သားခွဲခြင်း

10/11/2020 11:45 AM တွင် MDEP MDEP မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။
    သားခွဲခြင်းသည် နွားမတစ်ကောင်အတွက် အရေးကြီးဆုံး အကြောင်းအရာများ အနက် တစ်ချက်ဖြစ်သည်။
    နွားနို့သည် နွားကလေးများအတွက် ချေဖျက်ရလွယ်ကူပြီး အလျင်အမြန်ကြီးထွားစေဖို့အားပေးသည့် အစာလည်းဖြစ်သည်။ နွားကလေးများ အသက်ကြီးလာသည်နှင့်အမျှ ၎င်းတို့၏ အစာချေစနစ်သည် ပြောင်းလဲလာပြီး အစိုင်အခဲ အစားအစာများကို စားလာနိုင်သည်။ ထိုအစာများကို အစာအိမ်မှ ကောင်းစွာချေဖျက်လာနိုင်ချိန်တွင် သားခွဲ/ နို့ခွဲနိုင်ပြီဖြစ်သည်။
    နွားငယ်ပြုစုစောင့်ရှောက်ခြင်း၏ ရည်ရွယ်ချက်မှာ နွားကလေးများ နို့ကို ဆက်သောက်ဖို့မလိုတော့ဘဲ ကောင်းစွာကြီးထွားဖွံ့ဖြိုးနိုင်သည့် အခြေအနေရောက်အောင် လုပ်ဆောင်လိုခြင်းဖြစ်သည်။ အစာကို သင့်လျော်အောင်ကျွေးမွေးလျှင် နွားကလေးသားခွဲနို့ခွဲဖို့ အကောင်းဆုံးအချိန်သည် အသက် ၃လ၊ ကိုယ်ခန္ဓာအလေးချိန် ၁၀၀ ကီလိုဂရမ်ပတ်လည် ရှိရမည်။
     ထိုအခြေအနေမျိုး ရောက်အောင် ကျွေးမွေးလုပ်ဆောင်ရမည်များကို အရင် ပို့စ်များတွင် ရှင်းလင်းပြပြီး ဖြစ်သည်။
 
    သားမခွဲခင် နွားငယ်သည် အစာစိမ်းနှင့် အစာနုကို ကောင်းကောင်းစားနိုင်ခြင်း ရှိ/မရှိ စစ်ကြည့်သင့်သည်။ သားမခွဲခင်တွင် နွားငယ်သည် တစ်နေ့လျှင် အစာနု ၅၀ ကျပ်သားပတ်လည် စားနေသင့်သည်။ နွားငယ်၏ အစာအိမ် ကောင်းစွာဖွံ့ဖြိုးမှု ရှိ မရှိကို နွားငယ်သည် နွားကြီးများကဲ့သို့ စားမြုံပြန်နေမှု ရှိ မရှိ စစ်ကြည့်ရမည်။ အစာအိမ်ဖွံ့ဖြိုးမှု ကောင်းမှသာ သားခွဲပြီးနောက် အစာပြောင်းလဲမှုသည် နွားကလေးအပေါ် သက်ရောက်မှု ကြီးကြီးမားမား မဖြစ်နိုင်ပေ။
    ၁၀၀ ကီလိုဂရမ် ရှိသော နွားငယ်သည် တစ်နေ့လျှင် နွားနို့ ၃ပိဿာထက် ပိုသောက်နိုင်ပြီး ပိုတိုက်မည်ဆိုပါက ပိုပြီးမြန်မြန်ကြီးထွားနိုင်သည်။ သို့သော် နွားငယ်ကို အနည်းငယ် ဗိုက်ဆာနေအောင်ထားပြီး အစာစိမ်း၊ အစာနု စသော အစိုင်အခဲ အစာများကို ပိုစားလာအောင် တွန်းအားပေးရမည်။ ဤအချက်ကြောင့်ပင် နွားငယ်များကို ၃ပိဿာထက် ပိုသောက်နိုင်လျှင်တောင်မှ ၃ ပိဿာပဲ ပုံမှန်တိုက်သင့်ကြောင်း အကြံပေးရခြင်း ဖြစ်သည်။
    သားမခွဲခင် နွားငယ်ကို သတ်မှတ်ထားသည့် ကိုယ်အလေးချိန် ၁၀၀ ကီလိုဂရမ် ပတ်လည် ရှိ/မရှိ စစ်ဆေးရမည်။ ကိုယ်အလေးချိန်တိုင်း တိပ်ကြိုး သို့မဟုတ် ကတ္တားကို အသုံးပြုနိုင်သည်။ မျိုးရိုးအရ အရွယ်ငယ်သော နွားငယ်ဖြစ်လျှင် ၉၀ ကီလိုဂရမ်ကျော်လျှင် အဆင်ပြေပါသည်။ သားခွဲချိန်စောပြီး သတ်မှတ်ကိုယ်အလေးချိန်မရှိသည့် နွားငယ်သည် သားခွဲပြီးနောက်တွင် နေမကောင်းဖြစ်လွယ်ခြင်း ကြီးထွားနှုန်းနှေးခြင်းများ ဖြစ်တတ်သည်။ အသက် ၃ လရောက်သော်လည်း သားခွဲချိန်တွင် ရှိရမည့် ကိုယ်အလေးချိန်မရှိသေးလျှင် ကိုယ်အလေးချိန်ပြည့်အောင် ဂရုစိုက်ကျွေးပြီးမှ သားခွဲ/ နို့ဖြတ်သင့်သည်။
    သားခွဲချိန်တွင် နွားကလေးတွင် နားကပ်နံပါတ်ပြား ရှိနေပြီးဖြစ်ရမည်။ သန်ချဆေးကျွေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံမှုများ သေချာလုပ်ဆောင်ရမည်။ နွားကလေးခြံတစ်ခြံထဲတွင် အရွယ်တူနွားကလေးများသာ ထားရမည်။ နို့ဖြတ်ပြီးသည်နှင့် နွားငယ်ကို သန့်ရှင်းအေးမြသောရေ၊ စဉ်းထားသော အစာစိမ်း၊ အစာနုတို့ကို အမြဲစားနိုင်အောင် ထားရှိပေးရမည်။ သားခွဲခြင်းသည် နွားငယ်အတွက် စိတ်ဖိစီးမှု ဖြစ်နိုင်သော်လည်း ၎င်း၏ အစာအိမ်သည် အစိုင်အခဲအစာများကို စားနိုင်ဖို့ အဆင်သင့်ဖြစ်နေလျှင် မကြာခင် အဆင်ပြေသွားမည်ဖြစ်သည်။
MDEP

Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်