“လက်ဖက်ပွဲတော်နှင့် ဒေသထွက်ရိုးရာကုန်စည်ပြပွဲ ၂၀၁၉”
တောင်တန်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ “လက်ဖက်ပွဲတော်နှင့် ဒေသထွက်ရိုးရာကုန်စည်ပြပွဲ ၂၀၁၉” ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက် မှ ၁၂ ရက်နေ့အထိ ဓနုဆုံဆည်းရာဖျော်ဖြေရေးကွင်း၊ ရွှေဥမင်ဘုရားလမ်း၊ ပင်းတယမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ပွဲတော်ကို မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MFVP) နှင့် ပင်းတယလက်ဖက်စက်ဝန်းဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ မှ အဓိက စီစဉ်ဆောင်ရွက််သွားမည် ဖြစ်ပါသည်။
စျေးကွက်နှင့်အလားအလာ
လက်ဖက်မှာ အလားအလာကောင်းသည့် သီးနှံတစ်ခုဖြစ်ပြီး တောင်သူလယ်သမားများ၏ ဘ၀ဖွံ့ဖြိုးတိုးတက်ရေး၊ တောင်တန်းဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး၊ တောင်တန်းဒေသများတွင် စားနပ်ရိက္ခာဖူလုံစေရေးတို့အတွက် အထောက်အကူပြုစေမည်ဖြစ်သည်။ ကမ္ဘာ့စျေးကွက်၌လည်း မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် လက်ဖက်မှာ သဘာ၀အတိုင်းစိုက်ပျိုးထားရှိသည့်အတွက် မျက်နှာပန်းလှပြီး ၀ယ်လိုအားများနေသည်။
ရည်ရွယ်ချက်များ
ပွဲတော်ကို ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်များမှာ - ဒေသ၏ အဓိကအသက် လက်ဖက်သီးနှံအတွက်
(၁) ဒေသ၏ ရိုးရာအမွေအနှစ်အား လက်ဆင့်ကမ်းသယ်ဆောင်ထိန်းသိမ်းနိုင်စေရန်။
(၂) အဓိကထုတ်ကုန်လက်ဖက်၏ စျေးကွက်ခိုင်မာ၍ ချိတ်ဆက်မှုအားကောင်းနေစေရန် နှင့် လက်ဖက်၏ နိုင်ငံတကာစျေးကွက်တန်းဝင် တင်ပို့ရောင်းချနိုင်ရေးအတွက် မြှင့်တင်ဆောင်ရွက်ရန်၊
(၃) အသက်မွေးဝမ်းကျောင်းမှု ပညာရှင်များ၊ အသင်းအဖွဲ့များနှင့်ပေါင်းစည်းပြီး ကျယ်ပြန့်စွာလုပ်ဆောင်တတ်စေရန်။
(၄) လက်ဖက်ဒေသထွက်ကုန်စည်ဖြင့် တောင်တန်းဒေသနှင့် လူနေမှုဘဝတိုးတက်ဖွံ့ဖြိုးလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
ပါ၀င်ပြသမည့်သူများ
မြန်မာနိုင်ငံမှ စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းရှင်ကြီးများ၏ အရောင်းပြခန်းများ၊ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ၊ သွင်းကုန်လုပ်ငန်းရှင်၊ ပို့ကုန်လုပ်ငန်းရှင်ကြီးများ၊ ဝယ်ယူအားပေးသူများ၊ သွင်းအားစု လုပ်ငန်းရှင်ကြီးများ (မြေသြဇာ၊ ဓါတု/ဇီဝ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ မျိုးစေ့၊ စိုက်ပျိုးရေးသုံးစက်ကိရိယာ)၊ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းကိရိယာ ရောင်းချသူများ မှပါဝင်ပြသသွားမည်ဖြစ်ပါသည်။
ပွဲတော်၏ အရောင်းပြခန်းနှင့် အစီအစဉ်များ
လက်ဖက်ပွဲတော်သို့ တစ်နေ့လျှင် လာရောက်လေ့လာသူ ပျမ်းမျှ ၂,၀၀၀ ကျော်ခန့် ရှိမည်ဟု ခန့်မှန်းထားပြီး၊ ပြည်တွင်း၊ ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ/ အဖွဲ့အစည်းများအနေဖြင့် အဆိုပါပွဲတော်သို့ မိမိတို့၏ အရည်အသွေးမြှင့်ထုတ်ကုန်များ တွင်ကျယ်စွာ ဖြန့်ဖြူးနိုင်ရေး၊ အခြားသော လုပ်ငန်းရှင်ကြီးများ၊ တောင်သူများနှင့် ချိတ်ဆက်နိုင်ရေးအတွက် (၃ x ၃ စတုရန်းမီတာ/၁၀ x ၁၀ စတုရန်းပေ) နှင့်(၂.၅ x ၂.၅ စတုရန်းမီတာ/၈ x ၈ စတုရန်းပေ) အကျယ်အဝန်းရှိပြီး သန့်ရှင်းသပ်ရပ်သော အရောင်းပြခန်း အမြောက်အများဖြင့် ပါ၀င်နိုင်ရန်စီစဉ်ထားပြီး၊ လက်ဖက််ပွဲတော်ကို ပံ့ပိုးကူညီလိုသူများအနေဖြင့် လူကြီးမင်းတို့၏ ထုတ်ကုန်များကို အများပြည်သူများ ကောင်းစွာသိရှိလာမည့် အကျိုးကျေးဇူးများလည်း ရရှိစေနိုင်မည်ဖြစ်သည်။
ဖိတ်ခေါ်ခြင်း
ပွဲတော်တွင် လက်ဖက်နှင့်ဆက်စပ်သည့်နည်းပညာများ၊ ထုတ်ကုန်များကို ခင်းကျင်းပြသမည့်အပြင် ဒေသထွက် ရိုးရာလုပ်ငန်းများမှ ထုတ်ကုန်များ၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ ဖျော်ဖြေရေးပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည့်အတွက် စိတ်ပါဝင်စားသူများအနေဖြင့် လာရောက်လေ့လာကြဖို့ လှိုက်လှဲပျူငှာစွာ ဖိတ်ခေါ်အပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
စပါးနီမတုပ်ရောဂါဘာဆေးအသုံးပြုရမလည်းခင်ဗျာ
UTHATNINGOO • ဖြေကြားချက် 0 ခု
ဆရာတို့ခင်ဗျာ အောက်ကပုံက အရင်နေ့ကမှိုကျလို့မေးထားတဲ့ပုံပါခင်ဗျာ ဆရာတို့ပြောသလို မှိုဆေးသုံးထားပြီးပါပြီ မြေဩဇာအနေနဲ့ ပိုတက်သုံးရမလား ဘာမြေဩဇာသုံးရပါမလဲခင်ဗျာ ဘယ်နှစ်ရက်လောက်ကြာရင်သုံးရမလဲနဲ့ တစ်ဧကကိုဘယ်လောက်နှုန်းနဲ့ သုံးရပါမလဲ ဖြေပေးပါအုံးခင်ဗျာ
U San • ဖြေကြားချက် 3 ခု
စပါးဆစ်ပိုးကိုဘယ်လိုကာကွယ်ရမလဲ နောက်ပြီးဖလံဥမြုံနဲ့ဖလံကောင်များကိုအထိရောက်ဆုံးနိမ်နင်းပေးနိုင်မဲ့ဆေးတေကိုညွန်ပေးပါအုံး
Htun Aung Zaw • ဖြေကြားချက် 1 ခု
ပုံပါ ပိုးက ဒူးရင်းပင် ပင်စည် အပြင်ခွံတွေ ကိုက်စားနေလို့ပါ ကာကွယ်နှိမ်နင်း နိုင်မည့် ဆေးညွန်းပေးပါဦးခင်ဗျ
ချိုကြီး • ဖြေကြားချက် 3 ခု
မင်းဧရာစပါးအစေ့ကအညိုရောင်လေးတွေဖြစ်ပြီးအပိန်လေးတွေဖြစ်နေလို့ဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026