ပြည်ပအဝယ်မရှိပေမယ့်လည်း မြေပဲဆံဈေး "တက်" (တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်)

13/01/2025 10:30 AM တွင် AMIA AMIA မှ ရေးသား

ဒီတစ်ပတ်မှာ ​မြေပဲက စျေးတက်လာပြီး ပဲတီစိမ်းက အတက်စျေးနဲ့ ငြိမ်ပါတယ်။၊ မတ်ပဲက စျေးအေးနေပြီး ပဲစဥ်းငုံကတော့ စျေးတန်းထပ်ကျ ပါတယ်။

မတ်ပဲ

မတ်ပဲ ကတော့ ဒီတစ်ပတ်မှာ စျေးအတက်အကျအပြောင်းအလဲကြီးကြီးမားမားမရှိပါဘူး။

အိန္ဒိယနိုင်ငံမှာ မတ်ပဲအသစ်ပေါ်ပြီး စျေးကွက်ထဲဝင်ရောက်မှုရှိနေလို့ စျေးတန်းအတက်နှေးနေပါတယ်။

အိန္ဒိယဂယက်နဲ့အတူ မြန်မာမှာလည်း မတ်ပဲအသစ်တွေပေါ်ပြီး ရောင်းအားများနေတာကြောင့် စျေးတန်းအေးနေဆဲဖြစ်ပါတယ်။ 

ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ  မတ်ပဲ (FAQ )တစ်တန်ကို ၃၁၉၅၀၀၀ ကျပ်ကျော်ရှိပါတယ်။ အရင်အပတ်က တစ်တန်ကို ၃၁၉၇၀၀၀ ကျပ်ရှိခဲ့ပါတယ်။

မန္တလေးစျေးကွက်မှာတော့  မတ်ပဲ ပိဿာ ၆၀ အသစ်က ၂၈၀၀၀၀ မှ ၃၀၅၀၀၀ ကျပ်ရှိ ပါတယ်။ 

ပဲစဥ်းငုံ

ပဲစဥ်းငုံကတော့ အခုအပတ်မှာလည်း  တစ်တန်ကို ၄၀၀၀၀ လောက် စျေးထပ်ကျပါတယ်။

ပြည်တွင်းမှာပဲအသစ်တွေပေါ်နေတဲ့အပြင် အိန္ဒိယကလည်း ပဲအဝယ်အေးနေတာကြောင့် ပဲစဥ်းငုံ စျေးတန်းအေးနေတာဖြစ်ပါတယ်။

ဒီတစ်ပတ်ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစဥ်းငုံနီ တစ်တန်ကို  ၃၀၇၅၀၀၀  ကျပ်သာရှိပါတယ်။ အရင်တပတ်ကတစ် တန်ကို ၃၁၁၅၀၀၀ကျပ်ရှိပါတယ်။

မန္တလေးစျေးကွက်မှာတော့ ဒီတစ်ပတ်မှာလည်း ပဲစဥ်းငုံနီကို စျေးဖွင့်ထားခြင်းမရှိတာတွေ့ရပါတယ်။

မြေပဲ

မြေပဲဆံစျေးကွက်ကတော့ ခုရက်ပိုင်းမှာ စျေးတက်လာတယ်လို့သိရပါတယ်။

မြေပဲဆံကို ပြည်ပအဝယ်မရှိပေမယ့်လည်း ဆီစက်ပိုင်တွေကဝယ်လိုအားရှိခြင်း၊ လုပ်ငန်းသုံးသမား ဝယ်ယူမှုရှိခြင်းကြောင့် မြေပဲစျေးမြင့်တက်လာတာဖြစ်ပါတယ်။

မကွေးမှာမြေပဲဆံစျေးက မြေပဲအနီလုံးဆံတစ်ပိဿာကို တစ်ပိဿာ ၈၅၀၀ ကျပ်၊ မြေပဲအဖြူလုံးဆံတစ်ပိဿာကို ၈၈၀၀ မှ ၉၀၀၀ ကျပ်၊ မြေပဲဆံအောက်ကျ ( ခွဲခြမ်း) တစ်ပိဿာကို ၇၅၀၀ မှ ၇၇၀၀ ကျပ်ရှိတယ်လို့သိရပါတယ်။

မန္တလေးကုန်စည်ဒိုင်မှာတော့ S1 လုံးဆံက ၉၀၀၀ ကျပ်၊ S1 ဆီဆံက ၈၅၀၀ မှ ၈၆၀၀ ကျပ်၊ အနီလုံးဆံ ၈၆၀၀ မှ ၈၉၀၀ ကျပ်၊ အဖြူလုံးဆံ ၉၀၀၀ မှ ၉၂၀၀၀ ကျပ်ရှိနေပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့  ဒီတစ်ပတ်မှာ အတက်အကျမရှိ စျေးတန်းငြိမ်နေပါတယ်။ 

ပဲတီစိမ်းထဲမှာ ရန်ကုန်က ထွက်တဲ့ခရမ်းရွှေဝါက စျေးတန်းအမြင့်ဆုံးဖြစ်ပြီး ပဲခူးရွှေဝါက ဒုတိယစျေးတန်းအမြင့်ဆုံးဖြစ်ပါတယ်။ လက်ရှိက  ဆောင်းပဲအသစ်တွေမပေါ်သေးပါဘူး။ ပဲတီစိမ်းအညာနဲ့ဝါးခယ်မကတော့ စျေးတန်းငြိမ်နေပြီး  ပဲအသစ်တွေစျေးကွက်ထဲဝင်ရောက်မှုရှိနေပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက် မှာ  ပဲတီစိမ်း(ခရမ်းရွှေဝါ)က ၅၅၈၀ ကျပ်၊  (ပဲခူးရွှေဝါ)က ၅၂၅၀ ကျပ်၊  ဝါးခယ်မ FAQ  က ၄၆၆၅ မှ ၄၆၈၅ ကျပ်၊ ပဲတီစိမ်းအညာ တစ်ပိဿာ ကို ၄၉၁၅ မှ ၄၉၃၅ ကျပ်နဲ့ငြိမ်နေတာဖြစ် ပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)သုံးတင်းဝင်တစ်အိတ်ကို အမြင့်ဆုံး  ၃၀၀၀၀၀ ကျပ်ရှိပြီးအရင်တစ်ပတ်ကထက် ၅၀၀၀ ကျပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်