မြန်မာနိုင်ငံမှ လက်ဖက်စိမ်းကို ဘာကြောင့်ဝယ်သင့်တာလဲ?

24/08/2020 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

    မြန်မာ့လက်ဖက်စိမ်းကို ရာသီဥတုကောင်းမွန်ပြီး ရေစီးရေလာကောင်းမွန်သည့် တောင်ကုန်းတောင်စောင်းဒေသများတွင်  စိုက်ပျိုးလျှက်ရှိသည်။ 

    “လက်ဖက်ကောင်းစားချင်လျှင် ပလောင်( လက်ဖက်စိုက်ပျိုးသော ဒေသခံ တိုင်းရင်းသား)တောင်တက်နှေးရမည်” ဟုသော ရှေးဟောင်းဆိုရိုးပင် ရှိပေသည်။ အရည်အသွေးပြည့်ဝသော လက်ဖက်ကောင်းစားချင်ပါက  အချိန်ယူစိုက်ပျိုးရမည်ဟု ဆိုလိုပါသည်။ လက်ဖက်ကိုစိုက်ပျိုးရာတွင် ဓာတုဆေးဝါးများနှင့် ဘေးထွက်ဆိုးကျိုးဖြစ်စေသောပစ္စည်းများကို မသုံးဘဲ စိုက်ပျိုးလေ့ရှိပါသည်။ လက်ဖက်ပြုပြင်ထုတ်လုပ်သူများက လက်ဖက်စိုက်ပျိုးသူများကို သဘာဝမြေဩဇာနှင့်စိုက်ပျိုးကြောင်း ထောက်ခံချက်ရရှိရန် လိုအပ်သည့်အရာများကို ကူညီပေးကြသည်။ လက်ဖက်ထုတ်လုပ်သည့်ရွာများကို လိုအပ်သောပစ္စည်းများပေးခြင်း၊ စာသင်ကျောင်းများအတွက် ပညာရေးအကူအညီများပေးခြင်းများလည်း ရှိပါသည်။

    မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လက်ဖက်စိုက်ပျိုးမှု အစောဆုံးနိုင်ငံထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ အနှစ်တစ်ထောင်ကျော်သက်တမ်းရှိသော ပထမဆုံး လက်ဖက်ပင်သည် ရှမ်းပြည်နယ်မြောက်ပိုင်း လွယ်ဆိုင်းတောင်တွင် ယခုအထိရှိနေပါသည်။ အခြားသက်တမ်းရှည်ကြာသော လက်ဖက်ပင်များသည်လည်း မြန်မာနိုင်ငံ၏ လက်ဖက်သမိုင်းကို အထင်အရှားပြသနေပါသည်။

မြန်မာ့လက်ဖက်ပြည်ပသို့တင်ပို့မှုကဏ္ဍ

    မြန်မာ့လက်ဖက်စိုက်ပျိုးမှု၏ ၈၀ ရာခိုင်နှုန်းကျော်အား ပင်လယ်ရေမျက်နှာပင်အထက် အနည်းဆုံး မီတာ(၁၅၀၀)ရှိသည့် ရှမ်းပြည်နယ်တွင် စိုက်ပျိုးကြသည်။ ထွက်ရှိသော လက်ဖက်၏ (၁၅ မှ ၂၀) ရာခိုင်နှုန်းကို အချဉ်ဖောက်ရန် (လက်ဖက်နှပ်) အသုံးပြုသည်။ အချဉ်ဖောက်လက်ဖက်သည် ဓာတ်ပြုမှု ချေဖျက်ပစ္စည်း မြင့်မားစွာပါဝင်မှုကြောင့် ကျန်းမာရေးနှင့်ကိုက်ညီသည့် ရိုးရာအစားအစာတစ်ခုဖြစ်သည်။

    ရှေးအစဉ်အဆက်က နှပ်ထားသောမြန်မာ့လက်ဖက်ကို နန်းတွင်သဘင်အခမ်းအနားများတွင် ငြိမ်းချမ်းရေးသင်္ကတေအဖြစ် ဧည့်ခံလေ့ရှိခဲ့ကြသည်။

    ယနေ့ခေတ်တွင် လက်ဖက်ကို မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် စားသုံးနေကြပြီး ကျန်းမာရေးနှင့်ကိုက်ညီမှုများကြောင့် နိုင်ငံ့ဂုဏ်ကျက်သရေအဖြစ် အမွှန်းတင်ခြင်းခံနေရသည်။ လက်ရှိတွင် ကုမ္ပဏီပေါင်း ၈၀ ခန့်က လက်ဖက်စိမ်းကို ပြည်ပသို့တင်ပို့ရေးကို လုပ်ဆောင်နေကြပါသည်။ အထူးသ ဖြင့် ဂျပန်၊ မလေးရှားနှင့် စင်ကာပူနိုင်ငံများအား တင်ပို့လျှက်ရှိသည်။ ဥရောပနိုင်ငံများမှလည်း မြန်မာ့လက်ဖက်စိမ်းကို ဝယ်ယူရန် စိတ်ဝင်စားလျှက်ရှိသည်။

မြန်မာ့လက်ဖက်စိုနှပ်

    မြန်မာ့လက်ဖက်စိုနှပ်တွင် ဓာတ်ပြုမှုကိုချေဖျက်သော ပစ္စည်းများစွာပါဝင်သောကြောင့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများစွာပါဝင်ပေသည်။ လက်ဖက်စိုနှပ်သည် လက်ဖက်စိမ်းကို ဆား/ရေတို့ဖြင့် ရောနှောအချဉ်ဖောက်သော ရိုးရှင်းသည့် သဘာဝနည်းလမ်းဖြစ်သည်။ လက်ဖက်နှပ်တွင် အစာအိမ်နှင့် အူလမ်းကြောင်းကို အထောက်အကူပြုသော ပိုလီဖီနောနှင့် ပရိုဘိုင်အိုးတစ်ပါဝင်မှု မြင့်မားပေသည်။

မြန်မာနိုင်ငံမှ လက်ဖက်စို/လက်ဖက်စိုနှပ် ဘာကြောင့် ဝယ်ယူသင့်သလဲ?

    လက်ဖက်သည် ကျန်းမာရေးအထောက်အကူပြု ထိပ်တန်းဓာတ်စာအသစ်အဆန်းအဖြစ် ဥရောပစျေးကွက်တွင် နေရာရရှိနိုင်ပါသည်။

    ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများဖြစ်သော ပိုလီဖီနောပမာဏ မြင့်မားစွာ ပါဝင်ပါသည်။ လက်ဖက်နှပ်တွင် လက်ဖက်စိမ်းရွက်ထက် ဇီဝအထောက်အကူပြုပစ္စည်းပမာဏ(၂)ဆ ပိုမို ပါဝင်ပါသည်။

    လက်ဖက်နှပ်ရာတွင် ပေါက်ဖွားလာသော ဘက်တီးရီးယား(၆)မျိုးသည် အစာခြေစနစ်ကို အထောက်အကူပြုပြီး သည်းခြေရည်နှင့် ချွဲ၊ သလိပ်တို့ထွက်ရှိမှုကို ထိန်းညှိပေးပါသည်။

Source - စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်