ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

11/05/2018 10:09 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၇.၅.၂၀၁၈ မှ ၁၁.၅.၂၀၁၈)ထိ

စပါး
ပြီးခဲ့တဲ့အပတ်က ပုသိမ်စျေးကွက်မှာ စပါးစျေးကငြိမ်ပြီး ဆန်စျေးတွေတက်ခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ စပါးစျေးရော ဆန်စျေးပါတက်လာပါတယ်။ ဒေသအချို့ကနေ ဆန်ရော စပါးရော အဝင်နည်းလာတဲ့အတွက် စျေးကမြင့်တက်လာတာလည်း ဖြစ်ပါတယ်။ ပထမတန်းစားစပါးဖြစ်တဲ့ ဧရာဝတီပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၁၀၉၅၀၀၀ ကျော်ပေါက်စျေးရှိပြီး တင်း ၁၀၀ ကို ငွေကျ့ပ် ၃ သောင်းကျော် စျေးတက်လာပါတယ်။ ပေါ်ဆန်းရင်အမျိုးအစားကလည်း တင်း ၁၀၀ ကို ၉၈၁၀၀၀ ကျော်ပေါက်ပြီး ၄ သောင်းနီးပါး စျေးတက်လာပါတယ်။ ဒုတိယတန်းစားဖြစ်တဲ့ ရွှေသွယ်လေး နဲ့ဧရာမင်း အမျိုးအစားကလည်း တင်း ၁၀၀ ကို ၇၃၆၀၀၀ ပေါက်စျေးရှိပြီး တင်း ၁၀၀ ကို ၄ သောင်းခွဲ နီးပါးစျေးတက်လာပါတယ်။ သီးထပ်ရင်စပါးကတော့ တင်း ၁၀၀ ကို ၅၂၅၀၀၀ ပေါက်စျေးရှိပြီး ၁ သောင်းနီးပါးစျေးတက်လာပါတယ်။ မနောသုခနဲ့မီးကောက်တို့ကတော့ သုံးပတ်ဆက်တိုက် စျေးငြိမ်နေပြီး မနောသုခက တင်း ၁၀၀ ကို ၅၇၀၀၀၀ ကျော်၊ မီးကောက်ကတော့ တင်း ၁၀၀ ကို ၅၉၈၀၀၀ အသီးအသီးပေါက်စျေးရှိပါတယ်။

မတ်ပဲ(FAQ/RC)
မတ်ပဲကို နှစ်စဉ်တန်ချိန် တစ်သိန်းခွဲဝယ်ယူမယ်လို့ အိန္ဒိယနိုင်ငံက ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ထုတ်ပြန်လိုက်တဲ့အချိန်မှာ စျေးကွက်အတွင်း မတ်ပဲက အနည်းငယ်စျေးပြန်တက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်တွေက အိန္ဒိယနိုင်ငံကလည်း ပြည်တွင်းပဲဖူလူမှုကြောင့် ဝယ်ယူမှုလျော့နည်းခဲ့ရာမှ စျေးက ၄ သိန်းအောက်ထိလျော့ကျလာခဲ့ပါတယ်။ ထပ်ပြီး ကိုတာစနစ်နဲ့သွားဖို့အတွက်လည်း အလားအလာရှိနေပြီး အိန္ဒိယနိုင်ငံကလည်း ပဲဝယ်တဲ့အတွက် သူတို့နိုင်ငံဘက်ကသကြားကို ပြန်လည်ဝယ်ယူဖို့ကို ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့လည်း သိရပါတယ်။ ထပ်မံပြီး အိန္ဒိယအစိုးရက မတ်ပဲကိုအလုံးနဲအခြမ်း သီးခြားခွဲဝယ်မယ်ဆိုတဲ့ ကန့်သတ်ချက်တွေ ပါလာတဲ့အပြင် ပိုပြီးသတ်မှတ်ချက်တွေက ပြင်းထန်လာတဲ့ သဘောလည်း ရှိပါတယ်။ ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၄၅၀၀၀၀ အကျော်အထိ ပြန်လည်စျေးတက်လာပါတယ်။ မုံရွာမှာတော့ မတ်ပဲက တစ်တင်းကို ၁၃၅၀၀ နဲ့ ၁၀၀၀ လောက်စျေးပြန်တက်လာသလို ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၁၄၀၀၀ နဲ့ ၈၀၀ ကျော်စျေးတက်လာ ပါတယ်။နေပြည်တော်မှာတော့ သုံးတင်းဝင်တစ်အိတ်ကို ၄၀၀၀၀ နဲ့စျေးငြိမ်နေခဲ့ပါတယ်။ မတ်ပဲက ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မေလ ပိုင်းမှာ တစ်တန်ကို ၉၇၀၀၀၀ ကျော် စျေးရရှိခဲ့ပါတယ်။

ပဲစင်းငုံနီ
ပြီးခဲ့တဲ့အပတ်က ပဲစင်းငုံနီစိုက်တဲ့ တောင်သူတွေကို ပဲကုန်သည်များအသင်းက ဒေသနဲ့ကိုက်ညီမယ့် စီးပွားဖြစ် ဆီထွက်သီးနှံတွေ၊ တစ်ခြားပဲအမျိုးအစားတွေကိုသာ စိုက်ပျိုးဖို့အတွက် တိုက်တွန်းမှုတွေ ပြုလုပ်လိုက်တဲ့အချိန်မှာ ပဲစင်းငုံစိုက်တဲ့ တောင်သူတွေအပြင် ပဲစင်းငုံလှောင်ထားတဲ့ကုန်သည်တွေ မေးခွန်းထုတ်မှုများစွာ ဖြစ်ခဲ့ပြီး အလွန်ထိတ်လန့်သွားတဲ့အခြေအနေလည်း ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ပတ်မှာတော့ အိန္ဒိယက ပဲစင်းငုံနီကို တန်ချိန် ၂ သိန်းထပ်ပြီး တင်ပို့ခွင့်ပြုလိုက်တဲ့အချိန်မှာ စျေးကွက်အတွင်း စျေးအနည်းငယ်ပြန်တက်လာခဲ့သလို တောင်သူတော်တော်များများလည်း သက်သာရာရတဲ့ အခြေအနေ ဖြစ်သွားပါတယ်။ ဒါပေမယ့် အိန္ဒိယအစိုးရက ပဲစင်းငုံနီကို ပဲအလုံးအပြင် ပဲအခြမ်းပါ တင်ပို့ရမယ့်ဆိုတဲ့ ကန့်သတ်ချက်အချို့ကြောင့် ပဲကုန်သည်အချို့ကတော့ နောက်ဆက်တွဲ ခွဲခြမ်းတဲ့စက်လိုအပ်ချက်တွေကို စိုးရိမ်မှုတွေ ရှိလာပါတယ်။ ပဲခြမ်းတွေ ကိုတော့ အိန္ဒိယနိုင်ငံအပြင် အခြားတရုတ်နိုင်ငံ၊ ယူအေအီးနိုင်ငံတို့ကလည်း ဝယ်ယူတာဖြစ်တဲ့အတွက် စျေးကွက်က ပျက်သွားလောက်တဲ့အခြေအနေတော့ မရှိတော့ဘူးလို့လည်း ကုန်သည် အချို့သုံးသပ်ထားပါတယ်။ အဆိုပါ ထုတ်ပြန်ချက် မတည်ငြိမ်မှုတွေကြောင့် ရန်ကုန်စျေးကွက်မှာ ပဲစင်းငုံနီက ၃ ရက်လောက်စျေးမဖွင့်ခဲ့ဘဲ စျေးပြန်ဖွင့်တဲ့ အချိန်မှာတော့ တစ်တန်ကို ၃၇၇၀၀၀ နဲ့ စျေးပြန်ဖွင့်ခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၉၀၀၀ နဲ့စျေးအနည်းပြန်တက်ခဲ့ပါတယ်။ ပခုက္ကူကုန်စည်ဒိုငမှာ ပဲအဟောင်းသာ တစ်တင်းကို ၁၁၀၀၀ ကျော်နဲ့ ပေါက်စျေးရှိပြီး ပဲအသစ်ကတော့ စျေးမဖွင့်တာကို တွေ့ရပါတယ်။ ပဲစင်းစုံနီကတော့ ပြီးခဲ့တဲ့ နှစ် ၂၀၁၇ ကာလတူအခြေအနေမှာ တစ်တန်ကို ၆၇၀၀၀၀ ကျော်စျေးရရှိခဲ့ပါတယ်။

နှမ်းနက်

နှမ်းနက်ကတော့ လက်ရှိမှာ တရုတ်နိုင်ငံက အဝယ်လိုက်နေတဲ့အတွက်ကြောင့် စျေးတက်နေပါတယ်။ တစ်ခြားနှမ်းအမျိုးအစားတွေကလည်း စျေးကွက်ထဲကို ဝင်တစ်ရက် မဝင်တစ်ရက် ဖြစ်တဲ့အတွက်ကြောင့် နှမ်းနက်က စျေးပိုရပြီး အရောင်းအဝယ်ကလည်းသွက်နေပါတယ်။ ပြည်ကုန်စည်ဒိုင်မှာ နှမ်းတစ်အိတ်ကို ၁၀၀၀၀၀ ကျော် စျေးရရှိပြီး ၁၀၀၀၀ ကျော်စျေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာလည်း တစ်အိတ်ကို ၁၀၂၀၀၀ ကျော်ရှိပြီး ၂၀၀၀ ကျော်စျေးတက်လာပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာလည်း တစ်အိတ်ကို ၁၂၀၀၀၀ ရှိပြီး တစ်အိတ်ကို ၅၀၀၀ စျေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာလည်း တစ်အိတ်ကို ၁၀၅၀၀၀ ကနေ ၁၀၈၀၀၀ အထိ စျေးရရှိပြီး ၃၀၀၀ နီးပါးစျေးတက်လာပါတယ်။

နှမ်းဖြူ
လက်ရှိစျေးကွက်အတွင်း နှမ်းဖြူက အဝင်နည်းလာတဲ့အတွက် စျေးကောင်းကလည်း ရရှိနေပါတယ်။ ပြည်တွင်းစားသုံးမှုအပြင် ပြည်ပကိုလည်း တင်ပို့နေတာဖြစ်တဲ့အတွက် လက်ရှိအချိန်ထိ အကျစျေးနဲ့ မရှိသေးပဲ စျေးကွက်အတွင်း စျေးမာနေခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ နှမ်းဖြူက ဒီတစ်ပတ်မှာ စျေးမဖွင့်ခဲ့ပါဘူး။ မန္တလေးကုန်စည်ဒိုင်မှာတော့ တစ်အိတ်ကို ၁၂၅၀၀၀ ကနေ ၁၃၅၀၀၀ အထိ ပေါက်စျေးရှိပါတယ်။

 

၀တ်ရည်မွန်(AMIA)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်