ)ကို ထောင်းပြီးအစာနှင့်ရောကျွေးပါ။

၈။ ဆင်တုန်းမနွယ် လက်၁ဆုပ်၊ ထနောင်းကိုင်း ၄ လက်မ၊ တမာခေါက် ၄ လက်မတို့ကို ရောထောင်းပြီး အရည်ကိုမှင်စုတ်ပြွန်ဖြင့်(သို့မဟုတ်)အပ်ကို ရေနွေးဆူဆူဖြင့် ပြုတ်ထားသော ဆေးထိုးပိုက်ဖြင့်စုတ်ပြီး ကြက်၊ ဘဲတို့၏ ပါးစပ်အတွင်းသို့ ၁ ရက်လျှင် ၂ စက်ခန့်နှုန်းဖြင့် ၃ ရက်ဆက်တိုက်တိုက်ပါ (သို့မဟုတ်) ထိုအရည်ကို ဆန်(သို့မဟုတ်) အစာနှင့် ရောကျွေးပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်