ပိုးသတ်ဆေးများ အန္တရာယ်ကင်းရှင်းစွာ ကိုင်တွယ်အသုံးချခြင်းဆိုင်ရာ အသိပညာပေးသင်တန်း

03/09/2016 11:07 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးများကို တောင်သူများထံသို့ ရောင်းချပေးနေသော ကျေးရွာအဆင့် လက်လီဆိုင်ပိုင်ရှင်များ၊  မြို့နယ်အဆင့် အရောင်းကိုယ်စားလှယ်များ၊  ဆေးထုတ်လုပ်ဖြန့်ဖြူ းသည့် ကုမ္ပဏီဝန်ထမ်းများ မှတောင်သူများထံ ပိုးသတ်ဆေးများ ရောင်းချရာတွင် အန္တရာယ်ကင်းရှင်းစွာဖြင့် ဆင်ခြင်ကိုင်တွယ် အသုံးချနိုင်အောင် ထိရောက်စွာ ရှင်းလင်းပြသပေးနိုင်စေရန် ရည်ရွယ်ပြီး
ပိုးသတ်ဆေးများ အန္တရာယ်ကင်းရှင်းစွာ ကိုင်တွယ် အသုံးချခြင်းဆိုင်ရာ အသိပညာပေးသင်တန်းနှင့် ဆွေးနွေးပွဲ ကို USAID ၏ ကူညီထောက်ပံ့မှုဖြင့် Winrock International အဖွဲ့မှ

မတ်လ ၁၆ ရက်နေ့ - ချယ်ရီကွင်းဟိုတယ်၊ တောင်ကြီးမြို့
မတ်လ ၁၇ ရက်နေ့ - အာလူးစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ဟဲဟိုးမြို့
မတ်လ ၁၈ ရက်နေ့ - လင်းရောင်ခြည်ခန်းမ၊ အောင်ပန်းမြို့ ှ
မတ်လ ၁၉ ရက်နေ့ - ဒိုင်းမွန်းကွင်းခန်းမ၊ ပင်းတယမြို့ တို့တွင်ပို့ချပေးသွားမှာဖြစ်ပါတယ်...

ဒီသင်တန်းမှာ အသိပညာ ဗဟုသုတအသစ်များနှင့် ပိုမိုထိရောက်တဲ့ ပညာပေးနည်းလမ်းများကို သင်ယူလေ့လာခြင်း၊ ဆွေးနွေးဖလှယ်ခြင်းများ ပြုလုပ်နိုင်မှာမို့လို့ အထက်ပါ မြို့ များနဲ့ နီးစပ်ရာဒေသများက စိုက်ပျိုးရေးလုပ်ငန်းသုံး ဆေးဆိုင်ပိုင်ရှင်နဲ့ ကုမ္ပဏီဝန်ထမ်းများအနေနဲ့ မပျက်မကွက်တက်ရောက်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ဆက်သွယ်ရန်လိပ်စာ - မဝတ်ရည်လွင် ၀၉-၂၆၃၈၃၂၉၆၈ (သို့)
Winrock International ၂/၇ ၊ ကမ္ဘောဇလမ်း ၊ ရေအေးကွင်းရပ် ၊ တောင်ကြီးမြို့ (ရုံးချိန်အတွင်း)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်