အစိမ်းရောင်လမ်း
ငရုတ်သီး ဈေး အမြင့်တွင် ဆက်ရှိနေ

ငရုတ်သီး ဈေး အမြင့်တွင် ဆက်ရှိနေ

AMIA
AMIA 21/08/2026
00:00
00:00

လက်ရှိ မိုးတွင်းကာလ ငရုတ်သီးဈေးက ဆက်တိုက် အမြင့်ဈေးတွင်ရှိကြောင်း ငရုတ်ဈေးကွက်မှ သတင်းရရှိသည်။

လက်ရှိ တချို့ ငရုတ်အမျိုးအစားများမှာလည်း ဈေးကွက်သို့ ဝင်ရောက်ခြင်း မရှိတော့ကြောင်း သိရပြီး စိုက်ပျိုးစရိတ် မြင့်တက်မှုနှင့် လုပ်သားပြတ်လပ်မှု စသည့် အကြောင်းရင်းများကြောင့် ငရုတ်သီး ထုတ်လုပ်မှု နိမ့်ဆင်းလာကာ ဈေးက ဆက်တိုက်တက်လာကြောင်းကုန်သည်များက သုံးသပ်ထားကြသည်။

ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ဩဂုတ် ၁၉ ရက်နေ့က ပန်းရဲ (AC) တစ်ပိဿာလျှင် ကျပ် ၁၉,၀၀၀ မှ ၂၂,၀၀၀၊ မြှားနီ တစ်ပိဿာလျှင် ကျပ် ၂၀,၀၀၀ မှ ၂၃,၀၀၀၊ မြစ်ဝပု တစ်ပိဿာလျှင် ကျပ် ၃၅,၀၀၀ မှ ၃၆,၀၀၀၊ ဟင်္သာတ မိုးထောင် တစ်ပိဿာလျှင် ကျပ် ၁၆,၀၀၀ မှ ၁၈,၀၀၀ နှင့် ဆင်ဖြူကျွန်းပု တစ်ပိဿာလျှင် ကျပ် ၃၆,၀၀၀ မှ ၃၈,၀၀၀ ထိ ဈေးပေါက်နေပြီး ပြီးခဲ့သည့် အပတ်နှင့် ယှဉ်ပါက တစ်ပိဿာလျှင် ကျပ် ၁,၀၀၀ မှ ၅,၀၀၀ အထိ မြင့်တက်သွားကြောင်း သိရသည်။တ

"ငရုတ်ဈေးတွေက ဈေးတက်သွားတယ်။ ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် အမျိုးအစားပေါ်လိုက်ပြီး ၁,၀၀၀ ကနေ ၅,၀၀၀၊ ၆,၀၀၀ လောက် တက်သွားတယ်။ ပြီးခဲ့တဲ့ ဧပြီလလောက်နဲ့ ယှဉ်ရင်တော့ နှစ်ဆလောက်နီးနီး တက်သွားတာ။ အခုက မိုးရာသီဆိုတော့ ဒီလို ကုန်တွေက ပျက်စီးလွယ်တယ်၊ ထိန်းသိမ်းရတာ ခက်တယ်။ ဒါကြောင့် အဝင်နည်းပြီး ဈေးတက်တာပေါ့" ဟု ငရုတ်ကုန်သည် တစ်ဦးက ပြောသည်။

အောင်ပန်း ဈေးကွက်တွင် ရှမ်းသွယ်ခြောက်နှင့် ကျောက်စိမ်းမှာ အဝယ်မရှိတော့ကြောင်း သိရပြီး ရှမ်းပွခြောက် တစ်ပိဿာလျှင် ကျပ် ၁၉,၀၀၀၊ ကုလားအော်သီး အစိမ်း ကျပ် ၁၃,၀၀၀၊ ငရုတ်သီး အမှည့်အစိုမှာ ကျပ် ၈,၀၀၀ ထိ ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ငရုတ်သီးမှုန့်ကို ဂျပန်နိုင်ငံသို့ တင်ပို့ရာတွင် ပိုးသတ်ဆေးဓာတ်ကြွင်း သို့မဟုတ် အဖလတောက်ဆင်း (Aflatoxin) များ ပါဝင်တွေ့ရှိပါက ဂျပန်နိုင်ငံသို့ တင်သွင်းခွင့် ပြုတော့မည် မဟုတ်ကြောင်းနှင့် တင်ပို့ခွင့်ပါ ပိတ်ပင်ခံရနိုင်ကြောင်းလည်း ကုန်သည်များထံမှ သိရသည်။

လက်ရှိ မိုးတွင်းကာလ ဖြစ်၍ တချို့ ငရုတ်သီးခြောက် ရရှိရန် နေလှမ်းရာတွင် အခက်အခဲများ ရှိနေပြီး မှို၊ သဲနှင့် ပိုးမွှားများ မဝင်ရန် ထိန်းသိမ်းစောင့်ရှောက်နေရကြောင်း တချို့ ငရုတ်စိုက် ကုန်သည်များထံမှ သိရသည်။

"ငရုတ်သီးက မှိုတက်လွယ်လို့ သေချာ အခြောက်ခံဖို့ လိုတယ်။ အခုလို မိုးအဆက်မပျက် ရွာနေတဲ့ ဒေသတွေက အခက်အခဲ ဖြစ်တယ်။ မှို၊ သဲတွေ မဝင်အောင် အရည်အသွေး ကောင်းမွန်အောင် စနစ်တကျ ထိန်းသိမ်းဖို့ လိုတယ်။ ဒါမှလည်း ပြည်ပ တင်ပို့တဲ့အခါ ဈေးကောင်း ရနိုင်သလို ပြည်ပနိုင်ငံတွေကလည်း လက်ခံနိုင်မယ်" ဟု အောင်ပန်းဒေသမှ ငရုတ်စိုက် ကုန်သည်တစ်ဦးက ပြောသည်။

လက်ရှိတွင် ပြည်တွင်း မြို့ကြီးများသို့ တိုက်ရိုက် ဈေးကွက် ချိတ်ဆက်နိုင်ရေးအပြင် အရည်အသွေးမီသည့် ငရုတ်များ ထုတ်လုပ်ကာ ပြည်ပ ဈေးကွက်အထိ ချိတ်ဆက်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

"ရာသီဥတု အကူးအပြောင်းမှာ ရောင်းလိုအားနည်းပြီး ဝယ်လိုအား ရုတ်တရက် များလာရင်တော့ ဈေးနှုန်း တက်လာနိုင်တယ်။ လက်ရှိ စောင့်ကြည့်နေရတယ်။ အခု ရန်ကုန်၊ မန္တလေး ကုန်စည်ဒိုင်တွေမှာတော့ တဖြည်းဖြည်း ဈေးတက်လာတယ်။ တောင်သူဈေးမှာတော့ အဲလောက်ကြီး ဈေးမရသေးဘူး" ဟု ရှမ်းပြည်နယ် အောင်ပန်းမှ ငရုတ်ကုန်သည် ကိုစိုင်းက ပြောသည်။

ငရုတ်သီးနှံကို နှစ်စဉ် မိုးကြိုငရုတ်၊ မိုးရာသီငရုတ်နှင့် ဆောင်းငရုတ်ဟူ၍ တစ်နှစ်ပတ်လုံး စိုက်ပျိုးကြကြောင်း သိရသည်။

လက်ရှိ ငရုတ်သီးကို ပြည်ပနိုင်ငံများ ဖြစ်သည့် ထိုင်းနိုင်ငံသို့ အဓိကထား တင်ပို့နေပြီး တရုတ်၊ လာအို၊ မလေးရှားနှင့် ဂျပန် စသည့် နိုင်ငံများသို့လည်း တင်ပို့နေကြောင်း သိရသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

ငရုတ်ဈေးကွက်

ငရုတ်ဈေးကွက်

You

ဆက်စပ်မေးခွန်းများ

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....