ရောဂါမဟုတ်ပါ... မြေကြပ်တာ (၁)

16/01/2023 11:00 AM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

Green Way ရဲ့ အမေးအဖြေကဏ္ဍမှာ တစ်နေ့တစ်နေ့ မေးခွန်းတွေမေးမြန်းလိုက်တိုင်း ဒီပြဿနာက အမြဲပါနေကျ။ အပင်တွေဟာ “ရောဂါပိုးမွှားကျရောက်ခြင်းမရှိဘဲ မကြာခဏညှိုးတယ်၊ အပင်ကြီးထွားမှု ရပ်တန့် နေတယ်၊ အမြစ်ကြီးထွားမှုတွေမရှိဘူး၊ ထပ်ထွက်တဲ့အရွက်တွေက သေးငယ်လာတယ် အပွင့်ငယ်ငယ်နဲ့ ကြွေကျတယ်၊ အောက်ပိုင်းအရွက်တွေဝါပြီး ပြုတ်ကျလာတယ်” ဆိုပြီး အခင်းပုံလေးတွေရိုက်ပြီး ပြကြတယ်။ ဘာဖြစ်နေသလဲ၊ ဘာဆေးဖျန်းရမလဲပေါ့။ မြေကြီးကိုတော့ သတိမမူကြ၊ အာရုံမရကြ။ တချို့အခင်းဆို ဘယ် လောက်ထိမြေကကြပ်သလဲဆို အက်ကွဲကြောင်းကြီးတွေတောင်ဖြစ်လို့။

ဒီနေရာမှာ တစ်ခုသတိပေးပါရစေ။ မြေကြီးဆိုတာလည်း ကျွန်မတို့ရဲ့ ခန္ဓာကိုယ်လိုပါပဲ။ ကိုယ်ခံအားကောင်းမှ ရောဂါဒဏ်ကာကွယ်နိုင်မယ်။ ပိုးမွှားတွေကို တိုက်ထုတ်နိုင်ပါလိမ့်မယ်။ အဓိကအရေးပါတဲ့ မြေကြီးကတောင်မှ မြေဆီဩဇာမကောင်းဘဲနဲ့တော့ ကျွန်မတို့တတွေက အသီးအပွင့်တွေ ကောင်းချင်၊ အထွက်နှုန်းတွေ တိုးတက် ချင်လို့ မရပါဘူး။

ဒါ့ကြောင့် မြေကြပ်တဲ့နေတဲ့ မြေတွေမှာ ဘယ်လိုကြောင့် အပင်တွေကို ထိခိုက်နေရသလဲဆိုတာ ရှင်းပြပေးပါ့မယ်။

မြေကြပ်တယ်ဆိုတဲ့ သဘောတရားကတော့ မြေကြီးထဲမှာ လေဟာပေါက်လေးတွေရှိပါတယ်။ အဲ့လေဟာပေါက်တွေကို မြေကြီးအမှုန်အမွှားတွေ အားလုံးပေါင်းပြီး ကြားထဲမှာရှိတဲ့ မြေကြီးရဲ့ လေဟာပေါက်တွေကို ပိတ်ပစ်လိုက်တာကြောင့်ပါ။ အဲ့လိုတွေပိတ်ပစ်လိုက်တဲ့အခါ မြေကြီးဟာ ဖွယ်ဖွယ်လေးဖြစ်မနေတော့ဘဲ ကြီးမားတဲ့ မြေကြီးထုထည်အစိုင်အခဲတွေဖြစ်သွားပါတော့တယ်။

မြေကြပ်ရခြင်းဖြစ်စေရတဲ့ အကြောင်းအရင်းများ

(၁) လယ်ယာသုံးစက်ပစ္စည်းများကြောင့်

ဧကအများကြီးစိုက်ကြတဲ့ အခင်းတွေဆို ပိုသိသာပါတယ်။ စက်ယန္တရား (ထွန်၊ ထယ်၊ ခြွေ၊ လှေ့) စတဲ့ စက်အကြီးတွေနဲ့ အခင်းထဲဝင်ကြတဲ့အခါ မြေကြပ်တာကို ဖြစ်လာစေနိုင်ပါတယ်။ မောင်းနှင်သွားတဲ့ စိုက်ခင်းရဲ့ နေရာတစ်ချို့ဟာဆိုရင် စက်ရဲ့အလေးချိန်နဲ့ ဖိနင်းခံရတာကြောင့်  ဘီးအောက်က မြေတွေဟာ မြေတွေ ကြပ်သွားတတ်ပါတယ်။ လေ့လာမှုတွေအရတော့ စက်တွေပထမဆုံး စိုက်ခင်းထဲ ဝင်တဲ့အခေါက်မှာတင် မြေကြပ်တာ ၇၀ % ဖြစ်နိုင်ပါတယ်တဲ့။ ဒါကမယုံနိုင်စရာ ကိန်းဂဏန်းတစ်ခုပေမဲ့ စနစ်တကျလုပ်ထား တဲ့ Farm (စိုက်ခင်း)တွေဆို သိပြီးသားဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ စိုက်ခင်းရာသီပြီးသွားရင် စိုက်ခင်း ရဲ့  ၉၀% ရာခိုင်နှုန်းလောက်ကို ခြေရာခံနိုင်တာဆိုတော့ မြေကျပ်တာ ၇၀% ရာခိုင်နှုန်းလောက်က ဒီစက်တွေ ကြောင့်ပဲဆိုတာ။ ဒါတင်မကဘဲ ကောင်းတဲ့မြေသားကို ၄-၅ ဘီးလောက်ရှိတဲ့ စက်တွေနဲ့ အကြိမ်ကြိမ်ဖိနင်းပြီး စမ်းသပ်ထားတဲ့ ပညာရှင်တွေရဲ့ စမ်းသပ်ချက်တွေလည်း ရှိထားပါတယ်။ ဒါ့ကြောင့် ဦးကြီးတို့အနေနဲ့ အထွက် နှုန်းတွေကောင်းဖို့ မြေဆီလွှာဖွဲ့စည်းမှုနှင့် တည်ဆောက်မှု ညံ့ဖျင်းခြင်းကနေ ကာကွယ်ဖို့ဆို ရေရှည်ဗျူဟာလေးတွေ ချထားဖို့ လိုအပ်ပါမယ်။

(၂) အလေ့အကျင့်ဆိုးများကြောင့်

စက်တွေရဲ့ အလေးချိန်ကြောင့် မြေဆီလွှာကိုထိခိုက်သလို စက်တွေကို အသုံးပြုတဲ့နည်းကြောင့်လည်း မြေဆီလွှာကို ပိုမိုဆိုးရွားသွားစေပါတယ်။ ဥပမာအနေနဲ့ တူညီတဲ့အနက်ကို ထပ်ကာထပ်ကာထွန်ပြီး စိုက်ပျိုး ထားတဲ့ ကွင်းတွေမှာ Hard Pan ( ထယ်ထိုးလိုက်တဲ့ အောက်ခြေကနေ ကြပ်ခဲမြေ/ ၂ လက်မလောက် အထူရှိတဲ့မြေ) တွေဖြစ်လာပါတယ်။ Hard pan ဆိုတာဘယ်လိုမျိုးလဲ လေ့လာချင်ရင်တော့ သေးငယ်တဲ့ ကတုတ်ကျင်းတစ်ခုကို တူးကြည့်လိုက်ပါ။ အဲ့ဒီ့ Hard pan မြေမှာ အပင်ရဲ့ အမြစ်တွေက ထိုးမဖောက်နိုင်ဘဲ အလျားလိုက်ယှက်နေကြတာကို တွေ့ရမှာပါ။

နောက်ထပ်တစ်ခုကတော့ မြေဆီလွှာ အစိုဓာတ်ရှိနေတဲ့အချိန် စက်ယန္တရားကြီးတွေကို အသုံးပြုတာပါ။

မြေဆီလွှာအစိုဓာတ်ရရှိမှု ခဏခဏများလေလေ မြေသားသိပ်သည်းဖို့ အခွင့်အရေးရလေပါ။ ဒါ့ကြောင့် စက်ကြီးတွေနဲ့ စိုက်ခင်းထဲမဝင်ခင် မြေကြီးကို ဘောလုံးလေးလုံးပြီး လက်ကလေးတွေနဲ့စမ်းသပ်နိုင်ပါတယ်။ နည်းလမ်းလေးက အလွယ်လေးပါ။ မြေကြီးကိုအနည်းငယ်ယူပြီး လက်လေးနဲ့လှိမ့်ပြီး ဘောလုံးလေး လုပ်ကြည့်တာပါ။ ဘောလုံးလေးမဖြစ်ဘူးဆို နေသာတဲ့ ၂ ရက်လောက်အခြောက်ခံပြီး ဘောလုံးဖြစ်မဖြစ် ထပ်စမ်းသပ်ကြည့်နိုင်ပါတယ်။ ဒါ့အပြင် သဲမြေ(သို့) ရွှံ့စေးမြေတွေက သဘာဝအလျောက် မြေဆီလွှာထုထည် ပိုမိုသိပ်သည်းပြီး မြေကြပ်လွယ်ပါတယ်။

(၃) ရေသွင်းရေထုတ်မကောင်းခြင်းကြောင့်

ရေသွင်းများခြင်းကြောင့်ဖြစ်တဲ့ မြေအစိုဓာတ်များခြင်းက မြေဆီလွှာလေဝင်လေထွက်မကောင်းစေခြင်းနဲ့ ရေစိမ့်ဝင်နိုင်မှုနည်းစေနိုင်ခြင်းတို့ကြောင့် မြေကြပ်ခြင်း ပိုဆိုးလာနိုင်ပါတယ်။ မိုးရေတွေနဲ့ ရေသွင်းများတာ တွေက မြေဆီလွှာအစိုဓာတ် မြင့်မားမှုကို ပိုဆိုးလာစေနိုင်တာကြောင့် သီးနှံပင်တွေကို ဒုက္ခရောက်စေမှာပါ။

(၄) ခြေနင်းကြမ်းခြင်းကြောင့်

စိုက်ခင်းထဲကို ဝင်တဲ့လူတွေနဲ့ လွှတ်ကြောင်းထားတဲ့ တိရစ္ဆာန်တွေ ခြေနင်းကြမ်းတာကြောင့် မြေဆီလွှာ စိမ့်ဝင်မှုကိုလျော့ကျခြင်းနဲ့ မြေကြပ်ခြင်းဖြစ်ပေါ်မှုကို တိုးလာစေနိုင်ပါတယ်။ ဒီအချက်ကြောင့် မြေကြီးရဲ့ စိမ့်ဝင်နိုင်မှုစွမ်းအားလျော့ကျခြင်းနဲ့ မြေသားထုထည်တိုးလာပါတယ်။ ဒါတွေကြောင့် အာဟာရရရှိမှုနဲ့ လေဝင် လေထွက်မကောင်းတော့ဘဲ သီးနှံအထွက်နှုန်းနဲ့ အပင်ကြီးထွားမှုကို ထိခိုက်လာပါတော့တယ်။

(၅) ရာသီဥတုကြောင့်

ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကြောင့်လည်း မြေကြပ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ မြေဆီလွှာအပူချိန်နဲ့ အာဟာရညီညီမျှမျှရရှိမှုမရှိခြင်း၊ မြေနင်းကြမ်းခြင်း၊ မြေဆီလွှာတိုက်စားခံရခြင်း၊ အခြားသောလူသားတို့ရဲ့ လုပ်ဆောင်မှုအမှားအယွင်းများစွာတို့ကြောင့် မြေကြပ်ခြင်းက ပိုဖြစ်လာပါတော့တယ်။

မြေကြပ်လို့ရှိရင် အပေါ်ယံမြေသားဆိုပြုပြင်ရလွယ်ပေမဲ့ subsoil (အပေါ်ယံမြေဆီလွှာအောက်တွင် ရှိသော မြေသား) ဆို ပြုပြင်ရခက်ပါတယ်။ ဒါ့ကြောင့် မြေဆီလွှာအောက်သားတွေအထိ မြေကြပ်သွားတာမျိုးမဖြစ်အောင် ဂရုပြုဖို့လိုပါတယ်။

မြေကြပ်ရတဲ့အကြောင်းအရင်းကို သိသွားပြီဆိုတော့ နောက်နေ့မှာ ပြုပြင်ထိန်းသိမ်းနည်းလမ်းလေးတွေပြောပြပါ့မယ်။

Ref: https://www.masterclass.com/articles/soil-compaction-guide

https://extension.umn.edu/soil-management-and-health/soil-compaction#:~:text=Soil%20compaction%20can%20influence%20plant,and%20less%20overall%20root%20mass.

https://www.minickmaterials.com/blog/all-about-soil-compaction-causes-challenges-solutions-a-guide

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်