တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
အိန္ဒိယနိုင်ငံ ဝယ်လိုအားရှိနေသည့် ပဲစဉ်းငုံက ပြည်တွင်းဈေးမာနေချိန် တရုတ်ဝယ်အားပျော့သည့် ပဲတီစိမ်းက ဈေးငြိမ်နေသည်။ ထို့ပြင် လက်ကျန်လျော့နည်းလာသည့် ကြက်သွန်နီက မိုးကြက်သွန်မပေါ်မီ ဈေးဆက်မာလာသည်။
ဈေးကောင်းနေသည့် ပဲစဉ်းငုံ
အိန္ဒိယသို့ တင်ပို့နေသည့် ပဲစဉ်းငုံ ပြည်တွင်းဈေး ထပ်မံမြင့်တက်ပြီး ပြည်ပရောင်းချသည့် FOB ဈေးငြိမ်နေသည်။
အိန္ဒိယနိုင်ငံတွင် ပဲစဉ်းငုံ စိုက်ပျိုးထုတ်လုပ်မှုအပေါ် စိုးရိမ်မှုများနှင့် အာဖရိကပဲစဉ်းငုံဈေး မြင့်တက်မှုကြောင့် ပြီးခဲ့သည့် ရက်သတ္တပတ်များတွင် မြန်မာ့ပဲစဉ်းငုံဈေးများ မြင့်တက်ခဲ့သည်။ သို့သော် ယခုရက်သတ္တပတ်တွင် အိန္ဒိယဈေးကွက်၌ မြန်မာ့ပဲစဉ်းငုံ FOB ဈေးငြိမ်နေသည်။ ပဲစဉ်းငုံတစ်တန် အမေရိကန်ဒေါ်လာ ၈၅၅ ဒေါ်လာ ဈေးဖွင့်သည်။
မြန်မာနိုင်ငံတွင် ပဲစဉ်းငုံ FOB ဈေးက ခေတ္တငြိမ်နေသည်။ ပဲစဉ်းငုံ (နီ) 2024-25 Crop တစ်တန် ဒေါ်လာ ၈၁၀/၈၂၀၊ ပဲစဉ်းငုံ (နီ) 2025-26 Crop တစ်တန် ဒေါ်လာ ၈၄၀/၈၅၀ ဈေးဖွင့်သည်။
သို့သော် စက်တင်ဘာ ၁၇ ရက်အထိ ပြည်တွင်းပဲစဉ်းငုံဈေးက ပဲတစ်တန် ကျပ် ၃၅,၀၀၀ ဈေးတက်လာသည်။ အိန္ဒိယသို့ အဓိကထားတင်ပို့နေသည့် ပဲများထဲတွင် လက်ရှိ ပဲစဉ်းငုံဈေး လှုပ်ရှားမှုများနေသည်။
ပြည်တွင်းဈေးကွက်တွင် ပဲစဉ်းငုံ (နီ) တစ်တန် ကျပ် ၃,၄၅၀,၀၀၀ မှ ၃,၄၈၅,၀၀၀ အထိ ဈေးမြင့်တက်လာသည်။
မန္တလေးဈေးကွက်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ပဲစဉ်းငုံ (နီ) တစ်တန် ကျပ် ၃၃ သိန်းကျော်မှ ယခုရက်သတ္တပတ်တွင် ကျပ် ၃,၃၉၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။
ဈေးဆက်ငြိမ်နေသည့် ပဲတီစိမ်း
တရုတ်နိုင်ငံသို့ အဓိကထားတင်ပို့နေသည့် ပဲတီစိမ်းက စက်တင်ဘာ ၁၄ - ၁၈ ရက်သတ္တပတ်တွင် ပြည်တွင်းဈေးငြိမ်နေပြီး ပဲတီစိမ်းအမျိုးအစားအချို့၏ ပြည်ပဈေး အနည်းငယ်ကျရိပ်သန်းနေသည်။
တရုတ်နိုင်ငံအတွင်း ပဲတီစိမ်းအသစ်ပေါ်ချိန်ဖြစ်သောကြောင့် ဝယ်လိုအားပျော့သော်လည်း လကုန်ပိုင်းတွင် အမှာများရရှိလေ့ရှိသည့် အခြေအနေကိုလည်း မျှော်လင့်နေကြသည်။
စက်တင်ဘာ ၁၄ - ၁၈ ရက်သတ္တပတ်တွင် ပဲတီစိမ်း ပြည်ပရောင်းချသည့် FOB ဈေးက ပဲတီစိမ်း (ရွှေဝါ) FAQ အမျိုးအစား တစ်တန် ဒေါ်လာ ၉၀၀/၉၁၀ မှ ၈၉၀/၉၀၀ သို့ ဈေးပြောင်းပြီး ပဲတီစိမ်း (အညာ) FAQ အမျိုးအစား တစ်တန် ဒေါ်လာ ၇၅၀/၇၆၀ တွင် ဈေးငြိမ်နေသည်။
ပဲတီစိမ်း ပြည်တွင်းဈေးက ပဲတီစိမ်း (အညာ) တစ်ပိဿာ ကျပ် ၄,၀၀၀/၄,၀၂၀၊ ပဲတီစိမ်း (ခရမ်း၊ ပဲခူး) ရွှေဝါ တစ်ပိဿာ ကျပ် ၅,၆၆၅၊ ပဲတီစိမ်း (ဝါးခယ်မ) FAQ တစ်ပိဿာ ကျပ် ၄,၅၀၀/၄,၅၂၀ ဈေးဖွင့်သည်။

မြေပဲဈေး အပြောင်းအလဲ
ဆီထွက်သီးနှံ မြေပဲ ပြည်တွင်းဈေး အနည်းငယ် အပြောင်းအလဲရှိသော်လည်း ပြည်ပဈေးငြိမ်နေသည်။ ရန်ကုန်ဈေးကွက်တွင် မြေပဲ FOB ဈေးက မြေပဲ (လုံးဆန်) တစ်တန် ဒေါ်လာ ၂,၀၇၅/၂,၀၈၅ ဖြင့် ဈေးငြိမ်နေသည်။
ပြည်တွင်းဈေးကွက်တွင် မြေပဲက ဆီစက်သမားနှင့် လုပ်ငန်းသမား ဝယ်လိုအား၊ မြေပဲအသစ် ဈေးကွက်ဝင်လာမှုအပေါ် မူတည်ပြီး ဈေးနှုန်း အနည်းငယ် အပြောင်းအလဲရှိနေသည်။
ပြီးခဲ့သည့် ရက်သတ္တပတ် မန္တလေးဈေးကွက်တွင် တစ်တန် ကျပ် ၇,၆၅၀,၀၀၀ ကျော် ဈေးဖွင့်ခဲ့သည့် မြေပဲ S1 လုံးဆန်က ယခုရက်သတ္တပတ်တွင် တစ်တန် ကျပ် ၇,၅၉၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။ မြေပဲ (အနီ) လုံးဆန်က တစ်တန် ကျပ် ၇,၅၃၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။ မြေပဲ S1 (ဆီဆန်) က တစ်တန် ကျပ် ၇၂ သိန်းကျော်မှ ၇,၅၉၀,၀၀၀ ကျော်၊ မြေပဲအနီ (ဆီဆန်) က တစ်တန် ကျပ် ၆,၅၅၀,၀၀၀ ကျော်မှ ၇၃ သိန်းကျော်သို့ ဈေးပြောင်းသွားသည်။
လက်ကျန် အခြေအနေကြောင့် ဈေးမာနေသည့် ကြက်သွန်နီ
ပြည်တွင်း လက်ကျန်အခြေအနေနှင့် ဈေးကွက်တင်ပို့နိုင်မှုက လက်ရှိ ကြက်သွန်နီဈေးကို တွန်းအားတစ်ခုဖြစ်လာသည်။
ပျမ်းမျှ တစ်ရက် ပိဿာချိန် ၁၅၀,၀၀၀ ဝန်းကျင် လိုအပ်နေသော ရန်ကုန်ဈေးကွက် ဝယ်လိုအား ဖြည့်နိုင်မည့် ကြက်သွန်နီ လက်ကျန်အခြေအနေကလည်း ကြက်သွန်နီဈေးအပေါ် သက်ရောက်မှုရှိနေသည်။ မိုးကြက်သွန်အသစ် ဝင်မှသာ လက်ရှိဈေးမာမှုကို အထိန်းအထေ့ လုပ်နိုင်မည်ဆိုသည့် သုံးသပ်ချက်များလည်း ရှိနေသည်။
လက်ရှိ ပြည်တွင်း ကြက်သွန်နီ အဓိကစိုက်ပျိုးသည့် တိုင်းကြီး ၃ တိုင်းတွင် လက်ကျန်လျော့နည်းနေသည်။
ရန်ကုန်ဈေးကွက်သို့ ကြက်သွန်နီအဝင်ကလည်း တစ်ရက် ပျမ်းမျှ ပိဿာချိန် တစ်သိန်းကျော်သာရှိသဖြင့် ဈေးကွက်မှ လိုအပ်သည့်ပမာဏကို မဖြည့်နိုင်ပေ။
ထို့ကြောင့် ရန်ကုန်ဈေးကွက်တွင် ယခုရက်သတ္တပတ် ကြက်သွန်နီ လက္ကားဈေးက ဆိပ်ဖြူ (ရှယ်) တစ်ပိဿာ ကျပ် ၆,၃၀၀ မှ ၆,၆၀၀၊ မုံရွာ (ရှယ်) တစ်ပိဿာ ကျပ် ၆,၄၀၀ မှ ၆,၆၀၀၊ မြင်းခြံ (ရှယ်) တစ်ပိဿာ ကျပ် ၆,၆၀၀ ဈေးဖွင့်သည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
နိုင်ငံတကာသီးနှံဈေးကွက်
အကြောင်းအရာ 2
ပြည်တွင်းသီးနှံဈေးကွက်
အကြောင်းအရာ 3
သီးနှံဈေးကွက်
ဆက်စပ်ဆောင်းပါးများ
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
ဆက်စပ်မေးခွန်းများ
မြေချဉ်ငန် တိုင်းစက် နဲ့ NPK တိုင်းစက် ဘယ်တံဆိပ်လေးတွေကတိတိကျကျ တိုင်းပေးနိုင်လဲခဗျာ ... လမ်းညွှန်ပေးကြပါဦး။ကွမ်းခြံကုန်းမြို့နယ်မှာ ဘယ်နေရာဌာနကို သွားပြီးဓာတ်ခွဲရမှန်း မသိလို့ပါ။ လယ်တွေက ဒီနှစ်တောင် ရောဂါတွေကျနေတာ နောက်နှစ်ပိုဆိုးလာမှာကြောက်လို့ပါ...🙏🙏🙏
မြင့်မြတ် • ဖြေကြားချက် 1 ခု
စပါပင်များကိုရွှေခရုများကိုက်ဖြတ်တက်၍မည်သို့လုပ်ဆောင်ရမ ည်နည်း
U Win Zaw • ဖြေကြားချက် 4 ခု
ကြက်ချေးနွားချေး၄၀ရာခိုင်နှုန်း စပါးခွံ၄၀ရာခိုင်နှုန်း ပြာ၂၀ရာခိုင်နှုန်းemပွားရည်နဲ့ ဖွဲနု၁၀၀ပြည်နဲ့လုပ်ထားတယ် ၄ခါလှ်တယ် သူက၃၅ရာခိိုင်နှုန်းလျှော့တယ်မဲတယ် အပူကင်းပြီ မြေနံ့ရ မြေဆွေးဖြစ်ပြီးလား အပင်သိသာအောင်ဘယ်လိုသုံးရမလဲ လုပ်ရောင်းဖို့ကြိုးစားနေတာ
ဇေယျာဟိန်း • ဖြေကြားချက် 2 ခု
ရေဆင်းပေါ်ဆန်း(၂)ကြဲခင်းမှာ၇၀ရက်မှာအလံရွက်ထွက်နေပါတယ်
U Kyaw Win Htike • ဖြေကြားချက် 1 ခု
ဆရာ ခရမ်းခေါင်းအတော်များများမှာ ခရမ်းသီးလေးတွေ ပုတ်ပီးအဖြူရောင် လေးတွေ ကပ်နေလို့ဆရာ ဘာဖြစ်တာလဲ
U Yan • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from AMIA
အားလုံး
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
အသားဈေးရဲ့ ၂ ဆ နီးပါးဖြစ်နေတဲ့ ငါးခြောက်ဈေးကွက်
08/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....