သဘာဝကပေးတဲ့ နိုက်ထရိုဂျင်လက်ဆောင်တွေ ယူကြမလား

27/07/2021 11:00 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

    ကုန်ဈေးနှုန်းတွေကလည်း တက်တယ်နော်။ သတင်းတွေကြားလိုက်ပါရဲ့။ ကျေးဇူးရှင် တောင်သူဦးကြီးတွေအတွက်လည်း စိတ်ပူမိပါရဲ့။ ဘာများလုပ်လို့ရနိုင်မလဲလို့ တွေးကြည့်မိတော့ သဘာဝကပေးထားတဲ့ လက်ဆောင်တွေနဲ့ ကိုယ့်မြေကြီး ပြုပြင်ကြနိုင်မဲ့နည်းလမ်းတစ်ခုကိုတွေ့လို့ ပြန်ပြီးဖောက်သည်ချလိုက်ပါတယ်။ ဝေမျှပေးကြပါဦးနော်.

    အမြဲတမ်းစိုက်ပျိုးလာတဲ့မြေကြီးတွေက ထုတ်ယူသုံးတာတွေများလို့ အရင်လို မျိုးစေ့ချ အပင်ပေါက် သီးပွင့်ဆိုတဲ့ခေတ်ကနေ ခုချိန်မှာတော့ လူလုပ်ဓာတုမြေသြဇာတွေကို သုံးလာကြရတယ်။ အများဆုံးဝယ်သုံးတာ ဘာတွေဖြစ်မလဲဆိုတော့ နိုက်ထရိုဂျင်မြေသြဇာ၊ ပိုတက်စီယမ်မြေသြဇာနဲ့ ဖော့စဖောရပ်မြေသြဇာတွေရယ် နောက် သူတို့ (၃)မျိုးရောထားတဲ့ ကွန်ပေါင်းမြေသြဇာတွေပါပဲ၊ ပုလဲဆိုတဲ့ နိုက်ထရိုဂျင်ကိုဖြည့်တင်းပေးနိုင်တဲ့ မြေသြဇာပဲဖြစ်ပါတယ်။ ခုပြောပြမဲ့နည်းလမ်းက ပုလဲမှာပါတဲ့ နိုက်ထရိုဂျင်ဆိုတာကို မြေကြီးထဲကို သဘာဝလက်ဆောင်တွေနဲ့ ဘယ်လိုဖြည့်တင်းမလဲဆိုတာပါ။ 

(၁) သဘာဝမြေဆွေးထည့်မယ်

    တိရိစ္ဆာန်ကနေရတဲ့ စွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့ နွားချေး ကြက်ချေး စတာတွေမှာ နိုင်ထရိုဂျင်တွေအများကြီးပါပေမဲ့လို့ တိုက်ရိုက်ထည့်လိုက်ရင် အပင်တွေကိုလောင်စေတတ်ပါတယ်။ ကိုယ်က အချိန် (၆) လလောက်များရတယ်ဆိုရင်တော့ တိုက်ရိုက်ထည့်လို့ရပါတယ်။ တိုက်ရိုက်ထည့်လို့မရဘူးဆိုရင် ဘယ်လိုထည့်ကြမလဲဆိုတော့ ကိုယ်စိုက်တဲ့သီးနှံအကြွင်းအကျန်လေးတွေရယ်၊ အိမ်ကထွက်တဲ့ ဆွေးမြေ့နိုင်တဲ့ပစ္စည်းတွေနဲ့ မြေဆွေးပုံပြီးထည့်ပေးနိုင်ပါတယ်။ မြေဆွေးပုံနည်းတွေကလည်း တောင်သူတိုင်းက သိလောက်ပြီးပြီထင်ပါတယ်။ မြေဆွေးကောင်းကောင်းရဖို့ အချိန်ပေးရပေမဲ့လို့ တစ်နှစ်လောက်များ အချိန်ပေးနိုင်ရင် မြေဆွေးပုံ မြေဆွေးထည့်တဲ့ လုပ်ငန်းစဉ်က ကောင်းကောင်းကိုလည်ပတ်နိုင်မှာပါ။ ဒီလိုမျိုး မြေကြီးထဲကို တိရိစ္ဆာန်အညစ်အကြေးပါတဲ့ မြေဆွေးတွေထည့်ပေးတာမျိုးက အကောင်းဆုံးနည်းလမ်းဖြစ်ပြီးတော့ နောင်မျိုးရိုးစဉ်ဆက်အတွက်လည်း စိတ်ချရတဲ့နည်းလေးဖြစ်ပါတယ်။ 

(၂) သစ်စိမ်းမြေသြဇာထည့်ပါ

    မြေကြီးထဲကိုနိုက်ထရိုဂျင်ထည့်ပေးနိုင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ သစ်စိမ်းမြေသြဇာကို ထည့်ပေးတာပဲဖြစ်ပါတယ်။ သစ်စိမ်းမြေသြဇာအဖြစ်စိုက်ပြီးတော့ အပင်တွေကြီးလာ၊ ပန်းပွင့်ချိန်ရောက်ခါနီးကျတော့ ထယ်ထိုးပစ်လိုက်ပြီး မြေကြီးနဲ့ သမလိုက်တာပါပဲ။ အချိန်ပေးရပေမဲ့ ကိုယ်မစိုက်ဖြစ်သေးတဲ့အကွက်တွေမှာ တစ်လှည့်စီလုပ်သွားရင်းနဲ့ လည်ပတ်သွားတဲ့အခါကျရင် ဈေးကြီးကြီးပေးဝယ်ရတဲ့ ဓာတုမြေသြဇာတွေကနေ လွတ်နိုင်ပါတယ်နော်။ 

(၃) နိုက်ထရိုဂျင်ဖမ်းပေးနိုင်တဲ့ သစ်စိမ်းမြေသြဇာတွေထည့်ပေးနိုင်ပါတယ်

    ပဲမျိုးနွယ်ဝင်အုပ်စုတွေက သူတို့အမြစ်မှာ နိုက်ထရိုဂျင်ကိုဖမ်းယူပေးနိုင်တဲ့ ဘက်တီးရီးယားလေးတွေနေထိုင်နိုင်ဖို့ လုပ်ပေးတာကြောင့် အဲ့လို ဘက်တီးရီးယားလေးတွေနေထိုင်ပြီးတော့ မြေကြီးထဲကို နိုက်ထရိုဂျင်တွေ ဖြည့်တင်းပေးနိုင်ပါတယ်။ မြေကြီးထဲကို နိုက်ထရိုဂျင်တွေရောက်သွားပြီဆိုရင် အပင်တွေကို သစ်စိမ်းမြေသြဇာလုပ်ပေးလိုက်ရုံပါပဲ။ ဆိုတော့ ဒီနည်းလမ်းကလည်း မြေကြီးထဲကို နိုက်ထရိုဂျင်တွေဖြည့်တင်းပေးမှာဆိုတာ သေချာပါတယ်။ 

(၅) ကော်ဖီကြမ်းထည့်ပေးလို့ရတယ်

    ကော်ဖီပင်စိုက် ကော်ဖီထုတ်တဲ့ နေရာတွေနားနေတဲ့သူတွေပဲဖြစ်ဖြစ် အိမ်မှာ တစ်ပိုင်တစ်နိုင်လေး အပင်လေးတွေစိုက်တဲ့သူတွေပဲဖြစ်ဖြစ် ကော်ဖီနှပ်ပြီးကျန်တဲ့ အမှုန့်လေးတွေ၊ ကော်ဖီကြမ်းတွေကို မြေဆွေးပုံထဲထည့်တာဖြစ်ဖြစ် မြေကြီးထဲကိုတိုက်ရိုက်ထည့်တာဖြစ်ဖြစ် ထည့်ပေးလို့ရပါတယ်။ သူတို့က ပြိုကွဲဖို့ အချိန်နည်းနည်းယူပေမဲ့လို့ နိုက်ထရိုဂျင်ကို ဖြည့်တင်းပေးနိုင်ပါတယ်။ အပိုဆုအနေနဲ့ကတော့ ကော်ဖီမှုန့်ကြမ်းကြမ်းလေးတွေက မြေကြီးကို မွမွလေးဖြစ်ပြီး ရေထုတ်ကောင်းနိုင်အောင်ကူညီပေးနိုင်တာပါပဲ။ 

(၆) ငါး

    ဟုတ်ပါတယ် ငါးပါ။ ငါးအကျန်တွေ အရိုးပါအပါ ငါးဖယ်ရိုးလိုမျိုးကို တိုက်ရိုက်ထည့်ပေးလို့ရပါတယ်။ ဒါမှမဟုတ်လည်း မြေဆွေးလုပ်တဲ့အချိန်မှာ ရောထည့်ပေးလို့ရပါတယ်။ တစ်ခြားနည်းလမ်းဆို ငါးအမိုင်နိုလုပ်ပြီးတော့လည်း သုံးလို့ရပါသေးတယ်။ ချက်စားလို့လည်း ယား၊ ငါးကန်ကိုလည်းဒုက္ခပေးတဲ့ စုပ်ခွက်ငါးတွေကို ဒီလိုနေရာမှာသုံးလို့ရပါတယ်။ အဲ့လိုထည့်ပေးရင် နိုက်ထရိုဂျင်အပြင်ကို တစ်ခြားဓာတ်တွေဖြစ်တဲ့ ကယ်လ်စီယမ်၊ ဆိုဒီယမ်၊ ကလိုရင်း၊ ဆာလဖာ၊ မဂ္ဂနီစီယမ်တွေလည်း အပင်တွေကို ပေးနိုင်ပါသေးတယ်။ 

(၇) မြက်ဖြတ်စတွေဖြန့်ပေးတာမျိုး

    ပေါင်းသတ်ဆေးမသုံးထားတဲ့ မြက်ပင်တွေကို ဖြတ်ပြီးတော့ ဖြတ်စတွေကို မြေပြင်ပေါ်မှာ ဖြန့်ပေးတာဖြစ်ဖြစ်လုပ်ပေးရင် သူတို့လည်းအဆွေး မြေထဲကိုလည်း နိုက်ထရိုဂျင်ပြန်အပေးနဲ့ ကွက်တိပါပဲ။ 

    ဒီနည်းလမ်းတွေကိုသုံးပြီးတော့ မြေကြီးထဲကို နိုင်ထရိုဂျင်ကို ပြန်ပြီးတော့ ဖြည့်ပေးလို့ရပါတယ်။ အချိန်လေးတွေပေးရတယ်ဆိုပေမဲ့လို့ သဘာဝနည်းလမ်းဟာ ကုန်ကျစရိတ်သက်သာပြီးတော့ အကောင်းဆုံးဖြစ်တာကြောင့် လုပ်ကြည့်စေချင်ပါတယ်။ ပြီးတော့ ဓာတုမြေသြဇာတွေကို သုံးတာက အချိန်နဲ့အမျှ မြေကြီးကိုဖျက်ဆီးနေတာပါပဲ။ ပြီးတော့ စီးပွားရေးအရလည်း တွက်ချေကိုက်အောင် ကြိုးစားနေကြရတဲ့ လုပ်ငန်းရှင်ကြီးတွေအတွက်လည်း နည်းလမ်းကောင်းတွေဖြစ်တာကြောင့်မို့ လုပ်ရင်း ကိုင်ရင်း အဆင်ပြေသွားကြဖို့ မျှော်လင့်မိပါတယ်။ တောင်သူဦးကြီးများ စီးပွားဥစ္စာ ဒီရေအလား တိုးတက်နိုင်ကြပါစေ။

Reference: https://www.gardeningchannel.com/add-nitrogen-garden-soil/


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်