ကျွဲ၊ နွား၊ သိုး၊ ဆိတ် များတွင် ဖြစ်ပွားတတ်သော အဆိပ်မိခြင်း ရောဂါဝေဒနာကို ကာကွယ်ကုသနည်း

21/09/2022 15:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

  ကျွဲ၊ နွား၊ သိုး၊ ဆိတ် များသည် ကြုံရာလျောက်စားတတ် သော သဘာဝရှိကြသဖြင့် အထီး၊ အမ မရွေး၊ ကြီးသည် ငယ်သည် မရွေး အဆိပ်သင့်တတ်ပါသည်။

ရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းများမှာ-

  •  ပိုးသတ်ဆေးများ၊ အဆိပ်ပါသော သုတ်ဆေးများပါသည့် ပစ္စည်းများအား လျက်မိခြင်းနှင့် ယင်းအရည်များအား သောက်မိခြင်း။
  •  ဓာတုအဆိပ်ပစ္စည်းများရှိနေသော အရွက်များကို လျှာဖြင့် လျက်မိခြင်း၊ စားမိခြင်းတို့ကြောင့် အဆိပ်သင့်ရခြင်း ဖြစ်ပါသည်။ 

ရောဂါလက္ခဏာများမှာ-

၁။ ဗိုက်နာခြင်း

၂။ အန်ခြင်း

၃။ လေပွခြင်း

၄။ ဝမ်းလျှောခြင်း(အာဆင်းနစ်စိန် အဆိပ်သင့်ခြင်း)

၅။ ဝမ်းချုပ်ခြင်း(ခဲအဆိပ်သင့်ခြင်း)

၆။ စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း

၇။ ဝမ်းဗိုက်ကို ခြေလက်များဖြင့် ကန်ခြင်း

၈။ တံတွေးများ စီးယိုခြင်း တို့ ဖြစ်ပွားကြပါသည်။

ကာကွယ်နည်း

၁။ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ ပက်ဖျန်းထားသော ပေါင်းပင်များ၊ မြက်ပင်များအား ကျွဲ၊ နွား၊ သိုး၊ ဆိတ်များအား မစားမိပါစေနှင့်။

၂။ ကျွဲ၊ နွား၊ သိုး၊ ဆိတ်များ လျှာနှင့် လျက်နိုင်သည့်နေရာများတွင် ခဲပါသည့်သုတ်ဆေးများ မသုတ်ပါနှင့်။

၃။ အဆိပ်သင့်စေနိုင်သည့် ဓာတုပစ္စည်းများကို ကျွဲ၊ နွား၊ သိုး၊ ဆိတ်များနှင့် ဝေးရာတွင် လုံခြုံစွာ သိုလှောင်ပါ။

ကျွဲ၊နွားများအတွက် ကုသနည်းမှာ-

၁။ နွယ်ချို(၂၀၀)ဂရမ် (၁၅ ကျပ်သားခန့်)ကို ထောင်းပြီး ဆန်ဆေးရည်(၁.၅)လီတာတွင် ဖျော်ပါ။ မိနစ်(၃၀) စီခြားပြီးအဆိပ်ပြေသည်အထိ ကျွဲ၊နွားကို တိုက်ပါ။ 

၂။ ပဲဆီ၊ နှမ်းဆီကဲ့သို့သော စားဆီတစ်မျိုးမျိုးကို ၁ရက်လျှင် ၁လီတာနှုန်းဖြင့် ကျွဲ၊ နွားကိုတိုက်ပါ။

၃။ ကျွဲငယ်၊နွားငယ်များကို မဂ္ဂနီစီယမ်ဆာလ်ဖိတ်ဟုခေါ်သော ဆားခါး(၆)ကျပ်သားကို ရေ(၅၀၀)စီစီတွင် ဖျော်ပြီး ၁ ကြိမ် တိုက်ပါ။ကျွဲ၊နွား အကြီးများကိုကား ဆားခါး(၃၀)ကျပ်သား(၅၀၀)ဂရမ်ကို ရေ(၅၀၀)စီစီ တွင် ဖျော်ပြီး ၁ ကြိမ်တိုက်ပါ။

၄။ မီးသွေးမှုန့်(၂၀၀)ဂရမ်ကို ရေ(၈၀၀)စီစီရောပြီး ဖျော်တိုက်ပါ။

၅။ အုန်းစိမ်းရေ ၁လီတာကို ကျွဲ၊နွားအား တိုက်ပေးပါ။

၆။ နို့ ၁လီတာကို ကျွဲ၊နွားအား တိုက်ပေးပါ။ 

သိုး၊ဆိတ်များအတွက် ကုသနည်းမှာ-

၁။ နွယ်ချို(၁ဝဝ)ဂရမ် (၇ကျပ်ခွဲသားခန့်)ကို ထောင်းပြီး ဆန်ဆေးရည် (၀.၇၅) လီတာတွင် ဖျော်ပါ။မိနစ် ၃၀ စီခြားပြီး သိုး၊ ဆိတ် အဆိပ်ပြေသည်အထိ တိုက်ပေးပါ။ 

၂။ ပဲဆီ၊ နှမ်းဆီ ကဲ့သို့သော စားဆီတစ်မျိုးမျိုးကို ၁ရက်လျှင် လီတာဝက်(၁/၂ လီတာ) နှုန်းဖြင့် သိုး၊ ဆိတ်ကို တိုက်ပါ။

၃။ သိုးငယ်၊ ဆိတ်ငယ်များကို မဂ္ဂနီစီယမ်ဆာလ်ဖိတ်ဟုခေါ်သော ဆားခါး(၃)ကျပ်သားကို ရေ(၂၅၀)စီစီ တွင် ဖျော်ပြီး ၁ကြိမ်တိုက်ပါ။ သိုး၊ ဆိတ် အကြီးများကိုကား ဆားခါး(၁၅) ကျပ်သား(၂၅၀ ဂရမ်)ကို ရေ(၂၅၀)စီစီတွင် ဖျော်ပြီး ၁ကြိမ် တိုက်ပါ။

၄။ မီးသွေးမှုန့်(၁၀၀)ဂရမ်ကို ရေ(၄၀၀)စီစီရောပြီး ဖျော်တိုက်ပါ။

၅။ အုန်းစိမ်းရေ လီတာဝက်( ၁/၂ လီတာ)တိုက်ပါ။

၆။ နို့လီတာဝက် (၁/၂ လီတာ) တိုက်ပါ။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်