ခဝဲသီးကင်းပါတဲ့အပွင့်တွေ ဝါပြီးခြောက်ခြောက်သွားတယ်ဗျ ဘာဖြစ်တာလည်း ဘယ်လိုလုပ်ရမလည်း ဆရာ/ဆရာမတို့
ကျေးဇူးပါဗျာ
သီးကင်းမပါတဲ့အပွင့်တွေကို မချွေပစ်ပါနဲ့။မချွေတဲ့အတွက် အသီးတင်နေတဲ့ သီးကင်းတွေအတွက် အားမနဲပါဘူးခင်ဗျာ။ဘာလို့လဲဆိုတော့ အပွင့်များများ ပွင့်ခြင်းက ဝတ်မှုံကူးမှု အားကောင်းစေပြီး အသီးတင်အား ကောင်းစေတာကြောင့်ပါ။ဟုတ်ကဲ့ပါအကိုရေ့ နောက်လည်းစိုက်ပျိုးရေးနဲ့ပါတ်သက်ပြီး အခက်အခဲတစ်စုံတစ်ရာရှိပါက မေးမြန်းနိုင်ပါတယ်နော်။
နောက်တခု မေးပါရစေဗျ သီးကင်းမပါတဲ့အပွင့်တွေကို ချွေပစ်လို့ရသလားဗျ အဲ့အပွင့်တွေက အခိုင်လိုက်ကြီးပွင့်ပြီးဘာသီးမှ မပါတော့ သီးကင်းမှာ အားနည်းနေမလား တွေးမိလို့ပါ
ကျေးဇူးပါ
အမျိုးမျိုးဖြစ်နိုင်ပါတယ်။ရာသီဥတု ပူပြင်းလွန်းတဲ့အခါမှာလည်း ဖြစ်တက်ပါတယ်။အာဟာရချို့တဲ့မှုနှင့်ရေလိုအပ်ချက်ကြောင့်လည်း ဖြစ်တက်ပါတယ်။နောက် အနဲလိုအာဟာရချို့တဲ့ခြင်း အထူးသဖြင့် ကယ်လ်ဆီယမ် ချို့တဲ့ခြင်းကြောင့်လည်း ဖြစ်တက်ပါတယ်။ပိုးကြောင့်လည်း(လှေး)ဖြစ်နိုင်ပါတယ်။ဒါကြောင့်ခဝဲပန်းပွင့်ခါနီးအချိန်ကထဲက ၁၅ ပါတ်လည်(or)နောက်အချိုးများတဲ့မြေဆီကိုဂျပ်ပဆင်ကျောက်မှုန့်နှင့်ရောကျွေးပါ။ရေကိုကောင်းစွာထောက်ပံ့ပေးပါ။ရေမဝပ်စေပါနဲ့။ပန်းပွင့်ချိန်နှင့်သီးကင်းဝင်ချိန်တိုတွင် (NPK) ရွက်ဖျန်းနှင့်အနဲလိုရွက်ဖျန်းအားဆေး(၂-၃)ကြိမ်ဖျန်းပေးပါ။နောက် ပန်းပွင့်ခါနီးအချိန်ကထဲက ပင်လုံးပြန့်ပိုးသတ်ဆေးဖြင့် စုပ်စားပိုးကျရောက်မှုမရှိအောင် ကြိုတင်ကာကွယ်ထားပေးပါ။
ဆက်စပ်မေးခွန်းများ
ဂေါ်ရခါးပင်က ဘယ်ဒေသမှာဖြစ်ထွန်းလဲ
ဖြေကြားချက် 3 ခု
ဂေါ်ရခါးညွှန့်အတွက်ဆိုရင်ဘယ်လိုစိုက်ပျိုးရမယ်ဆိုတာသိချင်ပါတယ်ရှင့်ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်
ဖြေကြားချက် 1 ခု
အိမ်ကခြံအလွတ်မှာအပင်စိုက်ချင်တာ ကြက်မြေတွေဆိုတော့တစ်ချို့ကမြေမကောင်းဘူးပြောတယ်ဘယ်လိုစိုက်ရမလဲအကြံလေးပေးပါဦး
ဖြေကြားချက် 0 ခု
ဂေါ်ရခါးအပင်အရိုးများကွဲပြိးအရွတ်များဝါလာပါသဖြင့်လိုအပ်ချက်များပြောကြားပေးပါခင်ဗျာ
ဖြေကြားချက် 1 ခု
ဟင်းသီးဟင်းရွက်စိုက်နည်း
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။