အစိမ်းရောင်လမ်း
ဆေးဖက်ဝင် သံမနိုင်ကျောက်မနိုင်

ဆေးဖက်ဝင် သံမနိုင်ကျောက်မနိုင်

Green Way
Green Way Greenovator 09/01/2020

အပင် - တစ်နှစ်ခံပင်ပျော့ ပင်ငယ်မျိုးဖြစ်သည်။ ၁ ပေမှ ၃ ပေအထိ မြေတွင်လျှောက်၍ပေါက်သည်။ ပင်စည်သေးသွယ်ပြီး တစ်ခါတစ်ရံ ထောင်မတ်၍နေသည်။

အရွက် - ရွက်လွှဲထွက်သည်။ ဘဲဥပုံသဏ္ဍာန်ရှိသည်။ ရွက်ထိပ်ဝိုင်းသည်။ ရွက်ညှာရင်းတွင် သေးငယ်သော ရွက်စွယ်ရှိ၏။ ရွက်ကြောများထင်ရှား၏။ ရွက်ပြားချော၍ ရွက်နားညီပြီး ရွက်ညှာရှည်သည်။

အပွင့် - ရိုးတံ၏အဆစ်များတွင် နီဝါရောင်အပွင့်များ အဆုပ်လိုက်ပွင့်သည်။ တစ်ပို့တွဲလ၌ ပွင့်သည်။

အသီး - သီးတောင့်ရှည်ဖြစ်ပြီး ပြားသည်။ ကဆုန်၊ နယုန်လများတွင် သီးလေ့ရှိသည်။

ပေါက်ရောက်သည့်ဒေသ။   ။ မြန်မာနိုင်ငံအနှံ့အပြား အထူးသဖြင့် ပူအိုက်သောဒေသများတွင် ပေါက်ရောက်သည်။ သဘာဝအလျှောက် ပေါက်ရောက်လေ့ရှိသည်။

အာနိသင်။  ။ မြန်မာ့ဆေးကျမ်းများအလိုအရ သံမနိုင်ကျောက်မနိုင်သည် ချုပ်သော သတ္တိရှိသည်။ ဖောရောင်ခြင်းကို ကျစေသည်။ ထိုင်းမှိုင်းစေသည်။ ဝမ်းသွားခြင်း၊ သွေးဝမ်းသွားခြင်း၊ ဆီးချုပ်၊ ကျောက်တည်ရောဂါများကို ပျောက်ကင်းစေ၍ အနာများကို ပြည်ပေါက်စေပါသည်။

အသုံးပြုပုံ

အရွက်

    • အရွက်ကို အရည်ညှစ် နို့နှင့်ရောသောက်ပါက ကလေးသူငယ်များ ဝမ်းဗိုက်အောင့်ခြင်းကို သက်သာစေသည်။

    • အရွက်ခြောက်များကို ရေစိမ်၍သောက်ပါက ဝမ်းသွားခြင်း၊ သွေးဝမ်းသွားခြင်း၊ သွေးဆင်းခြင်း၊ မီးယပ်ဖြူဆင်းခြင်း စသည်တို့ကို ပျောက်ကင်းစေသည်။

ပဉ္စငါးပါး

    • ပဉ္စငါးပါးကို အရည်ညှစ်ပြီး ကျိုချက်၍လည်းကောင်း၊ အခြောက်ကို လက်ဖက်ခြောက်ကဲ့သို့ ပြုလုပ်၍လည်းကောင်း သောက်လျှင် ဆီးချုပ်၊ ဆီးပူ၊ ကျောက်တည်ရောဂါများ ပျောက်ကင်းစေသည်။

    • ပဉ္စငါးပါးအစိုကို ထမင်းနှင့် ဆတူရော၍ကြိတ်ပြီး နံနက်ည နှစ်ကြိမ်အုံပေးပါက နို့နာများ ပြည်ပေါက်ပြီး ပျောက်ကင်းစေသည်။

ကိုးကား- မြန်မာ့ဆေးဝါးပင်များ

      

You
Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....