အပင် တစ်ပင်တည်းမှာ အပွင့်ရောင်စုံ၊ အသီးနှစ်မျိုးသုံးမျိုး သီးနိုင်စေရန် ဘယ်လို လုပ်မှာလဲ။

15/01/2018 11:17 AM တွင် Kyaw win khaing Kyaw win khaing မှ ရေးသား

       လူမျိုးတစ်မျိုး ဖွံဖြိုးတိုးတတ်မှုနောက်ကျရတဲ့ အကြောင်းရင်းထဲမှာ မိမိကိုယ်တိုင် ခေတ်ရေစီးကြောင်းနဲ့ အညီ တိုးတတ်လာတဲ့နည်းပညာသစ်တွေကို အမြဲတမ်း စူးစမ်းရှာဖွေပြီး ဖြစ်နိုင်မဖြစ်နိုင်ကြောင်းကို ချင့်ချိန်ကာ လက်တွေ့မလုပ်ဆောင်ခြင်းကလဲ အကြောင်းအရာတစ်ခုပါ။

       နည်းပညာသစ်များဟု ဆိုလိုက်လျှင် ငွေကြေးအမြောက်အမြား အကုန်ကျခံပြီး ရင်းနှီးလုပ်ကိုင်ရတဲ့ လုပ်ငန်းမျိုးလို့ ထင်တတ်ကြပါတယ်။ ယခု ခဲတံချွန်တဲ့ ဓါးလေးတစ်ချောင်းဖြင့် ပြုလုပ်နေတဲ့ သုတေသန လုပ်ငန်းတွေကို တင်ပြပေးပါမယ်။

ကဲ … လေ့လာကြည့်ကြရအောင် -

       မျိုးရင်း တူပြီး အပွင့်အရောင်မတူ၊ အသီး အရသာ မတူတဲ့ အပင်တွေကို တစ်ပင်တည်းမှာ သီးခြားစီ ပွင့်နိုင် သီးနိုင်အောင် နည်းလမ်းက တစ်ခုတည်းသာ ရှိပါတယ်။ အဲဒါကတော့ ကိုင်းဆက်နည်းပါ။ အပင်အကိုင်းဆက်တဲ့ ဝေါဟာရကို အင်္ဂလိပ်လို Grafting ဟု ခေါ်ပါတယ်။

       ကိုင်းဆက်တဲ့ သဘောတရားက အပင်တစ်ပင်မှာ ရှိတဲ့ တစ်ရှူးတွေကို ကျန်အပင်တစ်ပင်မှာ ရှိတဲ့ တစ်ရှူးတွေနဲ့ ပေါင်းပေးလိုက်ပါဘဲ။ ဒေသမှာ မယဉ်ပါးသေးတဲ့ အသီးတစ်မျိုးကို ယဉ်ပါးပြီးသား မျိုးတူအသီးနဲ့ ရောနှောပေါင်းစပ်ဖို့ ရည်ရွယ်ကြသလို၊ အသီးအထွက်ကောင်းဖို့လည်း ရည်ရွယ်လုပ်ဆောင်တတ်ကြပါတယ်။ အကိုင်းဆက်တာက မခက်ပါဘူး။ စိတ်ရှည်တတ်တဲ့ အလေ့အကျင့်ကောင်း လုပ်ကြည့်ဖို့သာ လိုပါတယ်။

       အကိုင်းဆက်နည်း ၅ နည်း ရှိပါတယ်။ ဒီအထဲက တစ်နည်းချင်းစီကို သေသေချာချာ သဘောပေါက်အောင် ပြောပြပေးပါမယ်။

နည်းလမ်း - ၁။ ။ T ပုံသဏ္ဍာန် အကိုင်းဆက်နည်း (သို့မဟုတ်) T-Budding

       အဆင့် - ၁။ ။ ကိုင်းဆက်ခံမည့် အပင်နှင့် အကိုင်းသွားဆက်မည့် အပင်နှစ်ပင်အား ရွေးချယ်ပါ။
        ကိုင်းဆက်ခံမယ့် အပင်ဟာ သန်သန်စွမ်းစွမ်းဖြင့် အမြစ်ကောင်းကောင်း တွယ်ပြီးသား ဖြစ်ရပါမည်။
         အကိုင်း သွားဆက်မည့် အပင်သည်လည်း သန်စွမ်းဖို့ လိုအပ်ပါတယ်။ ပင်စည်မှာ ရောဂါဖြစ်နေတဲ့ အပင်မျိုး ဖြစ်မနေစေရ။
အကိုင်ဆက်မည့် အကောင်းဆုံး ရာသီက အပင်အခေါက်တွေ စိုစွတ်နေပြီးတော့ အလွယ်တကူ ခွာလို့ ရနိုင်တဲ့ အချိန်မျိုးပါ။ ရေကောင်းကောင်းပေးနိုင်ရင် ပိုကောင်းပါတယ်။ T ပုံသဏ္ဍာန် အကိုင်းဆက်နည်းကို ပန်းပင်တွေနှင့် အသီးပင်တွေမှာ လုပ်နိုင်ပါတယ်။

        အဆင့် - ၂။ ။ အကိုင်းသွားဆက်မည့် အကိုင်းသည် ကျန်းမာသန်စွမ်းပြီး အညွန့်အဖြစ် မထွက်သေးဘဲ အဖူးအဆင့်တွင် ရှိရပါမည်။ ၎င်းအဖူး အပေါ်ဘက် လက်မဝက် (1/2 လက်မ) ကနေ အောက်ဘက် သုံးမတ် (လေးပိုင်း သုံးပိုင်း လက်မ - ¾ လက်မ) ခန့်ထိ ခဲတံချွန်ဓါး ဖြင့် အခေါက်သတ်သတ်ကို လှီးထုတ်ပါ။
အတွင်းဘက် အဖြူရောင်ရှိတဲ့ ပင်စည်သားကို သွားမဖြတ်သွားပါနှင့်။ ၎င်းအဖြူရောင် ပင်စည်သားမှ အပင်အတွက် လိုအပ်တဲ့ ရေနှင့် အစာကို ပို့ပေးတာပါ။ ဖြတ်ထုတ်လိုက်တဲ့ အခေါက်အတက်မှာ ပင်စည်သား ကပ်ပါလာလျှင် ဖယ်ထုတ်လိုက်ပါ။ ဖြတ်ထားတဲ့ အတက်ကလေးတွေကို ချက်ချင်း သွားမဆက်ဖြစ်သေးရင် ရေစိုအဝတ်ဖြင့် ထုတ်ပြီး သိမ်းထားလို့ ရပါတယ်။

        အဆင့် - ၃။ ။ အောက်ခံပင်မှ ကိုင်းဆက်လိုတဲ့နေရာတွင် T ပုံသဏ္ဍာန် အပင်အခေါက်ကို သွားဖြင့်ပါ။
ကိုင်းဆက်ခံမည့် အပင်မှ ၁ လက်မ ပတ်လည် လုံးပတ်ရှိတဲ့ အကိုင်းကို ရွေးချယ်ပါ။ ရွေးချယ်သော ပင်စည်တွင် တစ် လက်မ အရှည်ရှိ ဒေါင်လိုက်ဓားချက်တစ်ခု၊ ယင်းဓားချက်အပေါ်မှ ကန်လန့်ဖြတ်ဓားချက်ကို ပင်စည်လုံးပတ်၏ ၃ ပုံ ၁ ပုံခန့် အခေါက်ပြတ်ရုံသာ လှီးဖြတ်ပေးရမည်။ T ပုံသဏ္ဍာန် ဖြတ်ထားတာ ဖြစ်တဲ့အတွက် T ပုံသဏ္ဍာန် အကိုင်းဆက်နည်းလို့ ဆိုလိုခြင်းပါ။ ဓါးလေးဖြင့် T ပုံသဏ္ဍာန် အလယ်ကနေပြီး အခေါက်ကို ဟိုဖက်ဒီဖက် လှန်လိုက်ပါ။ အတတ်နိုင်ဆုံး အခေါက်ကို မကျိုးအောင် သတိထားပါ။

       အဆင့် - ၄။ ။ အခေါက် လှန်ထားတဲ့ T ပုံသဏ္ဍာန်ထဲတွင် ဖြတ်ထုတ်ထားတဲ့ အောက်ခံပင် အဖူးစကို ယူပြီး အခေါက်နှစ်ခု ကြားသို့ ထိုးသွင်းပေးပါ။ အညွန့်ထွက်မည့် အဖူးစလေးသည် အပေါ်ကို ထောင်နေဖို့တော့ လိုပါတယ်။ အမှုန်အမွားတွေနဲ့ ပိုးကောင်တွေ မဝင်စေပါနှင့်။ အံဝင်ဂွင်ကျဖြစ်အောင် လှီးဖြတ်ထားတဲ့ အဖူးစလေးမှ ပိုနေတဲ့ အခေါက်တွေကို လှီးထုတ်လိုက်ပါ။

       အဆင့် - ၄။ ။ အခေါက် လှန်ထားတဲ့ T ပုံသဏ္ဍာန်ထဲတွင် ဖြတ်ထုတ်ထားတဲ့ အောက်ခံပင် အဖူးစကို ယူပြီး အခေါက်နှစ်ခု ကြားသို့ ထိုးသွင်းပေးပါ။ အညွန့်ထွက်မည့် အဖူးစလေးသည် အပေါ်ကို ထောင်နေဖို့တော့ လိုပါတယ်။ အမှုန်အမွားတွေနဲ့ ပိုးကောင်တွေ မဝင်စေပါနှင့်။ အံဝင်ဂွင်ကျဖြစ်အောင် လှီးဖြတ်ထားတဲ့ အဖူးစလေးမှ ပိုနေတဲ့ အခေါက်တွေကို လှီးထုတ်လိုက်ပါ။

       အဆင့် - ၆။ ။ တစ်လခန့် ကြာလာရင် သရေပင်ဟာ သူ့အလိုလို ပြေလျော့သွားတတ်ပါတယ်။ ပြေလျော့ မသွားလျှင်လည်း ဖြေချလိုက်ပါ။ ညင်ညင်သာသာ လုပ်ပါ။ အညွန့်ထွက်မည့် အဖူးကို လုံးဝ သွားပြီး မထိမိပါစေနှင့်။

       အဆင့် - ၇။ ။ အညွန့်ထွက်မည့် အဖူးကို သတိထားလေ့လာပါ။ အဖူးဟာ တစ်ဖြည်းဖြည်း ဖောင်းတက်လာပြီး ကြီးလာရင် ကိုင်းဆက်နည်း အောင်မြင်ပါတယ်။ အဖူးလည်း ကြီးမလာ၊ သေးလည်း သေးသွားတယ်ဆိုရင်တော့ မအောင်မြင်ပါ။

        အဆင့် ၈ - အနီးအနားမှ အတက်သစ်တွေကို ချိုးပစ်လိုက်ပါ။
အဖူးမှ အကိုင်းသစ်အတွက် အညွှန့် ကောင်းကောင်းထွက်လာပြီဆိုရင် အညွှန့်အပေါ်ပိုင်း လက်မဝက် (1/2 လက်မ)မှ တစောင်းလေး ဓါးဖြင့် အခေါက်ကို ဖြတ်ပစ်လိုက်ပါ။

       အနီးနား ပတ်လည်တွင် အညွှန့်သစ်တွေ ထွက်နေရင် ချိုးပစ်လိုက်ပါ။ ရည်ရွယ်ချက်က ထွက်လာတဲ့ အညွှန့်သစ်ကိုသာ ပိုအားစည်လာအောင်၊ အပင်မှ ရေနှင့် အာဟာရကို ပိုပြီး ပံ့ပိုးနိုင်အောင် ဖြစ်လို့ပါဘဲ။ ဒီအဆင့်ကို မလုပ်နိုင်ရင်လည်း ရပါတယ်။

ကဲ … ခဲတံချွန်ဓါး တစ်လက်နဲ့ ၅ နှစ်သားကလေးကနေ အသက် ၉၀ လောက်ထိ လုပ်နိုင်တဲ့ သုတေသနမျိုး ဖြစ်ပါတယ်။ ပိုက်ဆံလည်း ဟုတ်တိပတ်တိ ကုန်ကျမည့် အလုပ်မျိုးလည်း မဟုတ်ပါဘူး။ အမျိုးသမီးငယ်တွေအနေဖြင့်လည်း နှင်းဆီပင်တွေကို စမ်းသပ်ပြီး လုပ်ကြည့်နိုင်ပါတယ်။ အားလုံးအတွက် အသိပညာ အာဟာရ ဖြစ်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။

မသေချာရင် အောက်တွင် ဖော်ပြထားတဲ့ ဗွီဒီယိုမှာ ထပ်ကြည့်ပါ။ နောက်ထပ် ကိုင်းဆက်နည်း ၄ နည်းကို ထပ်ပြီး ရေးသားပေးပါမယ်။

ကျော်ဝင်းခိုင်

ကိုးကား - http://www.wikihow.com/Graft-a-Tree

ဤဆောင်းပါးအား ရေးသားသူ ကိုကျော်ဝင်းခိုင်၏ ခွင့်ပြုချက်ဖြင့် www.arakan.online ဝတ်ဆိုက်မှ ကူးယူဖော်ပြပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်