ဖြေကြားချက် ၂ ခု
၆။ ဘက်တီးရီးယားရွက်ပြောက်ရောဂါ/ဆီစွန်းရောဂါ/ရိုးမဲဆစ်ပြုတ်ရောဂါ (BACTERIAL LEAF SPOT) ဤရောဂါသည် Bacterium betle ကြောင့် ဖြစ်ပါသည်။ ကွမ်းပင်တွင် ကျရောက်လေ့ရှိသော ရောဂါဖြစ်သည်။ မှိုကြောင့်မဟုတ်ဘဲ ဘက်တီးရီးယားကြောင့် ဖြစ်သောရောဂါ ဖြစ်သည်။ ရိုးမဲဆစ်ပြုတ်ရောဂါဟု လူသိများသည်။ မြေစေး၍ရေဝပ်သောမြေမျိုးတွင် ဆိုးရွားစွာ ကျရောက်လေ့ ရှိသည်။ နိုက်ထရိုဂျင် လွန်ကဲသော ကွမ်းခြံများတွင် ဖြစ်လေ့ဖြစ်ထရှိသည်။ အပင်စိုက်ပျိုးချိန်မှ အရွက်ခူးချိန်အထိ ကျရောက် ပျက်စီးလေ့ရှိသည်။ ရောဂါကူးစပ်ပုံ ပင်ကြွင်းပင်ကျန်များမှတစ်ဆင့် ကူးစက်တတ်ကြသည်။ ရောဂါရ ပင်ကြွင်းပင်ကျန်များကို သယ်ယူထုတ်ပစ်သူများ ခြံအတွင်း ပြန်လည်ဝင်ရောက်ရာမှလည်း ကူးစက်တတ်သည်။ များသောအားဖြင့် ခြံများတွင် လုပ်ကိုင်တတ်သောသူများမှ ကူးစက်မှုများသည်။ မိုးရာသီတွင် မိုးရေထိမှန်၍ တစ်ရွက်မှ တစ်ရွက်၊ တစ်ပင်မှတစ်ပင်၊ တစ်ရုံမှ တစ်ရုံ ကူးစက်တတ်သည်။ ကာကွယ်နှိမ်နင်းပုံ ၁။ ရောဂါရ ပင်ကြွင်း၊ ပင်ကျန်များကို စုပုံမီးရှို့ခြင်း၊ မြေမြှုပ်ခြင်း ပြုလုပ်ပေးပါ။ ၂။ ခြံတွင်း သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ပေးပါ။ ၃။ ကွမ်းပင်များ ရုံဖြစ်လာပါကလေဝင်လေထွက် ကောင်းအောင်ဆောင်ရွက်ပါ။ ၄။ ဘောင်ကြားရေသွင်းခြင်း၊ အစက်ချရေသွင်းခြင်းသည် ရေထမ်းပုံးနှင့် ရေပက်ဖျန်းခြင်းထက် ပို၍ ကောင်းသည်။ ၅။ မြေပြုပြင်စဉ်က ဘော်ဒိုးဆေး (၅း၅း၅၀) ကို ဖျန်းပုံးနှင့် လောင်းပေးခြင်း ပြုလုပ်ပေးပါ။ ၆။ ဘော်ဒိုးဆေး (၂း၂း၅၀) ကို အပင်တွင် ပက်ဖျန်းပေးပါ။ ကိုးကား- စိုက်ပျိုးရေး ဦးစီးဌာန ဆက်စပ်ဆောင်းပါးများ ရောဂါလေလား ပိုးလေလား ပိုးမွှားရောဂါ ပိုးသတ်ဆေးကို အန္တရာယ်ကင်းစွာ အသုံးပြုနည်း (Video) ပိုးမွှားရောဂါ တောင်သူများအတွက် အသုံးဝင်ပြီး ကုန်ကျစရိတ် သက်သာစေမည့် ဘော်ဒိုဆေးရည် ပြုလုပ်နည်း ပိုးမွှားရောဂါ တခြားရောဂါအကြောင်းတွေကိုတော့ ကွမ်းပင်တွင် ကျရောက်တတ်သောရောဂါများ မှာ ဆက်လေ့လာလို့ရပါတယ်။
ခရမ်းချဥ်
ဆက်စပ်မေးခွန်းများ
ကွမ်းရောဂါအကြောင်းသိချင်လို့ပါ
ဖြေကြားချက် 2 ခု
ရောဂါအကြောင်းသိချင်လို့ပါ
ဖြေကြားချက် 3 ခု
ကွမ်းရောဂါကင်းအောင်စိုက်ပျိုးနည်း
ဖြေကြားချက် 3 ခု
ရောဂါ ဖစ်pသားခြံ ကိုဖျက်၍ တစ်လ ကြာမှ အမိုးအကာ တိုင် ပြန်သုံးမယ် မြေ နေရာလဲပန်စိုက်ရန်သင့်တော်ပါ့ရဲ့လားဗျ မြေ...
ဖြေကြားချက် 5 ခု
ကွမ်းညွှန့်အမျိုးအစား ဘယ်နှမျိုးရှိလဲသိချင်ပါတယ် နောက်ပြီးဘယ်မျိုးကအကောင်းဆုံးလဲ။ ဥပမာ၊ ရိုးစိမ်း၊ ရိုးနီ အဲ့...
ဖြေကြားချက် 0 ခု