ရေချိုထိန်းသိမ်းနည်းလမ်းများ - ၂

24/03/2019 11:00 AM တွင် May Phyo Wai May Phyo Wai မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၆) စားကျက်များနှင့်အလှည့်ကျစိုက်ပျိုးခြင်း

စားကျက်များ အလှည့်ကျစိုက်ပျိုးခြင်းဖြင့် တိရိစ္ဆာန်များသည် အလှည့်ကျ သွားရောက်လှည့်ပတ် စားသောက်ခြင်းဖြင့် စားကျက်ပင်များ ပြန်လည်ရှင်သန်စေသည်။ မြေဆီလွှာ၏ရေစုပ်ယူမှုကိုပိုမိုကောင်းစေသည်။ ရေစီးဆင်းဆုံးရှုံးမှုကို နည်းစေသည်။ စားကျက်များကို ခြောက်သွေ့မှုကိုပို၍ ခံနိုင်ရည်ရှိစေသည်။ မြေဆီလွှာအတွင်းရှိ သြဂဲနစ်ပစ္စည်းများကို ပိုမိုများပြားစေသည်။ ဘိုဒီးဂါး၊ ရာမာစင်တာ အစရှိသော ဆိတ်နို့ဖြင့်ထုတ်လုပ်သော ချိစ်များထုတ်လုပ်ရာတွင် အလှည့်ကျစားကျက်စနစ်ကို အသုံးပြု၍ စားကျက်များကို ထိန်းသိမ်းခြင်းနှင့် တိရိစ္ဆန်များ၏ကျန်းမာရေးအတွက် ဆောင်ရွက်သည် ဟုဆိုပါသည်။

၇) မြေဆွေးပုံများပြုလုပ်ခြင်းနှင့် မြေကိုဖုံးအုပ်ပေးခြင်း 

မြေဆွေးပုံများ ပြုလုပ်ထည့်ပေးခြင်းနှင့် ဆွေးမြေ့ပြီးသော သက်ရှိအကြွင်းကျန်များကို မြေသြဇာအဖြစ် ထည့်ပေးခြင်းသည် မြေဆီလွှာ၏တည်ဆောက်ပုံနှင့် ရေထိန်းသိမ်းနိုင်စွမ်းကို ပိုမိုကောင်းမွန်စေကြောင်း တွေ့ရှိပြီးဖြစ်ပါသည်။ မြေဖုံးကာများ ပြုလုပ်ခြင်းဆိုသည်မှာ မြေဆီလွှာ၏ရေထိန်းသိမ်းနိုင်စွမ်းကို တိုးမြှင့်ရန်အတွက် အပေါ်ယံမှနေ၍ ဖုံးအုပ်ပေးခြင်းကို ဆိုလိုသည်။ မြေဖုံးကာများအဖြစ်ဆွေးမြေ့နိုင်သော ကောက်ရိုးများ၊ သစ်သားအပိုင်းအစများကို အသုံးပြုသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ခြောက်သွေ့ရာသီအတွက် လိုအပ်သောအစိုဓါတ်ကို ရရှိစေသည်။ တချို့သောတောင်သူများသည် ပလပ်စတစ်အမဲကို အသုံးပြုကြသည်။ ထိုသို့အသုံးပြုခြင်းဖြင့် ညအချိန်တွင် အငွေ့ပျံခြင်းကို လျော့နည်းစေပြီး ပေါင်းကာကွယ် နှိမ်နင်းစေသည်။

၈) မြေကာပင်များစိုက်ပျိုးခြင်း

မြေဆီလွှာအား မည်သည့်ပင်မျှ မစိုက်ပျိုးပဲ အလွတ်ထားမည့်အစား မြေကာပင်တစ်မျိုးမျိုးကို စိုက်ပျိုးခြင်းသည် ကောင်းသောနည်းစနစ်ဖြစ်သည်။ ပေါင်းကိုကာကွယ်စေသည် မြေဆီသြဇာထက်သန်စေသည်။ ထို့အပြင် မြေဆီလွှာတိုက်စားခြင်းနှင့် မြေသားမာကျောလွှာများ ဖြစ်ပေါ်လာစေခြင်းမှ ကာကွယ်ပေးသည်။ မြေဆီလွှာအား ရေစိမ့်ဝင်မှုအား ပိုမိုကောင်းမွန်လာစေသည်။ ရေထိမ်းစွမ်းအားပိုကောင်းလာသည်။ ၂၀၁၂ ခုနှစ်တွင် တောင်သူ ၇၅၀ ကိုစစ်တမ်းကောက်ယူခဲ့ရာ  မြေကာပင်စိုက်ပျိုးထားသောခြံများမှ ခြောက်သွေ့ရာသီတွင် ထုတ်လုပ်မှု ၁၁ မှ ၁၄ရာခိုင်နှုန်း တက်လာကြောင်း တွေ့ရှိထားသည်။ မြေကာပင်များ စိုက်ပျိုးထားခြင်းဖြင့် မြေဆီလွှာ ပိုမိုတိုးတက်ကောင်းမွန်လာကြောင်း အခိုင်အမာ ပြောဆိုကြသည်။

၉) မြေဆီလွှာထိန်းသိမ်းသော ထွန်ယက်နည်းစနစ်

မြေဆီလွှာထိန်းသိမ်းသော ထွန်ယက်နည်းစနစ်ဆိုသည်မှာ တစ်ကွင်းလုံးထွန်ယက်ခြင်းမျိုး မဟုတ်ပဲလိုအပ်သောပမာဏကိုသာ ထွန်ယက်၍ သီးနှံပင်အကြွင်းကျန်များကို အနည်းဆုံး ၃၀ ရာခိုင်နှုန်းခန့် ထိ ချန်ရစ်ထားခဲ့သော ထွန်ယက်နည်းစနစ်ကို ဆိုလိုသည်။ ထိုသို့ ဆောင်ရွက်ခြင်းသည်လည်း မြေကာပင်မျာ းစိုက်ပျိုးသကဲ့သို့ပင် ရေထိန်းနိုင်စွမ်းကို တက်စေသည်။ ရေငွေ့ပျံခြင်းကို လျော့နည်းစေသည်၊ မြေဆီလွှာတိုက်စားခြင်းကို လျော့နည်းသက်သာစေသည်၊ မြေကြပ်လွှာများဖြစ်ပေါ်ခြင်းကို လျော့နည်းစေသည်။ စွန်ပလွန်သီး စိုက်ပျိုးသောခြံတွင် မြေဖုံးကာများပြုလုပ်ခြင်း၊ မြေဆွေးများ ထည့်ပေးခြင်း၊ မြေကာပင်များ စိုက်ပျိုးခြင်းနှင့် လုံးဝမထွန်ယက်ခြင်း စသည်တို့ကိုပြုလုပ်ကာ ၎င်းခြံ၏ရေထိန်းမှုကို တိုးတက်စေသည်။

၁၀) သြဂဲနစ်စိုက်ပျိုးခြင်း

နှစ်ပေါင်း ၃၀ ခန့် စမ်းသပ်ပြုလုပ်ချက်များအရ ရိုဒေးလ်အင်စတီကျုမှ တွေ့ရှိခဲ့သည်မှာ ခြောက်သွေ့ သောနှစ်များတွင် သြဂဲနစ်စိုက်ပျိုးသော ခြံများသည် ပုံမှန်စိုက်ပျိုးခြံများထက် ၃၀ ရာခိုင်နှုန်း အထွက်ပိုမိုရရှိသည်ဟု ဆိုပါသည်။ ထို့အပြင် အဆိပ်ရှိသော ပိုးသတ်ဆေးများ၏အန္တရာယ်မှ လည်းကင်းဝေးစေသည်။ သြဂဲနစ်စိုက်ပျိုးနည်းသည် အစိုဓါတ်ကိုပိုမိုထိန်း သိမ်းပေးသည်။ ကျန်းမာသောမြေဆီလွှာသည် သြဂဲနစ်ပစ္စည်များနှင့် ပြည့်နှက်နေကာ သက်ရှိအဏုဇီဝပိုးများကို ရှင်သန်စေကာ ရေမြှုပ်(ဖော့) ကဲ့သို့ ရေကိုသိုလှောင်ပေးပြီး သီးနှံပင်များအတွက် ပြန်လည်ထုတ်လွှတ်ပေးသည်။ သြဂဲနစ်ခြံများသည် မြေအောက်ရေကို ၂၀ ရာခိုင်နှုန်းထိ ပြန်လည်ထုတ်လွှတ်ပေးနိုင်သည်ဟု ဆိုပါသည်။

မေဖြိုးဝေ

 


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်