အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်

ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်

Meteoblue (ICON Model) ၏ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်သော နေ့စဉ်မိုးရေချိန်ပြမြေပုံများ၊ ထိုင်းမိုးလေဝသဌာန၏ မြေပြင်မိုးလေဝသကားချပ် (Surface Weather Chart at 14 SEP 06 UTC) နှင့် ဂြိုဟ်တုပုံရိပ်များအရ စက်တင်ဘာလ ၁၄ ရက်မှ ၂၀ ရက်နေ့အထိ (၇ ရက်အတွင်း) ပဲခူးတိုင်းဒေသကြီး ဒေသခွဲများအလိုက် ခန့်မှန်းချက် ညနေ ၄ နာရီ UPDATE ဖြစ်ပါသည်။

၁။ ပဲခူးတိုင်းဒေသကြီး ဒေသခွဲများအလိုက် နေ့စဉ်နှင့် ၇ ရက် စုစုပေါင်း ခန့်မှန်းမိုးရေချိန်ဇယား (mm)

(၇ ရက် စုစုပေါင်း ခန့်မှန်းမိုးရေချိန် အများဆုံး ရရှိနိုင်သည့် ဒေသမှ အနည်းဆုံး ဒေသအလိုက် High to Low Sorted ပြုလုပ်ထားပါသည်)

၂။ လေဖိအားနည်းစနစ်များနှင့် ပဲခူးတိုင်းအပေါ် မိုးအား အနည်း/အများ ဖြစ်နိုင်ခြေ ဆန်းစစ်ချက်

မုတ်သုံမြောင်တန်း နိမ့်ဆင်းမှုနှင့် အနောက်တောင်မုတ်သုံလေ အရှိန်

ထိုင်းမိုးလေဝသ Surface Weather Chart (14 SEP 06 UTC) အရ မုတ်သုံမြောင်တန်း (Monsoon Trough) သည် မြန်မာနိုင်ငံ တောင်ပိုင်းနှင့် အလယ်ပိုင်း ဒေသများကို ဖြတ်သန်းကာ တောင်တရုတ်ပင်လယ် ကုန်းတွင်းပိုင်းမှ လေဖိအားနည်းဆဲလ်အတွင်းသို့ ဆက်သွယ် တည်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် မုတ္တမကွေ့မှ တိုးဝင်လာသော အနောက်တောင်မုတ်သုံလေ အရှိန်ကြောင့် စက်တင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ပဲခူးတိုင်းတစ်ဝှမ်း မိုးအား ပြန်လည် မြင့်တက်လာမည် ဖြစ်ပါသည်။

စက်တင်ဘာ ၁၄ - ၁၅ ရက် (မိုးအား မြင့်တက်မည့် ကာလ) ပဲခူးတိုင်း တောင်ပိုင်းနှင့် အရှေ့ပိုင်း စစ်တောင်းမြစ်ဝှမ်း ဒေသများတွင် မိုးအတန်အသင့်မှ နေရာကွက်ကျား မိုးကြီးနိုင်ပါသည်။

စက်တင်ဘာ ၁၆ - ၂၀ ရက် (မိုးအား တဖြည်းဖြည်း လျော့ကျမည့် ကာလ) မြောက်ဘက်မှ လေအေးထု (High Pressure Area) နိမ့်ဆင်းလာမှုကြောင့် မုတ်သုံလေ အရှိန်လျော့ကျကာ တိုင်းအတွင်း နေ့စဉ်မိုးရေချိန်နှင့် မိုးရွာသည့် အကြိမ်ရေများ တဖြည်းဖြည်း ပါးလွှာ လျော့နည်းသွားပါမည်။

၃။ ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်

ပဲခူးတိုင်း (တောင်ပိုင်း - ပဲခူးရိုးမတောင်ပိုင်းမှ မုတ္တမကွေ့အထိ) မုတ္တမကွေ့မှ တိုးဝင်လာသော စိုထိုင်းဆ မြင့်မားသည့် တိမ်တိုက်များကြောင့် စက်တင်ဘာ ၁၄ မှ ၁၅ ရက်အတွင်း ပဲခူး၊ သနပ်ပင်နှင့် ဝေါ မြို့နယ်များ၌ မိုးသည်းထန်းစွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မြေနိမ့်ပိုင်း ရေဝပ်မှုများ ဖြစ်ပေါ်နိုင်ပါသည်။ ပဲခူးရိုးမ တောင်ဘက်စောင်း မြို့နယ်များတွင် ရေဆင်းလှိုင်းများကြောင့် ချောင်းရေ ရုတ်တရက် တိုးပွားနိုင်ခြေ ရှိပါသည်။ ၇ ရက် စုစုပေါင်းမိုးရေချိန် 98mm မှ 203mm အထိ ရှိနိုင်ပါသည်။

ပဲခူးတိုင်း (အရှေ့ပိုင်း - စစ်တောင်းမြစ်ဝှမ်းဒေသ) စက်တင်ဘာ ၁၄-၁၅ ရက်များတွင် ရေတာရှည်၊ တောင်ငူ၊ ဖြူး စသည့် မြို့နယ်များတွင် မိုးအတန်အသင့် ရွာသွန်းနိုင်သဖြင့် စစ်တောင်းမြစ်ဝှမ်း မြေနိမ့်ပိုင်း စိုက်ပျိုးမြေများအတွင်း စိုးရိမ်ရေမှတ်အနီး ရေဝပ်နေမှုများ ရှိနိုင်ပါသည်။ သို့သော် ၁၆ ရက်နေ့နောက်ပိုင်း မိုးပါးသွားမည် ဖြစ်၍ ရေကျဆင်းမှု မြန်ဆန်လာပါမည်။ ၇ ရက် စုစုပေါင်းမိုးရေချိန် 80mm မှ 177mm အထိ ရှိနိုင်ပါသည်။

ပဲခူးတိုင်း (အနောက်ပိုင်း - ဧရာဝတီမြစ်ဝှမ်းဒေသ) ၇ ရက် စုစုပေါင်းမိုးရေချိန် 62mm မှ 124 ခန့်သာ ရှိမည်ဖြစ်၍ တိုင်းအတွင်း မိုးအနည်းဆုံး ဒေသဖြစ်ပါမည်။ ရေကြီးရေလွှမ်းမိုးမှု အန္တရာယ် ဖြစ်ပေါ်နိုင်ခြေ နည်းပါးပြီး သာမန် မိုးအသင့်အတင့် ရာသီဥတုသာ တည်ရှိပါမည်။

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ပိုးလားမှိုလားခင်ဗျ ပိုးဆေးကအာဘာမက်တင် ပရိုဖီနိုဖော့ဖြန်းထားပါတယ်ခင်ဗျမှိုဆေးကတော့ကော့ပါး +ကာဇူကာမိုင်ဇင်သုံးထားပါတယ် အမိုင်နိုပါတဲ့အားဆေးကိုပိုးဆေးးနဲ့တွဲပြီးဖြန်းထားပါတယ်ခင်ဗျ အဆင်ပြေမဲ့ဆေးနဲ့လိုအပ်ချက်တွေညွန်းပေးပါအုံးခင်ဗျ

ခင်ဇော်ဝင်း • ဖြေကြားချက် 1 ခု

မြေပဲခင်း ရက်40သားရပီ ဘာဆေးဖြန်းပေးရမလည်းဆရာတို့

Win Min • ဖြေကြားချက် 0 ခု

trichoderma အသုံးပြုနည်း သိပါရစေဆရာတို့ လူးနယ်ဆေး မြေခံထည့် ရွတ်ဖြန်း တို့ပြုလုပ်ရာမှာ သုံးရမယ့် ထရိုင်ကိုဒါးမားအမှုန့် ပမာဏကို တိတိကျကျ မသိဘူး ဖြစ်နေလို့ပါ

Khing Hein • ဖြေကြားချက် 0 ခု

ဧရာပဒေသာ၆၃ရက်သားအပေါ်အရွက်၃ရွက်အောက်ကအရွက်ရင့်တွေပုံပါအတိုင်းဖြစ်နေလို့ရောဂါလားအဟာရတောင်းတာလားခဗျပိုးတော့ရှင်းပါတယ်ခဗျာ

kyaw zin • ဖြေကြားချက် 2 ခု

ကလောက်ဒီ sulfur 80% ဆေးထုပ်မှာ ခရမ်းချဉ်ကို ဆေးတပုံး 200gလို့ညွှန်းထားဝာာ အဲတာဖြန်းလို့ရလားဗျ

Htet Lin • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။