ရွှေဖရုံပင်ကို မြေထုပ်စည်း ကိုင်းကူးနည်း
ပုံမှန်အားဖြင့် ဘူး၊ ဖရုံတို့သည် မျိုးစေ့မှ အလွယ်တကူစိုက်၍ရသော အပင်များဖြစ်သည်။ သို့သော် ဆိုင်မှဝယ်သောမျိုးစေ့သည် တစ်ကြိမ်သာလျှင်စိုက်ရခြင်း၊ ထိုအပင်၏အသီးမှ မျိုးစေ့ပြန်ယူသောအခါ မူရင်းမျိုးကဲ့သို့ အသီးသီးနှုန်းမကောင်းခြင်း၊ အရသာမကောင်းခြင်း စသောပြဿနာများ ကြုံရတတ်သည်။ ထို့ကြောင့် ကိုင်းကူးခြင်းဖြင့် မူရင်းမျိုးကဲ့သို့ အသီးသီးနှုန်းကောင်းသော၊ အရသာကောင်းသော မျိုးကိုင်းများရရှိ၍ စိုက်နိုင်ပါသည်။
ယခုလိုမျိုးပုံစံအတိုင်း ကိုင်းကူးခြင်းကို ဘူး၊ ကျောက်ဖရုံ၊ ခဝဲ၊ သဘွတ်၊ သခွားတို့တွင်လည်း ရနိုင်ပါသည်။
ရွှေဖရုံပင်သည် မျိုးရင်း Cucurbitaceae တွင်ပါဝင်ပြီး သိပ္ပံနာမည်မှာ Cucurbita moschata ဖြစ်သည်။ မူရင်းပေါက်ရောက်ရာဒေသမှာ အမေရိကန်အလယ်ပိုင်းနှင့် မြောက်ပိုင်းဖြစ်ပြီး ယင်းမှတဆင့် ဥရောပနှင့် ကမ္ဘာ့အခြားဒေသများသို့ ပျံ့နှံ့လာခြင်းဖြစ်သည်။
အစေ့မှစိုက်သောအပင်သည် စိုက်ပြီး ၃ လခန့်တွင်မှ အသီးစသီးသော်လည်း ကိုင်းကူး၍ စိုက်သောအပင်ကမူ ၁ လခန့်တွင် စသီးနိုင်သည်။ အပင်ငယ်ငယ်နှင့် အသီးသီးသောကြောင့် အလှစိုက်ပင်အဖြစ်ထားလျှင်လည်း ရနိုင်သည်။
ကိုင်းကူးရန်အပင်ရွေးချယ်ခြင်းနှင့် ကိုင်းကူးရာတွင် လိုအပ်သောပစ္စည်းများ
မျိုးကိုင်းကူးရန် ရည်ရွယ်သောအပင်သည် မိမိကြိုက်နှစ်သက်သောမျိုး၊ ကျန်းမာသန်စွမ်းသောမျိုး၊ ရောဂါကင်းသောမျိုး၊ အသီးအားကောင်းသောမျိုး ဖြစ်ရမည်။
ကိုင်းကူးရန်လိုအပ်သောပစ္စည်းများမှာ ဓားပါးပါးပြတ်ပြတ်တစ်လတ်၊ ပလတ်စတစ်ကြိုး၊ အကြည်အိတ်/ပလတ်စတစ်အကြည်ဘူး၊ အုန်းဆံမှုန့်/ မြေဆွေးမှုန့်တို့ လိုအပ်သည်။
အုန်းဆံမှုန့်/မြေဆွေးမှုန့်ကို ၅၀ - ၆၀ ရာခိုင်နှုန်း ရေစိုဓာတ်ရှိအောင်နယ်၍ (လက်နှင့်ဆုပ်ကြည့်လျှင် လက်ရေစိုရုံအနေအထား) အကြည်အိတ်နှင့် ထုပ်ထားရမည်။ ရေများလျှင် အမြစ်ပုပ်တတ်သည်။
အိတ်ထုပ်များအဆင်သင့်ဖြစ်၍ အပင်သည် ကိုင်းကူးရန်အဆင်သင့်ဖြစ်သောအချိန်တွင် မြေထုပ်စည်းခြင်း စလုပ်နိုင်ပါသည်။ လေပေါ်အမြစ်ထွက်နိုင်ရန် ပတ်ဝန်းကျင်သည် စိုစွတ်သင့်သည်။ မြေထုပ်စည်းခြင်းကို အပင်၏ထိပ်ညွန့်မှ ၁ တောင်အကွာတွင် ကူးနိုင်ပါသည်။
အနွယ်၏အဆစ်တွင် ကူးမည်ဖြစ်သောကြောင့် အဆစ်တွင်ရှိသော အရွက်၊ အညွန့်အတက်များ ဖယ်ရှား၍ (၃)ဆစ်ခြား တစ်ခါကူးနိုင်ပါသည်။ မြေထုပ်ကို အလယ်မှခွဲ၍ အရွက်ဖယ်ထားသောအဆစ်နေရာတွင် ညှပ်၍ ကောက်ညှင်းထုပ်ပမာ စည်းပေးရပါသည်။ (မိမိ၏မြေထုပ်အရွယ်အစားအရ (၁-၃) ဆစ်ထိ ခြုံငုံ၍မြေထုပ်စည်းနိုင်ပါသည်။) မြေထုပ်စည်းပြီး ၁၀ ရက်ခန့်တွင် အမြစ်ထွက်၍ ၁၅ ရက်ခန့်တွင် ကိုင်းဖြတ်ရွှေ့စိုက်နိုင်ပြီဖြစ်သည်။

ပြောင်းရွှေ့စိုက်ခြင်း
ပြောင်းရွှေ့စိုက်မည့်မြေသည် ကြိုတင်ပြင်ဆင်ထားသော အနေအထားဖြစ်နေရန်လိုအပ်ပြီး အမြစ်သည် နုနယ်သောကြောင့် ဂရုတစိုက်ကိုင်တွယ်ရန် လိုအပ်ပါသည်။
မြေသည် လုံလုံလောက်လောက်စိုစွတ်၍ အေးနေမှသာ အမြစ်လောင်ခြင်း သက်သာပါမည်။ ဖြတ်လာသောပျိုးထုပ်ကိုင်းကို ပြောင်းရွှေ့စိုက်ပြီး စိုက်ကျင်းပေါ်တွင် မြက်/သစ်ခက်တို့ဖြင့် မြေဖုံးပေးလျှင် အမြစ်ရှင်သန်အား ပိုကောင်းပါသည်။ (ထိပ်အညွန့်ပိုင်းကို ဖြတ်ပေးလျှင် ရေငွေ့ပျံခြင်း လျော့နည်းစေသည်။)
ပြောင်းရွှေ့စိုက်ချိန်တွင် အမြစ်သည် ကောင်းစွာ အာဟာရဓာတ်မစုပ်နိုင်သေးသောကြောင့် ပြောင်းစိုက်ချိန်က ပါလာသောအပွင့်၊ အသီးများကို ပေးမကြီးထွားစေသင့်ပါ။ ပြောင်းစိုက်ပြီး ၂၅ ရက်ခန့်မှသာလျှင် အပွင့်၊ အသီး စတင်စေသင့်သည်။
ယခုဖော်ပြထားသော ဖရုံ၊ ဘူး၊ သခွား တို့၏ မြေထုပ်စည်းနည်းဖြင့် ကိုင်းကူးနိုင်ခြင်းကို သိရှိခြင်းအားဖြင့် စီးပွားဖြစ်အထိ အသုံးချ စိုက်ပျိုးထုတ်လုပ်နိုင်လာလိမ့်မည်ဟု ယုံကြည်ပါသည်။
References
https://m.youtube.com/watch?v=
https://www.youtube.com/watch?
https://www.herbazest.com/
https://m.youtube.com/watch?v=
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မြေထုပ်စည်းကိုင်းကူးနည်း
Sayadul Islam
လွန်ခဲ့သော ၂ နှစ် ကရွှေဖရုံသီး အပင်မှာ အသီးမရှင်းပါက ဘာလုပ်ရပါမလဲ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
မြေ ၁ဧကနဲ့ဒဿမ၈၀မှာ ဂျစ်ပဆမ်ဘယ်နှအိတ်ထည့်ရမလည်းရှင့် မြေပဲစိုက်မှာပါရှင့်
Hnin Nu Wai • ဖြေကြားချက် 1 ခု
စပါးရတ်သိမ်းပြီးချိန်မတ်ပဲမစိကြ်ပျိုးခင်မှာ emအပြင်းဖျန်းသင့်သလား။ မတ်ပဲကမြက်ရန်းစက်နဲ့ဖုံးအုပ်စိုက်ပျိုးမှာပါ။
Swann • ဖြေကြားချက် 3 ခု
အိမ်မှာအိုးထဲမြေထဲ့ပြီးသီးပင်စားပင်လေးစိုက်ချင်တယ်ကင်ပွန်းချဥ်ပင်တို့ဖရုံတို့စိုက်ချင်ပါတယ် အကြံပေးပါအုန်းဗျဘယ်လောက်အိုးအကျင် အမြင့်ဆိုရလဲ မြေဆီလွာဘာတွေရောစပ်သင့်လဲဗျ
soe moe aung • ဖြေကြားချက် 1 ခု
မတ်ပဲခုတ်ဖုံးကိုတစ်ဧကဘယ်နှစ်ပြည်ကြဲသင့်လဲ
Sawsamson • ဖြေကြားချက် 2 ခု
ဆောင်းစပါးအတွက်။ ဘယ်ရက်က စပြီး မျိုးကြဲရလဲဆရာ။ စောလွန်းရင်လဲ စပါးမထွက်မှာဆိုးလို့။ လယ်တွေက။ ကုန်းလယ်မို့။ ရေက သိပ်မရှိတော့ဘူး ကြဲရင် ဘယ်ရက်ကစ။ ကြဲရက်ဝင်လဲ ဖြေပေးပါအုန်းဆရာ
Nwe Nwe aung • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
အစိမ်းရောင်လမ်းရဲ့ website အသစ်ထဲမှာ ဈေးတန်းကြီးရှိနေပြီဆိုတာ သိထားပြီးကြပြီလား?
07/10/2026
အသား၊ ငါးဈေးများ ဆက်တိုက်မြင့်တက်ခြင်းကြောင့် ရောင်းအား သိသိသာသာ လျော့ကျနေ
07/10/2026
အယ်လ်နီညိုကာလမှာ သီးနှံပင်တွေ မခြောက်သွေ့စေမယ့် မြေဆီလွှာအစိုဓာတ်ထိန်းသိမ်းနည်း
07/10/2026
More from Aye Aye
အားလုံး
ပိုတက်စီယမ်(ပိုတက်ရှ်) ဘယ်ကရလို့ ဘယ်လိုထုတ်(၂)
30/06/2023
ပိုတက်စီယမ်(ပိုတက်ရှ်) ဘယ်ကရလို့ ဘယ်လိုထုတ်(၁)
28/06/2023
မီးစုန်းလို့ခေါ်တဲ့ ဖော့စဖောရပ်မြေသြဇာ ဘယ်လိုထုတ်၊ ဘယ်လိုသုံး - ၂
04/05/2023
မီးစုန်းလို့ခေါ်တဲ့ ဖော့စဖောရပ်မြေသြဇာ ဘယ်လိုထုတ်၊ ဘယ်လိုသုံး - ၁
28/04/2023
ယူရီးယား ဘယ်လိုထုတ်လုပ်သလဲနှင့် ဘက်စုံအသုံးချပုံများ (၂)
21/04/2023