စပိန်လူမျိုးတို့ရဲ့ ခရမ်းချဉ်သီးပစ်ပေါက်ပွဲတော်

17/08/2023 11:00 AM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

စပိန်လို ‘လ တိုမာတီးန’ လို့ခေါ်တဲ့ ခရမ်းချဉ်သီးနဲ့ပစ်ပေါက်ကစားကြတဲ့ ပွဲတော်ဟာ စပိန်နိုင်ငံ ဗလင် စီယာမြို့ကပ်ရက် ဘူနရော်မြို့ငယ်မှာ ကျင်းပကြတဲ့ ထင်ရှားတဲ့ပွဲတော်တစ်ခုပဲဖြစ်ပါတယ်။

နှစ်စဉ်နှစ်တိုင်း ဩဂုတ်လရဲ့နောက်ဆုံးအပတ် ဗုဒ္ဓဟူးနေ့မှာ ကျင်းပတဲ့ ဒီပွဲတော်မှာဆိုရင် ထောင်နဲ့ချီတဲ့ လူတွေဟာ ခရမ်းချဉ်သီးကို တစ်ယောက်နဲ့တစ်ယောက် တစ်နာရီကြာပစ်ပေါက်ကစားကြတာပါ။ 

ဒီလိုဆော့ကစားတဲ့ပွဲတော်ကို ၁၉၄၅ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီးတော့ ကမ္ဘာတစ်ဝန်းက နိုင်ငံ ခြားသားခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်တဲ့ ပွဲတော်တစ်ခုအဖြစ်နဲ့လည်း ထင်ရှားပါတယ်။ 

‘လ တိုမာတီးန’ ပွဲတော်က မြို့တော်ရဲ့ခေါင်းဆောင် San Luis Bertran အတွက် ဂုဏ်ပြုတဲ့ ချီတက်ပွဲတစ်ခုအတွင်း သူငယ်ချင်းအချင်းချင်း အစားအစာတွေနဲ့ ပစ်ပေါက်ရာကနေ စတင်ခဲ့တယ်လို့ ကောလာဟလတွေရှိပေမယ့် သေသေချာချာ သိကြတာမျိုးတော့ မရှိဘူးလို့ ဆိုထားပါတယ်။

စပိန်လူမျိုးတွေအတွက်တော့ ဒီပွဲပြီးသွားပြီဆိုတာရင် ပျော်ရွှင်စရာ အချိန်ကောင်းတစ်ခုကို ပိုင်ဆိုင်လိုက်ရသလို ခံစားကြရပါတယ်။ 

ဘယ်သူကဘယ်လိုဆိုဆို ခရမ်းချဉ်သီးပစ်ပေါက်ပွဲတော်ဟာ နိုင်ငံခြားသားတွေကြားမှာလည်း နာမည်ကြီးမှု တိုးလာနေဆဲဖြစ်ပါတယ်။ 

ဒီနှစ်အတွက် ခရမ်းချဉ်သီးပစ်ပေါက်ပွဲတော်ကိုတော့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့မှာ ကျင်းပမှာပါ။ ပါဝင်ဆင်နွှဲချင်တယ်ဆိုရင်တော့ အဝတ်အစားအဟောင်းတွေဝတ်လာဖို့နဲ့ မျက် လုံးကိုကာကွယ်နိုင်မယ့် မျက်မှန်ကို တပ်ဆင်လာဖို့ လိုအပ်ပါလိမ့်မယ်။

ခရမ်းချဉ်ပစ်ပေါက်တာကို မနက် ၁၁ နာရီမှာ စတင်တာဖြစ်ပြီးတော့ ၁ နာရီကြာအောင် ဆော့ကစားကြမှာပါ။ 

အဲ့အချိန်တွေမှာ တန်ရာနဲ့ချီတဲ့ ခရမ်းချဉ်သီးအမှည့်တွေတင်ဆောင်လာတဲ့ ကုန်တင်ကားတွေက မြို့တွင်းသို့လာရောက်ပို့ဆောင်ပေးကြပြီး လူအုပ်ကြီးကလည်း အချင်းချင်းပစ်ပေါက် မြူးတူး ကစားကြပါတယ်။

၁ နာရီပြည့်သွားရင်တော့ ခရမ်းချဉ်သီးပစ်ပေါက်ကစားတာကို ရပ်လိုက်ကြပြီး မီးသတ်တပ်ဖွဲ့ဝင် တွေကလမ်းကို သန့်ရှင်းရေးလုပ်ဖို့လာကြပါတယ်။

လူတွေကတော့ ကိုယ့်ကိုယ်ကို သန့်ရှင်းဖို့ မြစ်ဆီကို ဦးတည်သွားကြရပါတယ်တဲ့။

စပိန်နိုင်ငံမှာ ခရမ်းချဉ်သီးပစ်ပွဲတော်အပြင် တေးဂီတပွဲတွေ၊ ချီတက်ပွဲတွေနဲ့ ပြိုင်ပွဲတွေလည်း ကျင်းပကြပါသေးတယ်။ ဒီပွဲတော်တွေဟာ နိုင်ငံခြားသားခရီးသွားတွေအတော်များများကို ဆွဲဆောင်နိုင်တာမို့လို့ အစိမ်းရောင်လမ်းက မိတ်ဆွေတွေအနေနဲ့ သွားပြီးဆင်နွှဲဖို့ စိတ်ကူးရှိတယ် ဆိုရင် လေယာဉ်လက်မှတ်တို့ ဟိုတယ်တို့ကို ကြိုပြီးတော့ လှမ်းချိတ်ထားဖို့တော့လိုပါလိမ့်မယ်။ 

အခု ၂၀၂၃ ခုနှစ်ပွဲတော်မှာ ပါဝင်ဆင်နွှဲလိုတယ်ဆိုရင်တော့ လက်မှတ်တစ်စောင်ကို ယူရို ၁၅ ဒေါ်လာနဲ့ အွန်လိုင်းတရားဝင်ဝက်ဘ်ဆိုက်ဖြစ်တဲ့ La Tomatina website  ကနေ ဝယ်ယူနိုင်ပါတယ်။ 

အခုလိုမျိုးအစားအသောက်တွေကို ပစ်ပေါက်တာက အလေအလွင့်အဆုံးအရှုံးတွေ ဖြစ်စေ တယ်လို့ဆိုပြီး လွန်ခဲ့တဲ့နှစ်တွေတုန်းက ပွဲကိုမကျင်းပဘဲ ပြတ်တောက်သွားခဲ့ဖူးပါသေးတယ်။ ဒါပေမဲ့လည်း ပွဲစီစဉ်သူတွေက ရအောင်ပြန်ပြီး စီစဉ်ခဲ့ပါတယ်။

https://spainguides.com/destinations/travel-ideas/la-tomatina-festival-spain/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်