“ဆေးဘက်ဝင်ဓနိဖူးလက်ဖက်ခြောက်”

30/03/2022 15:00 PM တွင် Zaw Htet Aung Zaw Htet Aung မှ ရေးသား

ဓနိပင်ဆိုတာ မြန်မာနိုင်ငံအောက်ပိုင်းဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသများနှင့် ကမ်းရိုးတန်းဒေသတွေမှာ သဘာဝအတိုင်း အလေ့ကျပေါက်ရောက်လျက်ရှိတဲ့ ဒီရေတောအပင်များ ဖြစ်ပါတယ်။

 

ဓနိပင်မှရရှိတဲ့ ဓနိအရွက်၊ အဖူး၊ အသီး၊ အမြစ်တွေကို နိုင်ငံတော်တော်များများမှာ ရှေးယခင်တည်းက ပန်းနာရင်ကြပ်ရောဂါ၊ အသည်းရောဂါ၊ တီဘီရောဂါ၊ အဆုတ်နာ၊ အကိုက်အခဲပျောက်ဆေး စတဲ့ရောဂါများအတွက် အသုံးပြုခဲ့ကြပါတယ်။ ဒါတင်မက စိတ်ငြိမ်ဆေးဖော်စပ်ရာမှာလည်း အသုံးပြုခဲ့ကြသေးတယ်လို့ သိရပါတယ်။ 

 

ဒီတော့ ဓနိပင်ဟာ တစ်ပင်လုံးကိုအကျိုးရှိရှိ အသုံးချနိုင်တဲ့ အကျိုးပြုအပင်တစ်ပင်ပါပဲ။

 

ဓနိဖူး

 

ဓနိဖူးဆိုတာ ဓနိပင်ရဲ့ပင်စည်မှ ရိုးတံတစ်ခုအဖြစ် ထိုးထွက်လာပြီး ၄င်းရိုးတံရဲ့ ထိပ်ဖျားမှာ သံလျက်ပုံစံ အချွန်အဖူးလေးများအဖြစ် အစုလိုက်အစုလိုက်ဖွဲ့စည်းတည်ရှိနေကြတဲ့ အဖူးလေးများ ဖြစ်ကြပါတယ်။

 

ဓနိဖူးခြောက်ဆိုတာကတော့ ဓနိဖူးတွေကို ခုတ်ယူပြီး သင့်တင့်သော အရွယ်အစားလေးများအဖြစ် လှီးဖြတ်ကာ သဘာဝနေရောင်ခြည်ဖြင့် သဘာဝအတိုင်း အခြောက်ခံပြီး ရရှိလာတာ ဖြစ်ပါတယ်။ 

 

ဓနိဖူးခြောက်ရေမှာ Antioxidants (သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းများ)မြင့်မားစွာ ပါဝင်ကြပြီး ကျန်းမာရေးအကျိုးကျေးဇူး အတော်များပါတယ်။ 

 

 “ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းသည်”ဟူသော စကားပုံအတိုင်း ဓနိဖူးလက်ဖက်ခြောက်က ရောဂါတော်တော်များများကို ကာကွယ်နိုင်တဲ့အပြင် ရောဂါဖြစ်နေတဲ့ဝေဒနာရှင်များလည်း သောက်သုံးနိုင်တယ်လို့ သိရပါတယ်။ သဘာဝအော်ဂဲနစ် စစ်စစ်ဖြစ်လို့ အန္တရာယ်ကင်းပြီး စိတ်ချယုံကြည်စွာ ဆေးဘက်ဝင်အာဟာရအဖြစ် သုံးစွဲနိုင်ပါတယ်။

 

ဓနိဖူးလက်ဖက်ခြောက်သောက်ရုံနဲ့ ..

 

ညဘက်အိပ်မပျော်သူများ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေခြင်း

ဆီး၊ဝမ်း၊လေ မှန်စေခြင်း။

နှာစေး၊ချောင်းဆိုး၊လည်ပင်းနာတာကို သက်သာစေခြင်း။

အစာခြေလွယ်ပြီး ရင်ပြည့်၊ ရင်ကယ် မဖြစ်စေခြင်း။

ဇက်ကြောတက်၊ ညောင်းညာကိုက်ခဲတာကို သက်သာစေခြင်း။

စတဲ့ လတ်တလောအကျိုးကျေးဇူးတွေ ရနိုင်တယ်လို့ ဆိုပါတယ်။

 

 

 

 

 

ဓနိဖူးလက်ဖက်ခြောက်ရေကို ရေရှည်သောက်မယ်ဆိုရင်တော့…..

 

သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါများကို ကာကွယ်ပေးပြီး ကိုလက်စထရောကို ကျစေခြင်း။

အာရုံကြောနဲ့ မျက်စိကိုလည်း အထောက်အပံ့ဖြစ်စေခြင်း။

ကင်ဆာရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးခြင်း။

အစာအိမ်ဝေဒနာရှိသူများလည်း ရောဂါသက်သာပျောက်ကင်းစေခြင်း။

ခန္ဓာကိုယ်အထိုင်အထ လေးလံခြင်းများကိုလည်း သက်သာပျောက်ကင်းစေခြင်း။

အဆစ်ရောင်ရောဂါကိုလည်း သက်သာစေခြင်း။

ခန္ဓာကိုယ်မှ အလိုအလျောက်တုံ့ပြန်မှု ကစဥ့်ကလျား ဖြစ်ခြင်းကိုလည်း သက်သာစေခြင်း။

ဖျားနာကိုက်ခဲခြင်းကိုလည်း သက်သာပျောက်ကင်းစေနိုင်ခြင်း။

အသားအရေကို စိုပြည်လှပစေခြင်း။

စတဲ့ အကျိုးကျေးဇူးတွေရှိတယ်လို့ သိရပါတယ်။

 

ဒါတင်မက ဓနိဖူးခြောက်ရေမှာ Antioxidants ကြွယ်ဝစွာပါဝင်နေတာကြောင့် သာမန်ဆဲလ်များ၊ သာမန်တစ်ရှူးများ ဖြစ်ထွန်းမှုနှင့် ပြန့်ပွားမှုတို့ကို ထောက်ပံ့အားပေးလို့ နာတာရှည်ရောဂါသည်များနဲ့ သာမန်ဆေးများ မတိုးသော ဖျားနာမှုဖြစ်တတ်သော ရောဂါဝေဒနာရှင်များ သောက်သုံးရန် အထူးသင့်တော်ပါတယ်လို့လည်း သိရပါတယ်။ 

 

ဓနိဖူးလက်ဖက်ခြောက်ကိုတော့ ရိုးရိုးလက်ဖက်ခြောက်လိုပဲ ရေနွေးပူပူထဲထည့် ၅ မိနစ်လောက် ကြာပြီးရင် လက်ဖက်ရည်ကြမ်းလို သောက်သုံးပေးရုံပါပဲ။

 

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်