အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်

တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်

Meteoblue (ICON Model) ၏ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် (UPDATE အသစ်)ရရှိသော နေ့စဉ်မိုးရေချိန်ပြမြေပုံများ၊ ထိုင်းမိုးလေဝသဌာန၏ ထပ်မံထုတ်ပြန်ချက် Weather Advisory No. 7 (197/2026) နှင့် အိန္ဒိယမိုးလေဝသဌာန (IMD) ထုတ်ပြန်ချက်များကို အခြေခံ၍ စက်တင်ဘာလ ၁၀ ရက်မှ ၁၆ ရက်နေ့အထိ (၇ ရက်အတွင်း) မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ခန့်မှန်းချက်

စက်တင်ဘာ ၁၀ ရက်၊ နံနက် ၁၀ နာရီ UPDATE ဖြစ်သည်။

၁။ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် နေ့စဉ်နှင့် စုစုပေါင်း ခန့်မှန်းမိုးရေချိန်ဇယား (mm)

(၇ ရက် စုစုပေါင်း ခန့်မှန်းမိုးရေချိန် အများဆုံး ရရှိနိုင်သည့် ဒေသမှ အနည်းဆုံး ဒေသအလိုက် High to Low Sorted ပြုလုပ်ထားပါသည်)

၂။ လေဖိအားနည်းစနစ်များနှင့် မုတ်သုံလေ အနေအထား ဆန်းစစ်ချက်

တောင်တရုတ်ပင်လယ် လေဖိအားနည်းစနစ်နှင့် ရွေ့လျားမှု - TMD Weather Advisory No. 7 အရ စက်တင်ဘာ ၁၁ - ၁၃ ရက်အတွင်း တောင်တရုတ်ပင်လယ်ပြင် အလယ်ပိုင်းရှိ လေဖိအားနည်းဆဲလ်သည် အပူပိုင်းမုန်တိုင်းအဖြစ်သို့ အားပိုကောင်းလာမည် ဖြစ်ပါသည်။ အဆိုပါ မုန်တိုင်းစနစ်သည် စက်တင်ဘာ ၁၄ - ၁၅ ရက်များတွင် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်မည် ဖြစ်ပါသည်။

မုတ်သုံမြောင်တန်းနှင့် အနောက်တောင်မုတ်သုံလေ အရှိန်အဟုန် -

မုတ်သုံမြောင်း နိမ့်ဆင်းခြင်း - စက်တင်ဘာ ၁၀ - ၁၃ ရက်အတွင်း တရုတ်နိုင်ငံမှ လေဖိအားမြင့်စနစ် တိုးဝင်လာသဖြင့် မုတ်သုံမြောင်တန်း (Monsoon Trouugh) သည် မြန်မာနိုင်ငံ တောင်ပိုင်းနှင့် အလယ်ပိုင်း (ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ မွန်၊ ကရင်) အပေါ်သို့ နိမ့်ဆင်းဖြတ်သန်းမည် ဖြစ်ပါသည်။

မုတ်သုံလေ အားကောင်းလာခြင်း - တောင်တရုတ်ပင်လယ် မုန်တိုင်း၏ ဆွဲအားကြောင့် ကပ္ပလီပင်လယ်ပြင်နှင့် မုတ္တမကွေ့အတွင်း တိုက်ခတ်နေသော အနောက်တောင်မုတ်သုံလေ အရှိန်အဟုန် ပိုမိုပြင်းထန် အားကောင်းလာမည် ဖြစ်ပါသည်။

၃။ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်

ဧရာဝတီတိုင်း (ငဝန်မြစ် တာကျိုးမှုနှင့် လေးမျက်နှာ ရေကြီးမှု အခြေအနေ)

မိုးရွာသွန်းနိုင်မည့် အခြေအနေ - စက်တင်ဘာ ၁၀ - ၁၃ ရက်အတွင်း ဒေသတွင်း မိုးရွာသွန်းမှု ပါးသွားမည်ဖြစ်သော်လည်း စက်တင်ဘာ ၁၄ ရက်မှ ၁၆ ရက်အတွင်း မုတ်သုံလေ အားကောင်းလာမှုကြောင့် မိုးအားပြန်ကောင်းလာနိုင်မည် ဖြစ်ပါသည်။

ရေကြီးနေသည့် ဒေသများအတွက် မိုးလေဝသအခြေအနေ - စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် စက်တင်ဘာ ၁၁-၁၃ ရက်များ၌ မိုးပါးသွားမည်ဖြစ်၍ အထက်မြစ်ရေစီးဆင်းမှု လျော့နည်းသွားနိုင်မည် ဖြစ်ပါသည်။ သို့သော် ၁၄ ရက်နောက်ပိုင်း တိုင်းအတွင်း မိုးပြန်ကောင်းလာနိုင်သဖြင့် ငဝန်မြစ်ရေနှင့် တာကျိုးပေါက်မှု ဖြစ်ပေါ်ထားသည့် လေးမျက်နှာဒေသ မြေနိမ့်ပိုင်းဒေသများ၌ စိုးရိမ်ရေမှတ်အထက် ရေဝပ်နေမှု အခြေအနေမှာ လျင်မြန်စွာလျော့နည်းသွားခြင်း မရှိဘဲ ရေကျဆင်းမှု ပိုမို နှောင့်နှေးနေဦးမည် ဖြစ်ပါသည်။

တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် - စက်တင်ဘာ ၁၄ မှ ၁၆ ရက်အတွင်း မုတ်သုံလေ ပြင်းထန်စွာ အားကောင်းမည် ဖြစ်သဖြင့် နေရာကွက်ကျား မိုးကြီးခြင်းမှ လွန်စွာမိုးကြီးခြင်း ဆက်တိုက်ဖြစ်ပေါ်နိုင်ပါသည်။ တောင်ခြေ ချောင်းများအတွင်း ရုတ်တရက် တောင်ကျရေကျဆင်းခြင်းနှင့် တောင်ကုန်း တောင်စောင်း မြေပြိုမှုတို့ကို အထူးသတိပြုရန် လိုအပ်ပါသည်။

ပဲခူးတိုင်း (တောင်ပိုင်း/အရှေ့ပိုင်း/အနောက်ပိုင်း) နှင့် ရန်ကုန်တိုင်း - မုတ်သုံမြောင်တန်း နိမ့်ဆင်းလာမှုကြောင့် စက်တင်ဘာ ၁၀-၁၄ ရက်များတွင် မိုးရွာသွန်းမှု ဆက်တိုက် ရှိနေမည် ဖြစ်ပါသည်။ ပဲခူးရိုးမ အရှေ့ဘက် တောင်ခြေဒေသများနှင့် မြေနိမ့်ပိုင်းများ၌ တောင်ကျချောင်းရေဆင်းခြင်းနှင့် ရေဝပ်ခြင်းများကို သတိပြုရန် လိုအပ်ပါသည်။

စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းနှင့် မကွေးတိုင်း - စက်တင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ မုတ်သုံမြောင်တန်း တောင်ဘက် နိမ့်ဆင်းသွားမည်ဖြစ်၍ မိုးရွာသွန်းမှု သိသိသာသာ ပါးသွားမည် ဖြစ်ပါသည်။ မိုးနည်းဇုန် ဒေသများတွင် ရာသီဥတု သာယာနိုင်ပါသည်။

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မတ်ပဲကျဲရာတွင် "တော်2တော်ကိုရှောင်' လို့ရှေးလူကြီးများကပြောခဲ့သည် ထိုစကားသည်မှန်ပါသလား ဒီနှစ်မှာ ဝါထပ်သောကြောင့် နတော်လသည်နောက်ကျနေသည် ထိုအရာမှာမည်သည်ကိုအမှန်ယူရမည်နည်းရှင်းပြပေးကြပါဦး

ဦးစောမောင်ဌေး • ဖြေကြားချက် 2 ခု

မတ်ပဲ TBL9 ကို ဘယ်လထိ‌နောက်ဆုံး စိုက်ပျိုးလို့ရလဲ ထွန်ပဲစနစ်ဖြင့်စိုက်မှာပါ

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

မွန်ပြည်နယ် မော်လမြိုင်မြို့ သံလွင်မြစ်ဘေးက ကျွန်းမြေတွေမှာစပါးစိုက် ချိန်ပြီးရင် ဘာသီးနှံတွေစိုက်လို့အဆင်ပြေနိုင်မလဲ

zin myo thu • ဖြေကြားချက် 1 ခု

ပင်စည်ထိုးယင်မကျအောင်ဘယ်လိုကာကွယ်ရမလဲး

ကိုနိုင်လင်း • ဖြေကြားချက် 1 ခု

ဆရာရေ လှရဲ့လားဗျာ ဆျာတို့နဲ့ စသိခဲ့တာ ၃ နှစ်ရှိပီ ဆျာတို့ပေးတဲ့အကြံဥာဏ်အတိုင်း လိုက်ပါဆောင်ရွက်တာပါ ဒီနှစ်မှာလဲ အောင်မြင်မှုဆီသို့ နီးစပ်လာပါပြီခင်ဗျ Green Way app ထုတ်လုပ်သူတွေရော အမြဲစိတ်ရှည်အကြံဥာဏ်ပေးတဲ့ ကိုသော်ဇင် / ဒို့ဦးလေး ကျေးဇူးအထူးတင်ပါတယ်လို့ ထပ်လောင်းပြောပါရစေခင်ဗျ

U Yan • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။