အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,334
လွန်ခဲ့သော ၆ နှစ် က · ပုလဲ

လွှစာမှုန့် လှည်းကပ်တစ်စီးစာတော့ရပြီ အဲ့ဒါတွေကို မြေဆွေးလုပ်ဖို့ နောက်ထပ်ဘာ‌ေတွစု‌ေဆာင်းရအုံးမလဲ ဘယ်လိုတွေလုပ်...

လွှစာမှုန့် လှည်းကပ်တစ်စီးစာတော့ရပြီ အဲ့ဒါတွေကို မြေဆွေးလုပ်ဖို့ နောက်ထပ်ဘာ‌ေတွစု‌ေဆာင်းရအုံးမလဲ ဘယ်လိုတွေလုပ်ရမလဲ လမ်းညွှန်ကြပါအုံးဗျ

မြေဆီလွှာ နှင်းဆီ
Post image
8

ဖြေကြားချက် ၈ ခု

1,627 လွန်ခဲ့သော ၆ နှစ် က

အီးအမ်ကိုဘယ်လိုလုပ်ရတာလဲခင်ဗျ

1,334 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့ ကျေးဇူးပါဦးရေ အခုလိုပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက်ပါခင်ဗျာ တစ်ဆက်တည်း ဒီ လွှစာမှုန့် လှည်းကပ်တစ်စီးစာမှာ ထည့်ရမည့်အီးအမ်အချိုးအစားလေးနဲ့ လုပ်ထုံးလုပ်နည်းလေးပါ ရှင်းပြပေးဖို့ တောင်းဆိုပါရစေအုံးခင်ဗျ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

မြေဆီလွှာ ဓာတ်ဂုဏ်သတ္တိကောင်းမွန်ရန်မှာ လွှစာမှုန့်က အဓိကမကျပါခင်ဗျာ။အပင်အတွက်အာဟာရသိတ်မရရှိနိုင်လို့ပါ။ရုပ်ဂုဏ်သတ္တိအတွက်ဆိုရင်တော့လိုအပ်ပါတယ်။အစိုဓာတ်ပိုထိမ်းနိုင်တယ်..ရေစိမ့်ဝင်မှုကောင်းတယ်..စေးတဲ့မြေကိုဖွယ်စေပါတယ်။အလွန်အကျွံမသုံးစွဲသင့်ပါ။နွားချေး,မြေဆွေး,ဖွဲနု,ပဲဖတ်/နှမ်ဖတ်,သစ်ရွက်ဆွေးများနဲ့ရောပြီးမြေဆွေးပြုလုပ်သုံးစွဲသင့်ပါတယ်။ပဲမှော်/နှမ်းမှော်,စက်ဖွဲပြာတွေသုံးစွဲသင့်ပါတယ်။(လွှစာမှုန့်ကမဆွေးလွယ်ပါခင်ဗျာ.ဆွေးအောင်ဆိုရင် ပုလဲ သို့မဟုတ် အီးအမ်ထည့်ပေးရပါတယ်)

1,334 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါ လေဝင်လေထွက်ကောင်းမှ အဆွေးမြန်မယ်လို့လည်း မှတ်သားဖူးတော့ ကျင်းတူးပြီးလုပ်ဖို့ကဇဝေဇဝါဖြစ်နေလို့မေးကြည့်တာပါ ခုထိတော့ မရှင်းမရှင်းအနေအထားပါပဲ အမရေ????

100,154 လွန်ခဲ့သော ၆ နှစ် က

ရပါတယ် ကျင်းလေးတူးပြီး အိမ်နားဝန်းကျင်မှာရှိတဲ့ သစ်ရွက်ခြောက်တွေ စားဖိုဆောင်ပစ္စည်းတွေ လွှစာမှုန့်တွေ အသားငါးအရည်တွေ အဖက်တွေ နွာချေးတွေ ကြက်ချေးတွေ အဲ့လိုမျိုးကို အကုန် တစ်လွှာစီ ထပ်ပေးရမယ် တစ်လွှာစီမှာ နွားချေးထည့်ပေးပါ ပြီးရင်တစ်လွှာချင်းစီကို ရေစိုနေအောင်လောင်းပေးရပါမယ် အမြန်ဆွေးဖို့ အသားငါးအပုပ်တွေ အကောင်ပုပ်တွေက ကူပေးပါတယ် ပြီးရင်တော့ ပလပ်စတစ် နဲ့ အုပ်ထားပေးရပါမယ် ၃ရက်လောက်ကြာရင်တစ်ခါ အထက်အောက် လှန်လှန်ပေးပါ အချိုးအဆကတော့ ကိုယ်ကြိုက်သလိုထည့်ပေးပါ

1,334 လွန်ခဲ့သော ၆ နှစ် က

ဘိုကာရှီမလုပ်ပဲ လွှစာမှုန့်အဓိကသုံးတဲ့ ရိုးရိူးသစ်‌ေဆွးမြေဩဇာအဖြစ်ပဲ လုပ်ရင်ကော မရနိုင်ဘူးလားဗျ

1,334 လွန်ခဲ့သော ၆ နှစ် က

စာထဲကပါတဲ့အချိုးအစားအရ‌လွှစာဒီတစ်ပုံလုံးစာဆိုရင် ဖွဲနု လိုအပ်ချက် မနည်းဘူးပဲ

100,154 လွန်ခဲ့သော ၆ နှစ် က

လွှစာဘိုကာရှီပြုလုပ်နည်း ဒီစာလေးကို နှိပ်ပြီး ဒီlinkထဲမှာ ဝင်ရောက် လေ့လာကြည့်ပါရှင့်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။