အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
ဥယျာဉ်ခြံအား စိုက်ပျိုးပြုစုခြင်းသည် ကျွန်တော်တို့သက်တမ်းကို အမှန်တကယ် ပိုရှည်စေနိုင်ကြောင်း သုတေသနများက ဖော်ပြထားနေပါပြီ။
အသက်ရှည်ရခြင်းအကြောင်းဆိုင်ရာ လေ့လာရေးကျွမ်းကျင်သူ Dan Buettner သည် ကမ္ဘာပေါ်တွင် အသက် ၁၀၀ ကျော်အထိ နေထိုင်သူအများဆုံးရှိရာ "Blue Zones" (အပြာရောင်ဇုန်) ၅ နေရာကို လေ့လာခဲ့ရာ ယင်းနေရာအားလုံးနီးပါးတွင် တူညီနေသည့် အံ့သြဖွယ်အချက်တစ်ခုကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
၎င်းတို့သည် အသက် ၈၀၊ ၉၀ နှင့် ယင်းထက်ကျော်လွန်သည့်တိုင်အောင် ဥယျာဉ်စိုက်ပျိုးခြင်းကို ဆက်လက်လုပ်ကိုင်ကြခြင်းပင်ဖြစ်သည်။
သူသည် မြေကြီးတူးဆွခြင်းက အဘယ်ကြောင့် အသက်ပိုရှည်စေသနည်းဆိုသည့် မေးခွန်းဖြင့် လေ့လာခဲ့ရာ အဓိက အကြောင်းရင်း (၅) ချက်ကို တွေ့ရှိခဲ့သည်။
(၁) အသက်ရှည်ရန်အတွက် အကောင်းဆုံး လေ့ကျင့်ခန်းဖြစ်ခြင်း
ဥယျာဉ်စိုက်ပျိုးခြင်းသည် အလွန်ပြင်းထန်သော လေ့ကျင့်ခန်းမဟုတ်သော်လည်း ကွေးခြင်း၊ မခြင်း၊ တူးခြင်း၊ လမ်းလျှောက်ခြင်းနှင့် ထိုင်ထလုပ်ခြင်း စသည့် အဆက်မပြတ် လှုပ်ရှားမှုများကို လုပ်ဆောင်ရသည်။ ဒီလိုလုပ်လိုက်ခြင်းက ခန္ဓာကိုယ်၏ ခွန်အား၊ ပျော့ပြောင်းမှုနှင့် ဟန်ချက်ညီမှုကို တည်ဆောက်ပေးသည်။ အထူးသဖြင့် အသက် ၆၅ နှစ်ကျော် လူကြီးများ၏ ကိုယ့်ကိုယ်ကိုယ် အားထားနိုင်မှုကို ဆုံးရှုံးစေလေ့ရှိသည့် ချော်လဲကျခြင်းများကို ယင်းက ကာကွယ်ပေးသည်။ စိုက်ပျိုးရသည်မှာ ပျော်စရာကောင်းသောကြောင့် လူအများစုသည် အားကစားရုံ (Gym) သွားခြင်းကို ရပ်နားလိုက်သည့်တိုင် ဥယျာဉ်စိုက်ပျိုးခြင်းကိုမူ ဆယ်စုနှစ်ပေါင်းများစွာ ဆက်လက်လုပ်ကိုင်လေ့ရှိကြသည်။
(၂) မြေကြီးကိုယ်တိုင်က ဆေးတစ်ခွက်ဖြစ်နေခြင်း
မြေကြီးထဲတွင် Mycobacterium vaccae ဟုခေါ်သော အန္တရာယ်မရှိသည့် ဘက်တီးရီးယားများ ပါဝင်သည်။ ၎င်းကို ရှုရှိုက်မိခြင်း သို့မဟုတ် လက်နှင့်ထိတွေ့မိခြင်းက စိတ်ကျရောဂါကုသဆေးများ၏ ပစ်မှတ်ဖြစ်သော ဦးနှောက်တွင်းရှိ 'ဆီရိုတိုနင်' (Serotonin) ဓာတ်ကို မြင့်တက်စေနိုင်ကြောင်း သုတေသနများက ဆိုသည်။ သိပ္ပံပညာရှင်များက 'သဘာဝ စိတ်ကျပျောက်ဆေး' ဟုပင် အမည်ပေးထားကြသည်။ ထို့ကြောင့် ဥယျာဉ်စိုက်ပျိုးစဉ် ခံစားရသည့် တည်ငြိမ်မှုနှင့် ကြည်နူးမှုတို့သည် မြေကြီးထဲမှ တစ်စိတ်တစ်ပိုင်း ပါဝင်လာခြင်း ဖြစ်နိုင်သည်။
(၃) စိတ်ဖိစီးမှုကို သိသိသာသာ လျော့ကျစေခြင်း
ဥယျာဉ်စိုက်ပျိုးချိန်သည် သင့်ခန္ဓာကိုယ်၏ အဓိက စိတ်ဖိစီးမှု ဟော်မုန်းဖြစ်သော 'ကောတီဆော' (Cortisol) ပမာဏကို လျော့ကျစေကြောင်း လေ့လာမှုများက ပြသထားသည်။ နာတာရှည် စိတ်ဖိစီးမှုသည် နှလုံးရောဂါ၊ ရောင်ရမ်းမှုနှင့် အိုမင်းရင့်ရော်မှုကို မြန်ဆန်စေသည်။ ထို့ကြောင့် စိတ်ကို တည်ငြိမ်အောင်ထားခြင်းသည် သင့်ကျန်းမာရေးအတွက် အကောင်းဆုံး ကာကွယ်မှုတစ်ခုဖြစ်သည်။ စကော့တလန်နိုင်ငံရှိ ဆရာဝန်များသည် ယင်းကို များစွာယုံကြည်လက်ခံထားသဖြင့် သွေးတိုးနှင့် စိုးရိမ်ပူပန်မှုလွန်ကဲသော လူနာများအတွက် သဘာဝနှင့်ရောယှက်ချိန် (Nature time) တရားဝင် ဆေးစာပင် ရေးပေးနေကြပြီ ဖြစ်သည်။
(၄) ပိုမိုကောင်းမွန်သော အစားအစာများကို စားသုံးရခြင်း
ကိုယ်ပိုင် ဟင်းသီးဟင်းရွက် စိုက်ပျိုးသူများသည် ဟင်းသီးဟင်းရွက် ပိုမိုစားသုံးလေ့ရှိသည်။ လတ်ဆတ်သော သီးနှံများ ကြွယ်ဝသည့် အစားအစာသည် ကျန်းမာပြီး အသက်ရှည်ရန်အတွက် အသေချာဆုံးသော အချက်တစ်ခုဖြစ်သည်။
(၅) နိုးကြားတက်ကြွဖို့အတွက် အကြောင်းပြချက်ကို ပေးစွမ်းခြင်း
သက်ရှိတစ်ခုခုကို ပြုစုစောင့်ရှောက်ခြင်းက သင့်ကို နေ့စဉ်မနက်တိုင်း အိပ်ရာထရန် အကြောင်းပြချက်၊ စောင့်ကြည့်ရန်နှင့် မျှော်လင့်ရန် အရာတစ်ခုခုကို ပေးစွမ်းသည်။ ခိုင်မာသော ရည်မှန်းချက်ရှိခြင်းသည် အသက်ရှည်ခြင်းအတွက် အစွမ်းထက်ဆုံးသော အချက်များထဲမှ တစ်ခုဖြစ်သည်။
ဥယျာဉ်စိုက်ပျိုးခြင်းသည် ခန္ဓာကိုယ်၊ စိတ်ခံစားချက်နှင့် စိတ်ကျန်းမာရေးကို တစ်ပြိုင်နက်တည်း တိုးတက်စေနိုင်သော အရာအနည်းငယ်ထဲမှ တစ်ခုဖြစ်သည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် ဥယျာဉ်တစ်ခု စတင်ရန် စဉ်းစားနေပါက၊ ယခုပင် စတင်လိုက်ပါ။ မြို့ပြထဲက ပြတင်းပေါက်ဘောင်ပေါ်မှာစိုက်ထားတဲ့ ပန်းအိုးအနည်းငယ်ကပင် အကျိုးရှိစေပါသည်။
အစိမ်းရောင်လမ်း App ကတော့ စိတ်ပူပင်မှုကင်းကင်းနဲ့ စိုက်ပျိုးနိုင်ပြီး ပိုးမွှားရောဂါတွေကျရောက်တဲ့အခါ ကူညီဖို့ အမြဲတမ်းအသင့်ဖြစ်နေမှာပါ။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အောင်ငြိမ်းချမ်း
လွန်ခဲ့သော ၁ ရက် က@Thein Soe Min ကျေးဇူးပါခင်ဗျာ
ဆက်စပ်ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
ဆက်စပ်မေးခွန်းများ
မတ်ပဲ စိုက်ပြီး ဘယ်နှစ်ရက်သားလောက်မှာ ငါးအမိုင်နိုဖြန်းသင့်ပါသလဲခင်မျ ပြီး ဘယ်လောက်ပမာဏ သုံးသင့်လဲပေါ့ LAB လက်တစ်အက်ဆစ်နဲ့ရော တွဲသုံးလို့ရလား သိချင်ပါတယ့် မြေခံကိုတော့ ထရိုင်ကိုဒါးမားဖြန်းခဲ့ပါတယ်
Thiha • ဖြေကြားချက် 4 ခု
ပဲပုပ်က စိုက်ကတာလား မက်ပဲလို့ခုတ်ဖုံးကျဲလို့ရလားဗျ
nay Htet • ဖြေကြားချက် 2 ခု
ပဲတီစိမ်းခုတ်ဖုံးအတွက်နည်းလမ်းလေးမျှဝေပေးပါဆရာ
moe min aye • ဖြေကြားချက် 1 ခု
ကြက်ဥ။ သံပုရာအမိုင်နို လုပ်နည်းလေးရှင်းပြပေးပါ
U Than Toe Aung • ဖြေကြားချက် 1 ခု
စမုံနက်နှမ်းမျိုး(သက်လျင်)က လင်းတာတုံပြန်တဲ့မျိုးလား ခု အောက်တိုဘာမှာ စိုက်ချင်လို့ရလားသိချင်လို့
Khing Hein • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၇)
13/10/2026
ရန်ကုန် ကြက်၊ ဘဲဈေးကွက်တွင် အသားတိုးကြက်ဈေးကျပြီး ဘဲဈေးနှုန်း မြင့်တက်
13/10/2026
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
More from Thein Soe Min
အားလုံး
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
ဗီဒီယို
တောင်ပံလေးနဲ့တောင်မှ စိုက်ပျိုးသူ တောင်သူတွေကို အကျိုးပြုပေးနေတဲ့ ပုစဉ်းရင်ကွဲ
21/08/2026
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
20/08/2026
