မွေးမြူရေးတိရစ္ဆာန် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး သတိပေး နှိုးဆော်

19/06/2019 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရာသီဥတုပြင်းထန်းခြင်းနှင့် ရာသီအကူးအပြောင်းကာလ၌ တိရစ္ဆာန်များတွင် ကူးစက်ရောဂါများ ကျရောက်ဖြစ်ပွားနိုင်ပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်ပါသဖြင့် ကူးစက်ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်းလိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်ပါသည်။

(၁) တိရစ္ဆာန်မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြုဆောင်ရွက်ရန်။

(၂) မွေးမြူရေးခြံများတွင် ပိုးသတ်သန့်စင်ခြင်းလုပ်ငန်းကို စနစ်တကျ ပုံမှန်ဆောင်ရွက်ရန်။

(၃) တိရစ္ဆာန်ရောဂါကာကွယ်ဆေးများကို ပုံမှန်ထိုးနှံကြရန်။

(၄) ရောဂါဖြစ်သည်ဟု သံသယဖြစ်သော တိရစ္ဆာန်များကို သီးခြားခွဲထားရန်။

(၅) တိရစ္ဆာန်များတွင် ကူးစက်ရောဂါဟု သံသယဖြစ်ဖွယ် တွေ့ရှိပါက နီးစပ်ရာမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ဆက်သွယ်၍ ဆေးကုသမှုအမြန်ဆောင်ရွက်ရန်။

(၆) ရောဂါဖြစ်တိရစ္ဆာန်ကို အခြားတိရစ္ဆာန်များနှင့်ဝေးရာတွင် သီးခြားချည်နှောင်ထားရန်နှင့် လွှတ်ကျောင်းခြင်း၊ အခြားနေရာသို့ မောင်းနှင်ရွှေ့ပြောင်းခြင်း မပြုရန်။

(၇) တိရစ္ဆာန်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးမှုရှိပါက နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချူပ်ထံ သတင်းပို့ရန်။

(၈) တိရစ္ဆာန်အသေကောင်များကို စားသောက်ခြင်းမပြုရန်နှင့် စနစ်တကျ မြေမြုပ်ဖျက်ဆီးရန်။

(၉) တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ထူးခြားဖြစ်စဉ်များရှိပါက သက်ဆိုင်ရာ အုပ်ချူပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံသို့ ဆက်သွယ်အကြောင်းကြား ပူးပေါင်းဆောင်ရွက်ရန်။

(၁၀) ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်းလုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

 

 

 

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်