ပဲပိုးတီ

04/09/2019 15:30 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

   နွေ မိုး ဆောင်း စိုက်ပျိုးနိုင်သော အပင်တစ်မျိုးဖြစ်ပြီး အမျှင်ဓာတ်ပေါကြွယ်ဝသောကြောင့် တခြားအပင်များထက် မဂ္ဂနီစီယမ်၊ ပို တက်စီယမ်ဓာတ်များ ပိုမိုပါဝင်သည်။ ရှမ်းပြည်နယ်၊ တရုတ်၊ ဂျပန် နှင့် ကိုရီးယားနိုင်ငံတို့တွင် စီးပွားဖြစ် စိုက်ပျိုးသည့်အပင်ဖြစ်သည်။ 

   ပဲပိုးတီကို ကြော်စား၊ ချက်စား၊ ချဉ်ဖတ်စိမ်းစားခြင်းတို့အပြင် ပဲပိုးတီအခြောက်လှန်း၍ ရေနွေးခတ်သောက်ခြင်း၊ အမှုန့်ကြိတ်၍လည်း ကြော်စားလေ့ရှိသည်။

   ပဲပိုးတီပင်သည် အနွေးကြိုက် နှစ်ရှည်သီးနှံဖြစ်ပြီး၊ အပူချိန်  (- ၄၀ ဒီဂရီ ဖာရင်ဟိုက်) မှ (+၄၀  ဒီဂရီ ဖာရင်ဟိုက်) အတွင်း အပင်ဖြစ်ထွန်းသည်။ ဥကို စားသုံးရပြီး၊ အပင်အမြင့် (၂ – ၈ ) ပေနှင့် အကျယ် (၁-၄) ပေရှိသည်။ ဂျေရုဆလင် အာတီချုပ်ဟုဆိုရာ၌ ဂျေရုဆလင်မြို့မှာ မူရင်းဒေသမဟုတ်သကဲ့သို့ အာတီချုပ် (အရွက်ထုပ်ဟင်းစားပင် တစ်မျိုး)နှင့်လည်း ဆက်နွယ်မှုမရှိချေ။

   မူရင်းဒေသမှာ မြောက်အမေရိကတိုက်ဖြစ်ပြီး နေကြာမျိုးနွယ်ဝင်အပင်ဖြစ်သည်။ အပင်မြင့်ပြီး အကိုင်းဖြာလျက် ရာသီကုန်၌ နေကြာပန်းပွင့် အသေးများပွင့်သည်။ ထိုမျိုးသည် သစ်စေ့အနံ့ရှိပြီး၊ ချိုသောအရသာနှင့် အဖုအထစ်များဖြစ်နေသော ဥရှိသောကြောင့် လူသိများကြသည်။ ထိုဥသည် နွေရာသီတွင်ဖြစ်ထွန်းပြီး ဆောင်းရာသီတွင် ရိတ်သိမ်းရသည်။

   ထိုဥများသည် အစိမ်းအတိုင်းဖြစ်စေ၊ ချက်ပြုတ်ပြီးဖြစ်စေ စားရသည်မှာ အရသာရှိသည်။ လက်သုပ်တွင်အစိမ်းအတိုင်း ပါးပါးလှီး၍ စားရာ၌အရသာရော ကြွတ်ဆတ်မှုပါ ကျွဲခေါင်းသီးနှင့်တူသည်။ ဥများကို ရေငွေ့နှင့်ပေါင်းခြင်း၊ ဆီပူထိုးခြင်း၊ အရည်သောက်ဟင်းနှင့် ပေါင်း၍ချက်သောဟင်းတွင် အာလူးကိုသုံးသကဲ့သို့ သုံးစွဲခြင်းပြုလုပ်နိုင်သည်။ ပဲပိုးတီသည် ဥများစွာဥသဖြင့် တစ်ကြိမ်အပင်ဖြစ်ပြီးလျှင် အပင်ပွားများလွန်းသဖြင့် ပေါင်းပင်အဖြစ် ရောက်ရှိနိုင်သည်။

မျိုးများ

   ဖရန့်ချမန်မော့ဝှိုက် (French Mammoth White) မျိုးသည် အအေးဒဏ်ခံနိုင်ပြီး ပေါင်ဝက်ခန့်လေးသော အဖြူရောင်ဥ ရရှိစေသည်။ ဖျူစီယာ (Fuseau) မျိုးသည် အသားချောပြီး အနီရောင်အခွံရှိသော ဥကိုပေးသည်။ ထိုဥသည် မီးခိုးနံ့ သင်းသည်။

စိုက်ပျိုးခြင်း

   နောက်ဆုံးအေးခဲမှုမတိုင်မီ (၂-၄) ပတ်ကြိုတင်ပြီး၊ ပဲပိုးတီဥများကို စိုက်ပျိုးရသည်။ ဆောင်းရာသီ၌ နွေးသောဒေသတွင် ဆောင်းဦးပေါက်၌ စိုက်ပျိုးပြီး၊ နွေဦးပေါက်တွင် ရိတ်သိမ်းနိုင်သည်။ ပဲပိုးတီသည် မြေမျိုးမရွေး အပင်ဖြစ်ထွန်းနိုင်သည်။ ဥတစ်လုံးလုံးကိုဖြစ်စေ၊ အဖူး (၂) နေရာ အနည်းဆုံးပါသော ဥအပိုင်းကို ဖြစ်စေ၊ မြေတွင် (၄) လက်မနက်အောင်မြှုပ်ပြီး၊ ၁၈ လက်မခြား စိုက်ပျိုးရသည်။

   မြေကြီးကို ရေအစိုဓာတ်အမြဲရှိနေရန် ဥများအမြစ်စွဲသွားသည်အထိ လိုအပ်သည်။ အမြစ်စွဲသွားပြီး အပင်သည် ရေငတ်ဒဏ်ရော မြေစိုသောဒဏ်ပါ ခံနိုင်သည်။ ဥတစ်လုံးမှ အပင်များစွာ ထွက်သည်။ အပင်သည် အမြစ်သန်မာသည်။ အပင်များ အမြစ်စွဲသွားသည်အထိ ရာသီအစမှစ၍ လက်ပေါင်းလိုက်ပေးရသည်။ အမြစ်စွဲပြီးသောအခါ အပင်အများအပြားထွက်၍ ပေါင်းမြက်ပင်အပေါ် အရိပ်ကျမည်ဖြစ်သည်။ ပထမနှစ်တွင် ပွင့်လာသော ပန်းပွင့်များကို ဖယ်ရှားပေးခြင်းဖြင့် အပင်၏အားသည် ဥဖြစ်ထွန်းမှုအတွက် အသုံးကျသည်။ မြေကြီးကို (၃ – ၅) လက်မအထူရှိ ကောက်ရိုးနှင့် ဖုံးအုပ်ထားခြင်းဖြင့် အစိုဓာတ်ကို ထိန်းထားနိုင်သည်။

ရိတ်သိမ်းခြင်း

   မြေကြီးအေးပြီး ဆောင်းဝင်စအချိန်တွင် (၄ -၆) လက်မရှိ ဥများကို တူးဖော်ရသည်။ အချိုဆုံးအနံ့ရရှိစေရန် အေးသောရာသီတွင်း အရွက်များ အညိုရောင်အသန်းမချင်း၊ မြေကြီးမအေးမချင်း မတူးဖော်ဘဲ စောင့်ဆိုင်းရသည်။ တစ်ပင်လုံးကိုတူးဖော်ပြီး အကြီးဆုံးဥကို စားသုံးရသည်။ အခြားငယ်သောဥများကို မြေတွင် ချန်ထားခြင်းဖြင့် နောက်နှစ်အတွက် အပင်ရရှိမည်ဖြစ်သည်။

Source – စိုက်ပျိုးရေးဦးစီးဌာန

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်