စိတ်ကူးထဲက အိမ်တွင်း ဥယျာဉ်လေးတစ်ခုကို လက်တွေ့ဖန်တီးကြမယ်

15/01/2018 13:02 PM တွင် ayethandasoe ayethandasoe မှ ရေးသား

ပထမဦးစွာ ဥယျာဉ်ခြံစိုက်ပျိုးခြင်းကို အဓိပ္ပါယ်ဖွင့်ရလျှင် ဉယျာဉ်ခြံစိုက်ပျိုးခြင်းဟာနည်းလမ်းပေါင်းစုံနဲ့ နေရာအမျိုး မျိုးမှာ အပင်စိုက်ခြင်းဖြစ်စဉ်တစ်ခု ဖြစ်ပါသည်။ အပင်၏ကြီးထွားမှု ပုံစံအမျိုးမျိုးပေါ် မူတည်ပြီး စိုက်ပျိုးစနစ်အမျိုးမျိုး ရှိလာပါသည်။ အဓိက စိုက်ပျိုးပုံစံများမှာ (၁)အိမ်တွင်း ဥယျာဉ်ခြံ (Home gardens) ၊ (၂) ကျောင်း ဥယျာဉ်ခြံ ( School gardens)၊ (၃) စီးပွားဖြစ် စိုက်ပျိုးသော ဥယျာဉ်ခြံ ( Industrial Gardens)၊ (၄) အမျိုးသားပန်းခြံ (National Parks)၊ (၅) ပရဆေးစိုက်ခင်း(Arboretum)၊ (၆) ကျေးလက်ပန်းခြံ (Urban Parks) စသဖြင့် ရှိကြပါသည်။
အခုခေတ်အခါတွင် အိမ်တွင်းစိုက်ပျိုးခြင်း မှ အခန်းတွင်းစိုက်ပျိုးခြင်းကို လူအများ ပိုမိုစိတ်ဝင်စား စိုက်ပျိုးလာကြပါ သည်။

မိမိအိမ်တွင်းစိုက်ပျိုးမည့်နေရာရွေးချယ်ခြင်း

အခန်းတွင်း စိုက်ပျိုးရာတွင် များသောအားဖြင့် ဘူး၊ အိုး၊ ကွန်ကရစ်အိုးများ၊ ကွန်တိန်နာ တို့ကို အသုံးပြု စိုက်ပျိုးနိုင်ပါ သည်။ ယခုအခါ အလှစိုက်အပင်များ၊ ဟင်းသီးဟင်းရွက်များ ၊ ဆေးဘက်ဝင်အပင်များ အသုံးပြုပြီး အိမ်တွင်း အလှဆင် ရန်အတွက် အခန်းတွင်းစိုက်ပျိုးနည်းကို ပိုမိုစိတ်ဝင်စား လူကြိုက်များလာသည်။ အချို့လူများသည် စွန့်ပစ် ပလပ်စတစ် ဘူးများ (သို့) ထိပ်ဝကျဉ်းသော ဘူးကြီးများအသုံးပြု၍ အိမ်တွင်းအပင်များကို စိုက်ပျိုး ကြပါသည်။ ထိုကဲ့သို့ စိုက်ပျိုး သော စိုက်ပျိုးနည်းစနစ်ကို “Terrarium ’’ ဟုခေါ်ကြသည်။

အခန်းတွင်း စိုက်ပျိုးနည်းစနစ်တွင် အရိပ်ကြိုက်အပင်များကို ဦးစားပေးစိုက်ပျိုးကြသည်။ စိုက်ပျိုးရန် ရွေးချယ်ထားသော အပင်များမှာ နေရောင်ခြည်အနည်းငယ်သာ လိုအပ်သောအပင်များဖြစ်ပါသည်။ အခန်းတွင်းစိုက်ပျိုးခြင်းတွင် အပင် စိုက် ပျိုးထားပြီးသော အိုး (သို့ ) ပုံးများကို မြေပြင်၏အမြင့် ကွန်ကရစ်ခုံများ( သို့ ) သစ်သားစင်များတွင် ထားရှိ စိုက်ပျိုး ကြပါသည်။

ဟင်းသီးဟင်းရွက်အပင် အားလုံးနီးပါးကို အခန်းတွင်း စိုက်ပျိုးနည်းဖြင့် အောင်မြင်စွာစိုက်ပျိုးနိုင်ပါသည်။ အခန်းတွင်း စိုက်ပျိုးရာတွင် အိပ်ခန်း ၊ ပြတင်းပေါက်ဝရန်တာများ ၊ အိမ်ရှေ့ဆင်ခွင်အောက်ဝရံတာ ၊ အိမ်ရှေ့မျက်နှာစာ ၊ မီးဖိုချောင် ၊ လှေခါးထစ်ကဲ့သို့ ပြုလုပ်ထားသောထိုင်ခုံများ နှင့် အမိုး စသည့်နေရာများသည် အခန်းတွင်းစိုက်ပျိုးရန်အတွက် အကောင်းဆုံး နေရာများဖြစ်ပါသည်။ မိမိအိမ်အတွင်း စိုက်ပျိုးရန် အကောင်းဆုံးဖြစ်မည့် နေရာကို ရွေးချယ်ရမည် ဖြစ်ပါ သည်။

အခန်းတွင်းစိုက်ပျိုးခြင်း၏ အားသာချက်များ-

၁။ အခန်းအတွင်းစိုက်ပျိုးခြင်း ကို အလွယ်တကူ ပြုလုပ်နိုင်သလို မိမိအိမ်အတွင်း မိမိကြိုက်နှစ်သက်သော နေရာတွင် လွယ်ကူစွာ စီမံခန့်ခွဲနိုင်ပြီး အပြင်ဘက်စိုက်ပျိုးခြင်းများကဲ့သို့ နေရာအများကြီးလည်း မလို အပ်ပါ။

 ၂။ အခန်းတွင်းစိုက်ပျိုးခြင်းဟာ စိုက်ပျိုးရေးကို စတင်လေ့လာသူအတွက် အကောင်းဆုံးပါ။

 ၃။ စိုက်ပျိုးမြေ ပြင်ဆင်ရတာ လွန်စွာ လွယ်ကူပါသည်။

 ၄။ ဟင်းသီးဟင်းရွက်နှင့် ပန်းများအား တစ်နှစ်ပတ်လုံး စိုက်ပျိုးရရှိနိုင်ပါသည်။

၅။ ပိုးရောဂါကျရောက်မှုမှာလည်း ပြင်ပစိုက်ခင်းအတွင်း စိုက်ပျိုးခြင်းထက် ကျရောက်မှု နည်းပါသည်။

 ၆။ အိမ်ထောင်ရှင်မများနှင့် ကလေးငယ်များလည်း စိုက်ပျိုးထိန်းသိမ်းနိုင်ပါသည်။

၇။ အခန်းတွင်းစိုက်ပျိုးခြင်းသည် အိမ်ကို လှပစေရုံသာမက လတ်ဆတ်သော အော်ဂန်းနစ် ဟင်းသီးဟင်း ရွက်များ၊ ဆေးဖက်ဝင်အပင်များ ၊ ပန်းများကို ထုတ်လုပ်နိုင်ပါသည်။ လစဉ် အိမ်အတွက် ဟင်းသီး ဟင်းရွက်နှင့် ပတ်သက်သည့် ကုန်ကျစရိတ်များလျော့ချစေပါသည်။

၈။ အခန်းတွင်း စိုက်ပျိုးခြင်းသည် စိတ်ပင်ပန်းမှုကိုလည်း လျော့ချပေးသည့် အကောင်းဆုံး အထောက် အပံ့ လည်းဖြစ်သည်။

၉။ ကျန်းမာရေးချို့တဲ့သူများမှ စိုက်ပျိုးရေးကို စိတ်ပါဝင်စားသူများအနေဖြင့် မိမိအိမ်တွင် အခန်းတွင်း စိုက်ပျိုးနိုင်ပါသည်။

၁၀။ စိုက်ပျိုးသည့်အပင်၏ သဘာဝနှင့် လိုအပ်ချက် (အပူချိန် နှင့်ပတ်ဝန်းကျင် အခြေအနေ ) စသဖြင့် အပင်ကြီးထွားရန်အတွက် လိုအပ်သည့်အခြေအနေအား အခန်းအတွင်း အပင်စိုက်ပျိုးပြီးချိန်တွင် ပြောင်း လဲပေးနိုင်သည်။ (ဥပမာ - အချို့အပင်များအနေဖြင့် အလင်းအများကြီးလိုအပ်သည်။ အချို့မှာ တဝက်တစ်ပျက်အရိပ် လိုအပ်သည်။ အပင်လိုအပ်သော အခြေအနေပေါ်မူတည်ပြီး စိုက်ပျိုးထားသည့် အိုးများအားနေရာ အရွေ့အပြောင်းပြုလုပ်နိုင် သည်။

၁၁။ အခန်းတွင်းစိုက်ပျိုးခြင်းသည် မြေကြီးအနည်းငယ်ဖြင့် စိုက်ပျိုးရသော စိုက်ပျိုးရေးလည်း ဖြစ်သည်။

၁၂။ အကောင်းဆုံးသော အကျိုးရလာဒ်အဖြစ် အချို့အပင်များ အခန်းအတွင်းစိုက်ပျိုးခြင်းသည် လေထုကို သန့်စင်ပေးသည်။

၁၃။ ကွန်ဒိုတိုက်ခန်းများတွင်နေထိုင်ပြီး စိုက်ပျိုးမြေပိုင်ဆိုင်မှု မရှိသောသူများအနေဖြင့် အခန်း အတွင်း စိုက်ပျိုးခြင်းသည် လွန်စွာအသုံးဝင်ပြီး အထောက်အပံ့ဖြစ်စေသည်။

၁၄။ အခန်းအတွင်း စိုက်ပျိုးခြင်းဖြင့် အစိမ်းရောင်အပင်များအားလုံး ရှင်သန်ရန်အတွက် အထောက်အပံ့ လည်းဖြစ်စေပါသည်။

အခန်းတွင်းစိုက်ပျိုးခြင်း၏ အားနည်းချက်များ-

၁။ သစ်ပင်ကြီးများ စိုက်ပျိုးရန် မဖြစ်နိုင်ပါ။

၂။ ဓါတုဓါတ်မြေသြဇာ သုံးစွဲမည်ဆိုပါက အိုးအတွင်း စုကျန်နေမည်ဖြစ်ပြီး စိုက်ပျိုးထားသော အပင် အတွက် ဆိုးကျိုးကို ဖြစ်စေပါသည်။

၃။ အပင်အတွက်လိုအပ်သော မြေကြီး၏အစိုဓါတ် ပုံမှန်ဖြစ်နေရန် ခက်ခဲသည်။

အခန်းအတွင်းစိုက်ပျိုးရန်အတွက်လိုအပ်ချက်

၁။ မြေဖြည့်ထားသောအိုး

၂။ မြေဆွေး သို့ ဓါတ်မြေသြဇာ

၃။ အပင်/ မျိုးစေ့

၄။ အိုး / ကြန္တိန္နာ

၅။ ရေလှောင်ရန်ပုံး

၆။ မြေကြီးစိုထိုင်းဆတိုင်းကိရိယာ

၇။ တမာဆီ ( ပိုးကာကွယ်ရန်)

၈။ လက်ကိုင်စိုက်ပျိုးရေးသုံးကိရိယာများ ကိုင်းဖြတ်ကတ်ကြေး/ ထွန်ခြစ်/မြေဆွခရင်း/ ပေါက်ပြား

အခန်းအတွင်းစိုက်ပျိုးခြင်းအတွက် မရှိမဖြစ်လိုအပ်ခြင်းမဟုတ်သော်လည်း အောက်ပါလိုအပ်ချက်များ ရှိရင်တော့ ပိုကောင်းပါသည်။ hydroponic system ဖြင့် အခန်းအတွင်းစိုက်ပျိုးမည်ဆိုပါ က မရှိမဖြစ်လိုအပ်ပါသည်။

၁။ အပင်ကြီးထွားစေသည့်အလင်းရောင်

၂။ အစက်ချရေပေးစနစ်

၃။ ေလစုတ္ပန္ကာ

၄။ အပူပေးကိရိယာ

၅။ မြေဆီအဟာရစမ်းသပ်သေတ္တာ

၆။ ဂွမ်း

အိမ်၏လွတ်သောနေရာတွင်စိုက်ပျိုးခြင်း (Open area of House)

အဓိကအားဖြင့် အိမ်ရှေ့ လှေခါးထစ်ကဲ့သို့ ပြုလုပ်ထားသော ထိုင်ခုံများ နှင့် အမိုး ကဲ့သို့နေရာများကို ဆိုလိုသည်။ နွေ အခါတွင် အလွန်ပူသောနေရာများဖြစ်သည်။ အပူဒဏ်ခံနိုင် သောအပင်များ၊ ဟင်းသီးဟင်းရွက်အပင်များ၊ အသီးသီးပြီး သက်တမ်းတိုသောအပင်များ စသဖြင့် နေရောင် နှင့် လေ အပြည့်အဝ ရရှိရန် ဘောင်အမြင့်များ ပြုလုပ်ခြင်း(သို့) သင့်တော် သော ဘူး/အိုးများ အသုံးပြုပြီး သင့်တော်သောရေပေးစနစ်ဖြင့် စိုက်ပျိုးနိုင်ပါသည်။

အိမ်ရှေ့တွင် စိုက်ပျိုးခြင်း( In front of the house )

အရိပ်ကျသောအခြေအနေတွင် ကြီးထွားနိုင်သည့် အပင်များကို ရွေးချယ်စိုက်ပျိုးရပါမည်။ 

အိပ်ခန်း နှင့် ဧည့်ခန်းများတွင် စိုက်ပျိုးခြင်း

ပြတင်းပေါက်များဘေးတွင် စိုက်ပျိုးခြင်း - လေဝင်လေထွက်ကောင်းပြီး အလင်းရောင်များများ လိုအပ်သောအပင်များ ရွေးချယ်စိုက်ပျိုးရပါမည်။

ဝရံတာများတွင် စိုက်ပျိုးခြင်း

အကောင်းဆုံးနေရာများဖြစ်ပြီး နေရောင်နဲ့လေအပြည့်အဝ ရရှိသောကြောင့် နေရောင်အပြည့်အဝ လိုအပ်သောအပင်များ စိုက်ပျိုးနိုင်ပါသည်။

အပင်များ ပြုစုထိန်းသိမ်းခြင်း

စိုက်ပျိုးအပင်များ အပင်ကြီးထွားခြင်း နှင့် အမြစ်ကြီးထွားမှုပေါ်မူတည်ပြီး စိုက်ပျိုးထားသည့် အိုးများရှိမြေများ လဲလှယ် ပေးရန်လိုအပ်ပါသည်။ အိုးပြောင်းပေးခြင်းသည် အခန်းတွင်း စိုက်ပျိုးခြင်းတွင် အရေးပါသည်။ ပထမအိုးထဲမှ ပြောင်း ထဲ့မည့်အိုးထဲသို့ အပင်အား ပြောင်းရွှေ့မထည့်မှီ ပြောင်းထည့်မည့် အိုးထဲတွင်၂ နာရီ ကြိုတင် မြေဖြည့်ပြီး ရေလောင်း ထားရမည်။ ရေများ အိုးအောက်ခြေမှ စီးထွက်သွားပြီးသည်အထိစောင့်ပြီး ရေမများစေရန်လည်း သတိပြုရမည်။ အပင် အား အိုးအသစ်သို့ ပြောင်းရွေ့ရာတွင် အမြစ်ကို ထိခိုက်မှုမရှိစေရန်လည်း သတိပြုရမည်။

ရေပေးခြင်းစနစ် ( Water Management)

အိုးများဖြင့် စိုက်ပျိုးထားသောအခါ အပင်ရေလောင်းချိန်တွင် ပိုပြီးဂရုစိုက်ရန်လိုအပ်ပါသည်။ ရေများလွန်းခြင်း နည်း လွန်းခြင်း မဖြစ်အောင်သတိပြုရပါမည်။ ရေကို အရှိန်ပြင်းပြင်းမလောင်းဘဲ ဖြည်းဖြည်းနှင့် စိမ့်ဝင်အောင် လောင်းရပါ မည်။ ရေလိုအပ်နေသည်ကို အရွက်လိပ်ခြင်း၊ ညှိုးကျနေခြင်းကို မြင်ခြင်းဖြင့် သိနိုင်မည်။ အိုးထဲရှိမြေသည် အမြဲစိုနေရန် လိုအပ်ပြီး လေဝင်လေထွက်ကောင်းစေရန်နှင့် ရေစီးဆင်းမှုကောင်းစေရန် မကြာခဏ မြေဆွပေးရန် လိုအပ်ပါသည်။ အိုးများတွင် ရေစီးဆင်းမှုကောင်း မွန်စေသည့် ရေထွက်ပေါက်များရှိနေစေရန်လည်း လိုအပ်ပါသည်။

အပင်ပေါ်သို့ ရေပေးစနစ် ( Syringing)

ရေမှုန်များ အပင်၏နေရာအနှံပေါ်သို့ကျစေပြီး ရေကြောင့် အပင်ကို အေးစေသော ရေလောင်းစနစ် ဖြစ်ပါသည်။ အခန်း တွင်း စိုက်ပျိုးသောအပင်များမှာ မိုးကြောင့်ရေရှိမှု မရှိသော အပင်များဖြစ်သည့် အတွက်အပင်ပေါ်သို့ ရေမရောက် နိုင်ပါ။ ရေဖြန်းဘူးများဖြင့် အပင်ရှိ အရွက်များအား တဖြည်းဖြည်းစိုအောင် ဖြန်းရပါမည်။ ထိုကဲ့သို့ ရေဖြန်းခြင်းဖြင့် အရွက်များကို သန့်ရှင်းစေခြင်း၊ အပင်၏အစာချက်လုပ်ခြင်းလုပ်ငန်းကို ပိုမိုအကျိုးရှိစေခြင်း၊ စိုစွတ်သောလေထုကို ဖြစ် စေပြီး အပင်ကို ပိုမိုကျန်းမာသန်စွမ်းစေခြင်း အကျိုးကျေးဇူးတို့ ရရှိပါသည်။

အခန်းတွင်း စိုက်ပျိုးရာတွင် ထည့်သွင်းစဉ်းစား လိုက်နာရမည့် အချက်များ

၁။ ဝရံတာတွင် စိုက်ပျိုးသောအပင်များကို နေရောင်ရရှိသည့်ဘက်ကို မကြာခဏလှည့်ပေးရမည်။ သို့မှ တစ်ပင်လုံး ညီညာစွာ ကြီးထွားမည်ဖြစ်သည်။

၂။ နေလောင်ခြင်းမဖြစ်စေရန် နေရောင်တိုက်ရိုက်အကြာကြီး ကျရောက်သောနေရာတွင် အိုးမထားသင့်။

၃။ အချို့ပန်းပင်များသည် ပန်းပွင့်ရန်အတွက် နေရောင်ရရှိရန် အချိန်နာရီများစွာ လိုအပ်သော်လည်း ရွက်လှ ပင်အများစုမှာ အလင်းလုံးဝ မလိုအပ်ပါ။

၄။ ဟင်းသီးဟင်းရွက် အပင်များအတွက် စိုစွတ်သောအခြေအနေ လိုအပ်ပြီး အိမ်အတွင်း အခန်းများတွင် စိုစွတ်နေစေရန် ဖန်တီးဖို့မလွယ်ကူပါ။ စိုထိုင်းဆ အမြဲရှိနေရန်အတွက် ရည်ရွယ်ပြီး ကျောက်စရစ်ခဲများ အပင်ဘေးနားတွင် ထည့်ထားပြီး ကျောက်စရစ်ခဲများ အပေါ်တွင် ရေဖြန်းပေးရပါမည်။ နောက်တနည်း ကျောက်ခက်ဆွေးများ (တစ်ဝက်တစ်ပျက် ဆွေးမြေ့ခြောက်သွေ့နေသော ကျောက်တုံးကပ် အပင်များ ) ကို အိုးအပေါ်မျက်နှာပြင်တွင် ထည့်ပေးခြင်းဖြင့် အစိုဓါတ်ကို အမြဲရရှိစေပါသည်။

၅။ စိုက်ပျိုးသောနေရာအတွက် အမှန်ကန်ဆုံးအပင်ကို ဝယ်ယူရန်လိုအပ်သည်။

၆။ လက်ဖြင့် အလွယ်တကူသုံးစွဲရမည့် စိုက်ပျိုးရေးကိရိယာများ ရှိရမည်။

၇။ မျိုးစေ့မှ စတင်စိုက်ပျိုးမည်ဆိုပါက မိမိဒေသရှိ စိုက်ပျိုးသူများမှ စိုက်ပျိုးနည်းလမ်းများ နှင့် အပင်၏ သဘာဝကို လေ့လာဆုံးဖြတ်ရမည်။ အချို့သောအပင်များသည် မျိုးစေ့မှ ပျိုးဘောင်ဖြင့် အပင်ဖောက်ပြီး ပျိုးပင်ကို ပြောင်းရွေ့စိုက်ရသော်လည်း အချို့အပင်များမှာ တိုက်ရိုက်အစေ့ချ စိုက်ပျိုးနိုင်သည်။ ပျိုးပင် ငယ်များ ပြောင်းရွှေ့စိုက်ပျိုးချိန်တွင် ပျိုးပင်များ၏ အမြစ်သည် လွန်စွာထိခိုက်ပျက်စီးလွယ်သဖြင့် ပျိုးပင်များအား ဂရုတစိုက် ကိုင်တွယ် ရွေ့ပြောင်း စိုက်ပျိုးရမည်။

၈။ အခန်းအတွင်း စိုက်ပျိုးမည်ဆိုပါက အပင်များစိုက်ပျိုးမည့် ကွန်တိန်နာ (သို့) အိုး ကြီးလျှင် ပိုကောင်း ပါသည်။ မြေကြီးများများဝင်ဆန့်ပြီး စိုထိုင်းဆ ကြာရှည်ထိန်းထားနိုင်ခြင်း ဖြစ်စေ၍ စိုက်ပျိုးအပင်၏ အမြစ်ပိုင်းကြီးထွားမှု ပိုမိုအထောက်အပံ့ဖြစ်ကာ အပင်ပိုမို ကြီးထွားရှင်သန်စေပါသည်။

Aye Thanda Soe (8.10.2017)
Ref;http//www.agrifarming.in/indoor-gardening-beginners -guide


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်