ကျောပိုးဆေးဖျန်းပုံးကို ထိရောက်စွာအသုံးပြုခြင်း

09/12/2019 12:30 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

     • ပိုးသတ်ဆေးတိုင်းကို အသုံးပြုခြင်းဖြင့် လူနှင့် ပတ်ဝန်းကျင်ကို အနည်းဆုံး ဘေးအန္တရာယ်ဖြစ်စေလျက် အမြင့်ဆုံးအကျိုးကျေးဇူးများကိုရရှိရန် ပိုးသတ်ဆေးကို သင့်တော်သည့်နည်းလမ်းဖြင့် အသုံးပြုရန် အရေးကြီးပါသည်။

    • အကောင်းဆုံးထိန်းသိမ်းခြင်း၊ ဆေးထွက်နှုန်းချိန်ညှိခြင်းနှင့် ကျောပိုးဆေးဖျန်းပုံးကို အသုံးပြုခြင်းသည် ပိုးသတ်ဆေးအသုံးပြုခြင်း၏ အောင်မြင်မှုအတွက် အရေးပါပြီး အသုံးပြုသော ပိုးသတ်ဆေးမှ အမြင့်ဆုံးတန်ဖိုး၊ ထိရောက်မှုနှင့် ဘေးကင်းမှုကိုရရှိရန် သေချာစေလိမ့်မည်။

    • ထိရောက်သည့် ကျောပိုးဆေးဖျန်းပုံးကို အသုံးပြုခြင်းအတွက် ဤလမ်းညွှန်ချက်တွင် ထိန်းသိမ်းခြင်း၊ ဆေးထွက်နှုန်းချိန်ညှိခြင်းနှင့် ကျောပိုးဆေးဖျန်းပုံးများအသုံးပြုခြင်း၏ အဓိကအချက်များအပေါ် အကြံပြုထားပါသည်။

ကောင်းမွန်သော ကျောပိုးဆေးဖျန်းကိရိယာဖြင့် ဆေးဖျန်းရန် အဆင့်(၄) ဆင့်

၁။ ဆေးဖျန်းပုံးကို အသုံးမပြုမီ အပေါက်ရှိမရှိ သန့်ရှင်းသောရေဖြင့် စစ်ဆေးပါ။

၂။ ဆေးဖျန်းပုံးက ဆေးထွက်နှုန်းကို စိုက်ပျိုးရာသီတစ်ရာသီတွင် အနည်းဆုံး တစ်ခါ ချိန်ညှိပါ။

၃။ ညီညီညာညာပုံမှန်ဆေးဖျန်းနိုင်ရန် သေချာပါစေ။

၄။ အသုံးပြုပြီးပါက ပိုးသတ်ဆေးပုံးကို ဆေးကြောသန့်စင်ပါ။

၁။ ဆေးဖျန်းပုံးကို အသုံးမပြုမီ အပေါက်ရှိမရှိ သန့်ရှင်းသောရေဖြင့် စစ်ဆေးပါ။

ပိုးသတ်ဆေးပုံးကို နှစ်ကြိမ်စစ်ဆေးပြီး သန့်ရှင်းစွာထားပါ။ 

ယိုပေါက်များကို ချက်ချင်းပြုပြင်ပါ။

    • ဆေးဖျန်းပုံးကို အသုံးမပြုမီ ယိုပေါက်အားလုံးကို ဖာထေးပါ။

    • မည်သည့်နေရာများတွင် ယိုပေါက်များတွေ့ရတတ်သည်ကို သိရှိပါစေ။

    • ယိုပေါက်များကို ဖာထေးရန် အပိုပစ္စည်းများ ဆောင်ထားပါ။ 

၂။ ဆေးဖျန်းပုံးမှ ဆေးထွက်နှုန်းကို အနည်းဆုံးစိုက်ပျိုးရာသီတစ်ရာသီတွင် တစ်ခါ ချိန်ညှိပါ။

    • ပိုးသတ်ဆေးအညွှန်းစာကို ဖတ်ပါ။

    • ဆေးထွက်နှုန်းချိန်ညှိခြင်း လမ်းညွှန်ချက်ကို လိုက်နာပါ။

    • သင့်တော်သည့် ဆေးဖျန်းခေါင်းကို တပ်ဆင်ပါ။

    • ဆေးဖြာထွက်သည့် အကျယ်ကို တိုင်းတာပါ။

    • သီးနှံကြီးထွားမှုအဆင့်ကဲ့သို့သော သင့်၏လိုအပ်ချက်အတွက် ထောက်ခံထားသော အကန့်အသတ်များအတွင်း ရေထုထည် (လီတာ/ဧက) ကို ချိန်ညှိပါ။

၃။ ညီညီညာညာပုံမှန်ဆေးဖျန်းနိုင်ရန် သေချာပါစေ။ 

၄။ အသုံးပြုပြီးပါက ပိုးသတ်ဆေးပုံးကို ဆေးကြောသန့်စင်ပါ။ 

ဆေးဖျန်းခေါင်းရွေးချယ်ခြင်း

အဓိကဆေးဖျန်းခေါင်းဒီဇိုင်းသုံးမျိုးကို ကျောပိုးဆေးဖျန်းပုံးများတွင် အသုံးပြုကြသည်။ ဆေးဖျန်းခေါင်းဒီဇိုင်းတစ်မျိုးစီတွင် အသုံးပြုမည့် ပိုးသတ်ဆေး၏ အရွယ်အစားများကို အသင့်တော်ဆုံးအရွယ်အစား အပိုင်းအခြားကို ရရှိစေရန် ပြုလုပ်ထားသည်။ 

အသုံးပြုသော ပိုးသတ်ဆေးအတွက် သင့်တော်သည့် ဆေးဖျန်းခေါင်းကို အသုံးပြုပါ။

    • ကွဲပြားသည့် ရေထုထည်များ၊ ကွဲပြားသည့် ဆေးစက်အရွယ်အစားများနှင့် ဆေးပျံ့နှံ့မှု ပုံစံများကို အသုံးပြုရန်အတွက် အသုံးပြုသည့် ပိုးသတ်ဆေး၏လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ဆေးဖျန်းခေါင်းများကို ရွေးချယ်အသုံးပြုပါ။

    • ရေထုထည်နှုန်း (လီတာ/ဧက)၊ ဆေးစက်အရွယ်အစားနှင့် ပျံ့နှံ့ခြင်းတို့အတွက် ဆေးဖျန်း ခေါင်း ပုံစံနှင့်အရွယ်အစားကို ရွေးချယ်ခြင်းသည် အလွန်အရေးကြီးသည်။ 

    • အသုံးပြုသော ဆေးစက်အရွယ်အစားသည် အသုံးပြုသော ပိုးသတ်ဆေး၏ လုပ်ဆောင်မှုနှင့် ဘေးကင်းမှုကို သက်ရောက်စေပြီး သေးငယ်သောဆေးစက်များသည် ပိုးသတ်ဆေးလွင့်မျောခြင်းကို ဖြစ်စေသည်။

    • အပင်ပေါ်မှ စီးကျခြင်းဖြင့် ပိုသတ်ဆေးအလေအလွင့်ဖြစ်စေသည့်အတွက် ရေထုထည်ကို မများလွန်းစေသင့်ပါ သို့မဟုတ် သတ်မှတ်ထားသော အပင်မျက်နှာပြင်များအားလုံးအား အလုံအလောက်ကာမိစေသော ရေထုထည်ကို မနည်းလွန်းစေသင့်ပါ။

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏ စိုက်ပျိုးရေးဆောင်းပါးများဖတ်ရှု့ရန်

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်