ရေတာရှည်မြို့နယ်တွင် ပြောင်းစိုက်ပျိုးမှု ပိုမိုများပြားလာ

03/05/2019 19:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 

စပါးကို အဓိကအားထားစိုက်ပျိုးလျက်ရှိသော တောင်သူများအနေဖြင့် သီးနှံတစ်ခုတည်းအပေါ်မှီခိုစိုက်ပျိုးခြင်းထက် အာမခံမှုရှိသော အခြားသော သီးနှံတစ်မျိုးဖြစ်သည့် ထိုင်းနိုင်ငံမှ မျိုးစေ့တင်သွင်း၍ ပြောင်းစိုက်ပျိုးမှုများ ယခင်ကထက် ပိုမိုများပြားလျက်ရှိကြောင်းသိရသည်။

 

ခုဆိုရင် ပြောင်းစိုက်ပျိုးတဲ့ တောင်သူတွေ ပိုများလာတယ်။ များလာရတဲ့ အကြောင်းရင်းက စျေးကွက်ခိုင်မာမှုရှိတယ်လို့ ပြောရင်ရတယ်။ ထိုင်းနိုင်ငံက မျိုးတင်သွင်းတယ်။ ကုမ္ပဏီက ရေတွင်းတွေ အခမဲ့တူးပေးတယ်။ နည်းပညာတွေ ပံ့ပိုးပေးတယ်။ ထွက်လာသမျှ ပြောင်းကိုလည်း ကာလပေါက်စျေးနဲ့ ပြန်လည်ဝယ်ယူတာဖြစ်တဲ့အတွက် တောင်သူတွေလည်း အဆင်ပြေကြတာ တွေ့ရတယ်" ဟု ဧပြီ ၃၀ ရက် နံနက်ပိုင်းက ကျင်းပသည့် ရေတာရှည် မြို့နယ်အင်ကျင်းကုန်းကျေးရွာ တောင်သူဦးမြဝင်း၏ ပြောင်းစံပြကွက်ရိတ်သိမ်းပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာ မြို့နယ်ဦးစီးမှု ဦဂဝင်းမြင့်က ပြောကြားသည်။

 

မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန နှင့်ထိုင်းနိုင်ငံ အခြေစိုက် စီစီပီဓာတ်မြေသြဇာ ကုမ္ပဏီ ကူဘိုတာ လယ်ယာသုံး စက်ပစ္စည်း ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကုန်းကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာငါးရွာမှ ဒေသခံပြည်သူ ၁၅၀ ကျော်လာရောက်လေ့လာခဲ့သည်။

 

စီစီပီကုမ္ပဏီက စျေးကွက်ပေါက်စျေးနဲ့ ဝယ်ယူတော့ တောင်သူတွေ အဆင်ပြေတာပေါ့။ ရှေ့နှစ်ရာသီပြောင်းစိုက်ပျိုးသူတွေ ပိုများလာလိမ့်မယ်လို့ထင်တယ်" ဟု အင်းကျင်းကုန်းကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက သုံးသပ်ပြောကြားသည်။

 

 

ကိုလွင် (ဆွာ)

 

 

ကြေးမုံသတင်းစားမှ ကူးယူဖော်ပြပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်