တောင်သူများအတွက် ရေရှည်တည်တံ့သော စိုက်ပျိုးရေးကဏ္ဍတစ်ခု အကောင်အထည်ဖော်နိင်ရန် လွှတ်တော်တွင် အဆိုတင်၍ စတင်ဆွေးနွေး
တောင်သူများအတွက် ရေရှည်တည်တံ့သော စိုက်ပျိုးရေးကဏ္ဍတစ်ခုကို အကောင်အထည်ဖော်ခြင်းအပြင် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာရေးအတွက် စားနပ်ရိက္ခာဖူလုံရေး လုံခြုံမှုဆိုင်ရာ ကဏ္ဍကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ GAP နည်းစနစ်ဖြင့် တစ်နိုင်ငံလုံး စိုက်ပျိုး ထုတ်လုပ်နိင်ရေး ဆောင်ရွက်ပေးပါရန် အဆိုအား မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁) မှ ဦးလှဆန်းက အမျိုးသားလွှတ်တော်တို့ တင်သွင်းခဲ့ရာ အမျိုးသားလွှတ်တော်၌ စတင်ဆွေးနွေးကြောင်း သိရသည်။
မေ ၁၆ ရက်က ကျင်းပခဲ့သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဌမပုံမှန်အစည်းအဝေး တတိယနေ့တွင် လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တစ်ဝန်လုံးရှိ နိုင်ငံသူ၊ နိုင်ငံသားများ ဘေးကင်းလုံခြုံသော စားနပ်ရိက္ခာများ ဖူလုံစွာ ရရှိစေရေးအတွက် ကျေးလက်နေ တောင်သူလယ်သမားများအား ပြည်ထောင်စုအစိုးရမှ အသိပညာ၊ နည်းပညာများ၊ အထောက်အပံ့ အကူအညီပေးပြီး GAP နည်းစနစ်များဖြင့် တစ်နိုင်ငံလုံး စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးပါရန် အဆိုတင်သွင်းခဲ့သည်။
ဦးလှဆန်းက တောင်သူများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်း၊ တောင်သူများနှင့် ဌာနဆိုင်ရာများအကြား ကောင်းမွန်ပွင့်လင်းသော ဆက်ဆံမှုများနှင့် လုပ်ငန်းများကို တိုးတက်စေခြင်း အပါအဝင် စိုက်ပျိုးထုတ်လုပ်မှု နည်းပညာ စျေးကွက်တို့ ဟန်ချက်ညီညီ တိုးတက်စေခြင်းမှ တစ်ဆင့် ပိုမိုကောင်းမွန်သော မူဝါဒများ၊ လုပ်ငန်း အစီအစဉ်များကို ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် တောင်သူများအကြား ပူးပေါင်းချမှတ် လာနိင်စေရန် ဦးတည်ဆောင်ရွက်ရန်လည်း ရည်ရွယ်ပါကြောင်း၊
ထို့ပြင် စျေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော ထွက်ကုန်များ ထုတ်လုပ်နိုင်ရန်နှင့် စျေးကွက်ဝင် အရည်အသွေး ရရှိရန်အတွက် ချိန်ညှိထုတ်လုပ်င်နိုင်ရေး၊ အသိပညာဗဟုသုတများကို အချိန်နှင့် တပြေးညီဖြန့်ဖြူးပေးနိုင်ရန် စီမံဆောင်ရွက်သင့်ပြီး နိုင်ငံတကာစျေးကွက်များသို့ ထိုးဖောက်နိုင်ရေးအတွက် နိုင်ငံတောအစိုးရမှ ဆောင်ရွက်နိုင်သည့် ကိစ္စများကို ထိုးဖောက်ဆောင်ရွက်ပူးပေါင်းနိုင်ရေးအတွက် စီမံလုပ်ဆောင်သင့်ပါကြောင်း၊ တစ်နည်းအားဖြင့် မြန်မာနိုင်ငံ၏ ရေမြေအစရှိသည့် အရင်းအမြစ်များနှင့် ၇၀ ရာခိုင်းနှုန်းသော စိုက်ပျိုး၊မွေးမြူရေး လုပ်ကိုင်သူ လူ့စွမ်းအားအရင်းအမြစ်များကို စနစ်တကျ စီမံအသုံးချသင့်ပါကြောင်း၊
စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုအစီအစဉ်အရ လယ်ယာစိုက်ပျိုးကဏ္ဍ၏ ဖွံ့ဖြိုးမှုအစီအစဉ်သည် မျက်မှောက် ကာလအတွက် ကမ္ဘာ့နိုင်ငံအများစု၏ လိုးလားချက်ဖြစ်သော နည်းပညာ အခြေခံ ဖွံ့ဖြိုးမှုကိုလည်း ရယူမည်ဖြစ်ပြကြောင်း စဉ်ဆက်မပြတ် ကျင့်သုံးခဲ့သည့် ရိုးရာအခြေခံ နည်းစနစ်များကိုလည်း မပစ်ပယ်ဘဲ အကျိုးရှိရှိ သိပ္ပံနည်းကျ နည်းပညာ အရင်းအမြစ်အဖြစ် ပြောင်းလဲအသုံးပြုရန် မခင်ခဲပါက အသုံးပြုပြီး လိုအပ်သည့် ဖွံ့ဖြိုးမှုစွမ်းအားကို တည်ဆောက်ဖန်တီးနိုင်ကြမည်ဖြစ်ပါကြောင်း တင်သွင်းပြောကြားခဲ့သည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦး အမည်စာရင်းတင်သွင်းထားပြီး ယနေ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဌမ နေ့တွင် လွှတ်တော်ကိုယ်စားလှယ် ၆ ဦးက စတင်ဆွေးနွေးဖြစ်ကြောင်းသိရသည်။
မြန်မာ့အလင်း (30.5.2018)
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဖြုတ်ပိုး
Zaw. Gyi • ဖြေကြားချက် 1 ခု
ဆရာရေ ဘာစမာတီ ဈေးကွက်လေးသိချင်လို့ပါ စိုက်တော့ထားတယ် ဝယ်လက်မရှိဘူးဖြစ်နေတယ် တင်းတစ်ရာ ဈေးလေးသိချင်ပါတယ်
Wai Lian Soe • ဖြေကြားချက် 1 ခု
ရောဂါမဖြစ်သေးဘဲ မှိုဆေးဖြန်းလို့ရလားခင်ဗျ
kosoe • ဖြေကြားချက် 2 ခု
ပြောင်းဖူးခင်းအတွက်လောင်ရောဂါဘာဖြန်းသင့်လဲဗျ
သူရစိုး • ဖြေကြားချက် 1 ခု
စပါးပင် တချို့နေရာတေမှာ အပင်ဖျားတေဝါ ပါတယ် ဘာလိုအပ်နေတာပါလဲ
Zar Chi • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၁၇ -၂၁.၈.၂၀၂၆)
22/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
ဗီဒီယို
တောင်ပံလေးနဲ့တောင်မှ စိုက်ပျိုးသူ တောင်သူတွေကို အကျိုးပြုပေးနေတဲ့ ပုစဉ်းရင်ကွဲ
21/08/2026
အသံ
ပန်းပွင့်ချိန်ကို မီးနဲ့ထိန်းချုပ်ပြီး စျေးကောင်းရယူနည်း
21/08/2026
အသံ
ငရုတ်သီး ဈေး အမြင့်တွင် ဆက်ရှိနေ
21/08/2026
More from Green Way
အားလုံး
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026