အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပင်လယ်ရေငန်ဝင်တတ်တဲ့ လယ်ယာမြေတွေအတွက် သိကောင်းစရာများ

ပင်လယ်ရေငန်ဝင်တတ်တဲ့ လယ်ယာမြေတွေအတွက် သိကောင်းစရာများ

internews
internews • UNESCO-LIFT • 01/06/2018

ဆားငန်မြေနှစ်မျိုးနှစ်စားရှိပါတယ်...

(က) သဲမြေများပြီး နုန်းမြေမရှိသောမြေ

ဒီမြေအမျိုးအစားအတွက်တော့ ရေချို၊ မိုးရေ၊ ရေပေးသွင်းခြင်းအားဖြင့် ဆားငန်ဓါတ်ကို ဇီဝမြေဩဇာနှင့်အတူ (လချေး၊ ဂျစ်ပဆမ်ကျောက်မှုန့်) တွေကိုမြေခံမှာ ထည့်သွင်းအသုံးပြုခြင်းနဲ့ သီးနှံပင်တွေမှာ အဏုဇီဝဖျော်ရည် တွေကို ပက်ဖျန်းအသုံးပြုသင့်ပါသည်။ (မှတ်ချက်) မြေခံမှာ ဓာတုမြေဩဇာနှင့် ဆေးများကို အသုံးမပြုသင့်ပါ။

(ခ) နုန်းမြေများပြီး သဲမြေနည်းသောမြေ

ဒီမြေအမျိုးအစားမှဦတော့ နုန်းမြေမှာ ရွှံ့စေးမြေပါဝင်မှုများတဲ့ မြေဖြစ်ပါတယ်။ နုန်းမြေများပြီး သဲမြေနည်းခြင်း၊ ရွှံ့စေးပါဝင်မှုများခြင်းကြောင့် မြေဆီလွှာမှာ ရေစုပ်ယူမှုနှေးကွေးပြီး အမြစ်များမှ ရေရရှိမှုကို ကြန့်ကြာစေပါတယ်။ (Alkali) ဆပ်ပြာပေါက်မြေ ပြုပြင်ရာမှာ အဏုဇီဝသစ်ရွက်ဆွေးပုံ ထည့်သွင်းခြင်း၊ ထယ်ရေးပြင်ချိန် သစ်ရွက် စိမ်းနှင့် နွားချေး၊ ဂျစ်ပဆမ်ကျောင်မှုန့်ထည့်သွင်း အသုံးပြုခြင်းကို ဆောင်ရွက်သင့်ပါတယ်။ (မှတ်ချက်) ဓာတု ဆေး လုံးဝအသုံးမပြုသင့်ပါ။

ဓာတုလျော့ သဘာဝကျကျစိုက်ပျိုးရေးစနစ်ကို အသုံးပြုနိုင်ပါက ဆုံးရှုံးသွားသော အာဟာရဓါတ်များ ပြန်လည် ဖြည့်တင်းပေးနိုင်တာကြောင့် သီးနှံများ အောင်မြင်ဖြစ်ထွန်းစိုက်ပျိုးနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။

ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ ဧရာဝတီတိုင်း လပွတ္တာ၊ ပြင်စလူ၊ မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ ဘိုကလေး၊ ငပုတော၊ ပုသိမ် ဒေသတွေနဲ့ ရခိုင်ပြည်နယ်အတွင်းက တောင်ကုတ်၊ ရမ်းဗြဲ၊ ကျောက်နီမော်၊ အမ်း၊ ကျောက်ဖြူ၊ ဂွနဲ့ စစ်တွေ ဧရိယာတွေဟာ ဆားဓာတ်များသော်လည်း မြေဆီလွှာအချဉ်ဓါတ်ရှိပါတယ်။ ချဉ်ကဲမြေတွေဟာ ပင်လယ် ရေငန်နဲ့ အတူပါဝင်သော နုန်းမြေ-ပုံကျမြေတွေကြောင့် သံတိုက်ကျောက် ခေါ် (Pyrite) ကြွယ်ဝနေပြီး ဘေ့(base) ခေါ် ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် (Ca, Mg, K) ချို့တဲ့မှုကို ဖြစ်ပေါ်စေပါတယ်။

၎င်းကောင်းမြေများကို လေ့လာသုံးသပ်ချက်အရ နေရာဒေသအလိုက် မြေဆီလွှာပြုပြင်ပေးခြင်းဖြင့် ဓာတုသုံးစွဲမှု ကို လျော့ချနိုင်သလို ကုန်ကျစရိတ်သက်သာစေပြီး အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။

ဆားငန်ဓာတ်များသောမြေတွင် စိုက်ပျိုးသင့်သောသီးနှံများ - နေကြာ၊ မုန်လာ၊ ဆားငံဒဏ်ခံမြက်၊ အုန်း၊ စွန်ပလွန်၊ ကညွတ်။

ဆားငန်ဓာတ် အသင့်အတင့်ခံနိုင်သော သီးနှံများ - စပါး၊ ဂျုံ၊ အစေ့ထုတ်ပြောင်း၊ ကြံ၊ ခရမ်းချဉ်၊ ကြက်သွန်၊ သခွား။

ဆားငန်ဒဏ်လုံးဝမခံနိုင်သောသီးနှံများ - ရှောက်၊ သံပုရာ၊ လိမ္မော်၊ ထောပတ်သီး၊ ပဲမျိုးစုံ၊ အာလူး။

ဆားငန်ဓာတ်ပေါက်သောမြေအား ပြုပြင်ခြင်း

ဆားပေါက်မြေကို ပြုပြင်ရာမှာ ရေ (သို့) မိုးရေကို ရေသွင်းပေးခြင်းအားဖြင့် ဆားဓာတ်ပါဝင်မှုကို လျော့နည်းစေ ပါတယ်။

ဆားပေါက်မြေတွေမှာ ရေဓာတ်ထိန်းသိမ်းမှုနည်းသည်ကို တွေ့ရှိရသလို ရေဓာတ်စုပ်ယူမှုနှေးကွေးစေပြီး အမြစ်များမှ ရေရရှိမှုကို ကြန့်ကြာစေနိုင်ပါတယ်။

ပင်လယ်ဆားငန် အချဉ်ပေါက်သောမြေကို ပြုပြင်ရာမှာ သဘာဝဒြပ်စင်များ (နုံးမြေ၊ သဘာဝမြေဩဇာ၊ နွားချေး) ထည့်သွင်းအသုံးပြုခြင်းနှင့် သဘာဝပတ်ဝန်းကျင်မှရရှိသော သစ်ရွက်စိမ်းများ၊ မြေဆွေး၊ ဖွဲနု၊ နွားချေး၊ ဇီဝဖျော် ရည် သုံးစွဲခြင်းဖြင့် ဖြည့်စွက်ရပါမယ်။

ရေငန်ဝင်ရောက်တတ်တဲ့ ဒေသတွေမှာ ထယ်ရေးအနေနဲ့မထိုးပဲ အပေါ်ယံလျှပ်ထိုးစနစ်ကို သုံးသင့်ပါတယ်။ ကြမ်းတုံးစနစ်နဲ့ မဖုံးမီ ထုံးနှင့် အဏုဇီဝမြေဩဇာ သဘာဝသစ်ရွက်ဆွေးများကို အသုံးပြုပြီး ဂျစ်ပဆမ်ကို ထယ် ရေးဖုံးချိန်မှာ ထည့်သွင်းအသုံးပြုခြင်းဖြင့် မြေဆီတည်ဆောက်မှုကို ပိုမိုအားကောင်းစေပါတယ်။ အဆိုပါနည်းဖြင့် စပါးနဲ့ အခြားသီးနှံတွေအတွက် လိုအပ်တဲ့ အာဟာရဓါတ် အပါအဝင် ကန့်ဓါတ်ကိုပါ ရရှိစေမှာဖြစ်ပါတယ်။

Source  - internews နှင့် စိုက်မွေးဆည် ဝန်ကြီးဌာန

ပန်းဖလက်ရယူရန် - http://bit.ly/2LNAGgv

Phyo Htet

Phyo Htet

လွန်ခဲ့သော ၁ နှစ် က

ရေဒဏ်ခံနိင်တဲ့စပါးမျိုးသိချင်ပါတယ်

You

ဆက်စပ်ဆောင်းပါးများ

UNESCO-LIFT

နည်းပညာမိတ်ဖက်အဖွဲ့

UNESCO-LIFT

ယူနက်စကိုနှင့်ပြန်ကြားဝန်ကြီးဌာန တို့မှ စီစဉ်ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပူးပေါင်းပါဝင်ခဲ့သော “စားနပ်ရိက္ခာဖူလုံရေး သားစဉ်မြေးဆက်ပေး” အမည်ရှိ အစီအစဉ်များကို တီဗွီနှင့် ရေဒီယို များတွင် ထုတ်လွှင့်ပြသခဲ့ပြီး ယခုအခါ တောင်သူများပြန်လည်လေ့လာနိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ နည်းပညာနှင့် အင်တာဗျူးအစီအစဉ်များကို ပြန်လည်ဖော်ပြထားပါသည်။ ယူနက်စကိုသည် ကုလသမဂ္ဂ၏ အဖွဲ့ဝင်တစ်ဖွဲ့ဖြစ်ပြီးပညာရေး၊ သိပ်ပံနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံမှုနှင့် ငြိမ်းချမ်းမှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါသည်။ “စားနပ်ရိက္ခာဖူလုံရေး သားစဉ်မြေးဆက်ပေး” အစီစဉ်မှ ထုတ်လွင့်ခဲ့သည့် တီဗီနှင့် ရေဒီယိုအစီစဉ်များကို အစိမ်းရောင်လမ်း အခမဲ့စိုက်ပျိုးရေးဖုန်းဆော့ဝဲပေါ်တွင် အစအဆုံးပြန်လည် ဖော်ပြထားပါသည်။

နည်းပညာမိတ်ဖက်အဖွဲ့ အားလုံး

ဆက်စပ်မေးခွန်းများ

မိုးကောင်းမြို့နယ် တောင်နီကျေးရွာမှာ၁၀လပိုင်းထဲမှာပြောင်းချိုစိုက်လို့ရပါသလားခင်ဗျာ။

yan Naing Htwe • ဖြေကြားချက် 4 ခု

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 2 ခု

မြေ ph level တိုင်းတာရန် တိုင်းစက်အပြင် အခြား မည်သည့်နည်းလမ်းဖြင့် တိုင်းတာလို့ရနိုင်ပါလဲ ခင်ဗျ

U Soe • ဖြေကြားချက် 5 ခု

ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ

Nyan Lwin Tun • ဖြေကြားချက် 2 ခု

ပဲပုပ် စစိုက်မှာမလို့ပါ ပဲမြစ်ဖုဘက်တီးရီးယား ဘယ်မှာဝယ်လို့ရနိုင်ပါလဲ ပဲပုပ်အတွက်

Nay • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။