ထရိုင်ကိုဒါးမား ဆိုတာ ဘာလဲ

27/11/2019 15:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ထရိုင်ကိုဒါးမားဆိုတာကတော့  အပင်တွေကို ရောဂါမဖြစ်စေတဲ့  မှိုမျိုးစိတ်ဖြစ်ပြီးတော့ အပင်တွေနဲ့ ပူးပေါင်းပြီး နေထိုင်ကြီးထွားနိုင်ပါတယ်။ အစိမ်းရောင်ရှိတဲ့ အဲ့ဒီထရိုင်ကိုဒါးမားမှိုလေးတွေကိုဆိုရင် အပင်ကြီးထွားဖို့အတွက် လှုံ့ဆော်ပေးတဲ့ သက်ရှိတစ်ခုအဖြစ်၊ ရောဂါကို တိုက်ခိုက်နိုင်တဲ့ သက်ရှိတစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။ 

အဲ့လိုအချက်တွေကြောင့် ထရိုင်ကိုဒါးမားမှိုလေးတွေကို ဇီဝနည်းအားဖြင့် ထိန်းချုပ်၍ ထုတ်လုပ်ကြပြီးတော့ တစ်ကမ္ဘာလုံးမှာ သုံးစွဲနေကြပြီဖြစ်ပါတယ်။ အများဆုံးသုံးတဲ့ မျိုးစိတ်တွေက

(၁) Trichoderma harzianum

(၂) Trichoderma viride

(၃) Trichoderma atroviride

အဲ့ (၃)မျိုးဖြစ်ပါတယ်။ 

ဒါဆိုရင် ထရိုင်ကိုဒါးမားတွေက ဘယ်နေရာမှာ ဘယ်လိုတွေ့နိုင်လဲဆိုတာကို ကြည့်ရအောင်

ထရိုင်ကိုဒါးမား မျိုးစိတ်တွေဟာ မတူညီကွဲပြားတဲ့ အလေ့အကျင့်တွေရှိတဲ့ မြေအမျိုးအစားတော်တော်များများမှာ တွေ့ရတာ ဖြစ်ပါတယ်။ မြေကြီးတင်မက ဆွေးနေတဲ့သစ်သားတွေ၊ မြေဆွေးတွေ၊ အမြစ်တွေနဲ့ မြေကြီးနားကပ်နေတဲ့ အပင်အစိတ်အပိုင်းလေးတွေမှာ တွေ့ရပါတယ်။  အပင်တွေမှာ ကပ်ပါးအဖြစ် ကပ်တွယ်နေပြီးတော့မှ အပင်တွေကို ထိခိုက်မှုလည်း မရှိစေပါဘူး။ သူတို့က တစ်ခြားအဏုဇီဝသက်ရှိတွေနဲ့ တူတူနေထိုင်ပြီးတော့ မျိုးပွားနိုင်ပါတယ်တဲ့။ 

အပင်တွေကို ဘယ်လိုကာကွယ်ပေးတာလဲ၊ 

တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သောနည်းအားဖြင့်သော်လည်းကောင်း မှိုတွေ နဲ့ ရောဂါဖြစ်စေတတ်တဲ့ သက်ရှိတွေကို ဇီဝနည်းအားဖြင့် ကာကွယ်ပေးပါတယ်။ မှိုတွေ အပင်တွေမှာလာကပ်ရင် ထရိုင်ကိုဒါးမားတွေက အဲ့မှိုတွေကို အဆိပ်အတောက်ဖြစ်စေပြီးတော့ တစ်ခြားမှိုတွေရဲ့ မှိုမျှင်တွေကိုသေစေပါတယ်။ အဲ့ဒါက တစ်နည်းပါ။ 

ဒုတိယနည်းကျတော့ အပင်တွေကို အနှောက်အယှက်ဖြစ်စေမဲ့ မှိုတွေကို ထရိုင်ကိုဒါးမားတွေက ဝန်းရံပြီးတော့ ကပ်ပါးအဖြစ်တွယ်ကပ်လိုက်တာပါ။ နေရာလုတဲ့ သဘောပါ။ လုရင်းနဲ့ အပင်တွေကို ထိခိုက်စေတဲ့ မှိုတွေကိုလည်း တိုက်ခိုက်ပါတယ်။ 

သွယ်ဝိုက်တဲ့ နည်းအားဖြင့် တိုက်ခိုက်တယ်ဆိုရင်တော့ နေရာလုတယ်။ အာဟာရတွေ ယှဉ်ပြိုင်ပြီးတော့ စုပ်ယူပြီးတော့ ပြိုင်ဘက်ကို အားယုတ်လျော့စေပြီး အပင်ကိုတိုက်ခိုက်တာတွေကို လျော့ချစေပါတယ်။ ထရိုင်ကိုဒါးမားက ဘယ်ပတ်ဝန်းကျင်အခြေအနေမှာပဲဖြစ်ဖြစ် ရှင်သန်အားကောင်းတယ်၊ ကြီးထွားမှု မြန်တယ်၊ ယှဉ်ပြိုင်မှု အားကောင်းတယ်။ အဲ့အချက်တွေကြောင့် ထရိုင်ကိုဒါးမားကို ဇီဝနည်းအားဖြင့် တိုက်ခိုက်တဲ့နေရာမှာ သုံးတာဖြစ်ပါတယ်။ 

အသက်ရှိ ထရိုင်ကိုဒါးမားမှိုလေးတွေရဲ့ အကျိုးကျေးဇူး

ထရိုင်ကိုဒါးမားမှိုလေးတွေကို စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အသုံးပြုနေကြတာကြာပါပြီ။ ကြာဆို သူတို့ကလည်း မြေကြီးထဲမှာပဲနေကြတာကိုး။ စစချင်းကတော့ သူတို့နေတဲ့နေရာမှာ ပေါများနေလို့ ကိုယ်တွေက ထပ်ထည့်စရာမလိုဘူးလေ။ ခုတော့ မြေကပျက် ရာသီဥတုကမကောင်း ဘာဘာညာညာနဲ့ စိုက်ရေးပျိုးရေးက မကောင်းတော့ကျ  ပြင်တာဆင်တာတွေ လုပ်လာရတာပေါ့။ မြေထဲမှာ ထရိုင်ကိုဒါးမားတွေသာ ရှိနေရင် ဘာတွေဖြစ်မလဲဆိုတော့

၁။ အပင်တွေကနေ အာဟာရတွေကို ပိုရမယ်။ ရေတွေလည်း ပိုပြီးစုပ်ယူနိုင်ပါတယ်။

၂။ အပင်တွေမှာ အစာချက်လုပ်မှုကိုပိုကောင်းစေတာကြောင့်မို့ အပင်တွေက ပိုမိုသန်မာကြီးထွားစေတာပေါ့

၃။ အပင်တွေကြီးထွားဖို့ အားပေးတဲ့ ဟော်မုန်းတွေကိုလည်း ထောက်ပံ့ပေးပါတယ်။ 

၄။ မြေသြဇာတွေ သုံးရတာကိုလည်း လျော့ကျစေပါတယ်။

၅။ အထွက်နှုန်းကို တိုးတက်ကောင်းမွန်စေပါတယ်။

၆။ ရေငတ်တာလိုမျိုး အပင်တွေမှာ ကျတတ်တဲ့ ဖိအားတွေကိုလည်း ခံနိုင်ရည်ရှိစေပါတယ်။

၇။ သိသာထင်ရှားတဲ့ အချက်ကတော့ အပင်အမြစ်တွေက ပွားများပြီး အမြစ်နက်နက် ပိုဆင်းပါတယ်။

၈။ ရောဂါတွေကို ထိန်းချုပ်နိုင်စေပါတယ်။ အထူးသဖြင့် မှိုတွေကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေကိုပေါ့။

၉။ မြေကြီးကို သန့်စင်ပေးပါတယ်။ မြေသားက ပိုးသတ်ဆေး ပေါင်းသတ်ဆေးတွေကြောင့် ညစ်ညမ်းနေတယ်ဆိုရင် ထရိုင်ကိုဒါးမားကို ထည့်ပေးလိုက်တာနဲ့တင် မြေသားထဲက ဆွေးမြေ့ဖို့ကြာတဲ့ ပစ္စည်းတွေ ပိုမြန်မြန်ဆွေးစေပြီးတော့ မြေသားကို ပြန်လည်ကောင်းမွန်စေနိုင်တဲ့ အာနိသင်ရှိပါတယ်။ 

ကဲ ဒီလောက်ဆိုရင်တော့ ထရိုင်ကိုဒါးမားကို ဘယ်လိုသုံးနေလဲ ဆိုတာကို သိလောက်ပြီ ထင်ပါတယ်နော်။ 

ထွန်းဝင်းကျော်

https://www.wineland.co.za/what-is-trichoderma/


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်