ကျွဲ၊ နွား၊ သိုး၊ ဆိတ်များတွင် ဖြစ်တတ်တဲ့ အကျိတ်နာရောဂါ

12/09/2023 15:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

ကျွဲ၊ နွား၊ သိုး၊ ဆိတ်တွေမှာ အဖု၊ အကျိတ်တွေ ဖြစ်ပေါ်စေတဲ့ ဗိုင်းရပ်စ်ရောဂါ ၃ ခုအကြောင်း တင်ပြလိုပါတယ်။ 

ရောဂါပိုး

ရောဂါသုံးမျိုးစလုံးဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားတဲ့ ရောဂါတွေဖြစ်ပြီး Capripoxvirus (CPPV) လို့ခေါ်တဲ့ တူညီတဲ့ ဗိုင်းရပ်စ်အုပ်စုထဲက ဆင်းသက်လာတဲ့ မတူညီတဲ့ ဗိုင်းရပ်စ် ၃ မျိုးကြောင့် ဖြစ်ပွားရတာပါ။ 

လူသိအများဆုံးက ကျွဲ၊ နွား တွေမှာအတွေ့ရများလာတဲ့ အကျိတ်နာရောဂါ (Lumpy Skin Disease - LSD) ပါ။ Lumpy skin disease virus (LSDV) ကြောင့် ဖြစ်ပွားပါတယ်။ 

အလားတူ သိုးတွေမှာ အကျိတ်နာဖြစ်စေတဲ့ ရောဂါကိုတော့ သိုးကျောက်ရောဂါ (Sheep pox - SP) လို့ခေါ်ပြီး၊ Sheeppox virus (SPPV) ကြောင့် ဖြစ်ပွားပါတယ်။ 

ဆိတ်တွေမှာ အကျိတ်နာဖြစ်စေတဲ့ရောဂါကိုတော့ ဆိတ်ကျောက်ရောဂါ (Goat pox - GP) လို့ခေါ်ပြီး Goatpox virus (GTPV) လို့ ခေါ်ပါတယ်။ 

CPPV ဗိုင်းရပ်စ် ၃ မျိုးစလုံးဟာ စားမြုံပြန်သတ္တဝါတွေမှာသာ ကူးစက်ဖြစ်ပွားပြီး လူကိုကူးစက်ခြင်း လုံးဝမရှိပါဘူး။ 

ဗိုင်းရပ်စ် ၃ မျိုးထဲမှာ LSDV ဟာ ကျွဲနဲ့ နွားမှာပဲ ရောဂါဖြစ်ပွားစေပါတယ်။ 

SPPV နဲ့ GTPV ဗိုင်းရပ်စ် နှစ်မျိုးကတော့ သိုး နဲ့ ဆိတ် နှစ်မျိုးစလုံးမှာ တွေ့ရနိုင်ပါတယ်။ 

ရောဂါလက္ခဏာ

CPPV ဗိုင်းရပ်စ် ၃ မျိုးစလုံးဟာ တိရစ္ဆာန်တွေရဲ့ အရေပြားပေါ်မှာ အဖု၊ အကျိတ်တွေ ဖြစ်ပေါ်စေပါတယ်။ အကျိတ်တွေဟာ အချင်း ၂ - ၅ စင်တီမီတာ လောက်အထိ ကြီးမားပါတယ်။ အရေပြားမှာသာမက ခန္ဓာကိုယ်အတွင်းပိုင်း နံရံတွေမှာလည်း အကျိတ်ဖုတွေ၊ အနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ 

ကိုယ်အလေးချိန် ကျဆင်းခြင်း၊ နို့ထုတ်လုပ်မှု ကျဆင်းခြင်း၊ ဖျားနာခြင်း၊ မှိုင်တွေခြင်း၊ မျက်လုံးနဲ့ နှာခေါင်းကနေ အရည်တွေ ကျဆင်းခြင်း၊ သွားရည်ကျခြင်း၊ အချို့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ အရည်စုပြီး ရေဖျဉ်းစွဲခြင်း၊ ခြေထောက်နာခြင်း၊ သေဆုံးခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။ 

SP နဲ့ GP ဟာ သိုး၊ ဆိတ်တွေမှာ ရောဂါဖြစ်နှုန်း ၂၀ ရာခိုင်နှုန်းလောက်ရှိပြီး၊ ဖြစ်တဲ့ကောင်ရေစုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းအထိ သေဆုံးနိုင်ချေ ရှိပါတယ်။ 

LSD ကတော့ ရောဂါဖြစ်နှုန်း ၉ - ၂၆ ရာခိုင်နှုန်းခန့် ရှိပြီး သေဆုံးနှုန်းက ၀.၅ - ၂ ရာခိုင်နှုန်း ခန့် ရှိပါတယ်။ 

ကူးစက်ဖြစ်ပွားနှုန်းနဲ့ သေနှုန်းနည်းတယ်ဆိုပေမယ့် စီးပွားရေးအရ ထိခိုက်မှုကတော့ ကြီးမားပါတယ်။ သေဆုံးမှုအပြင် နို့၊ အသား၊ မျိုး ထုတ်လုပ်မှုတွေ ကျဆင်းသွားခြင်း၊ ဆေးကုသရခြင်း၊ ကြိုတင်ကာကွယ်ရခြင်း၊ ကုန်သွယ်ရေး အတားအဆီးဖြစ်ခြင်းတွေကြောင့် ဆုံးရှုံးနစ်နာမှု ကြီးပါတယ်။ ရောဂါဖြစ်ပြီး မသေဘဲ ရှင်ကျန်ခဲ့မယ်ဆိုရင်လည်း တိရစ္ဆာန်တွေရဲ့ အသား၊ သားရေ၊ သိုးမွေးတွေရဲ့ အရည်အသွေး ကျဆင်းပြီး ရောင်းတန်းမဝင်တော့ပါဘူး။ 

ကူးစက်ပုံ 

ဒီရောဂါတွေရဲ့ ကူးစက်ပုံ လမ်းကြောင်းတွေကို ပြည့်ပြည့်စုံစုံ မသိရှိရသေးပါဘူး။ LSD ကတော့ သွေးစုပ်တဲ့ အင်းဆက်တွေ (ယင်ကောင်စသည်) ကနေတဆင့် ရောဂါကူးစက်နိုင်ကြောင်း တွေ့ရှိထားကြပြီး ဖြစ်ပါတယ်။  ဒါကြောင့် ခြင်၊ ယင်ပေါတဲ့ ‌ကာလမှာ ရောဂါကို ပိုတွေ့ရလေ့ရှိပါတယ်။ 

နောက်တစ်ပိုင်းမှာ ကုသနည်းနဲ့ ကြိုတင်ကာကွယ်နည်းကို ပြောပြပေးသွားပါ့မယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်